Saturday, February 15, 2014

ဒေါ်စု သမ္မတ ဖြစ်ရေး ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များ ဗြိတိန်စစ်ဘက်နှင့် ဆွေးနွေးခဲ့ ဟု ဆို

Friday, February 14, 2014
ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ် ၁ နာရီ က ပြည်သူ့လွှတ်တော် ၀င်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေး ချမ်းရေး ကော်မတီဆောင် I-12 တွင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား

 Nicky Bray, Air Commodore (UK 
OF 6) မှ လာရောက်တွေ့ဆုံရာ 
၂၀၁၅ တွင် သမ္မတရာထူး ရရှိနိုင်ရေး

 မည်သို့ ကူညီဆောင်ရွက်နိုင်မည် ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။တရားဥပဒေစိုးမိုးရေးနှ င့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရန် မြန်မာ့တပ်မတော်အား နားချနိုင်ရေး ဗြိတိန်နိုင်ငံက အရှိန်မြှင့်တင်ဆောင်ရွက်ပေးမည့် အခြေအနေများကို မေးမြန်းခဲ့ပြီး ဗြိတိန်တပ်မတော်က မြန်မာ့တပ်မတော်သည့် ကိုလိုနီ လက်အောက်ခံ ဖြစ်၍ စည်းမျဉ်းစည်းကမ်းများမှာ ယင်းတို့ ချပေးခဲ့သည့်အတိုင်းသာဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တပည့် ဟု ဆိုလျှင် ရနိုင်ကြောင်း၊ သို့သော် လက်ရှိအနေအထား တွင် ဒေါ်အောင် ဆန်း စုကြည်သည် တပ်မတော်ကို ခေါင်းဆောင်မှုပေးနိုင်သည် ကို ပေါ်လွင်ထင် ရှားစေရန် ဗြိတိန် တပ်မတော်က ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာ့ တပ်မတော်အရာရှိများကို ဗြိတိန်တွင် လေ့လာရေးခရီးများ ခေါ်ယူပြီး နားချနိုင်ရန် ကြိုးစား မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မ တီအတွင်းရေးမှူးက ပြောဆိုသည်။

"စစ်ဘက်ခေါင်းဆောင်တွေ ကျွန်တော်တို့ ဥက္ကဌကို လာတွေ့တယ် ဆိုတာက အကြောင်းမဲ့တော့ ဘယ်ဟုတ်ပါ့မလဲ။ သမ္မတ ဖြစ်ဖို့ ဘာတွေ ကူညီပေးရမလဲ ဆိုတာကို လာပြောတာ၊ ဥက္ကဌ သားတွေ ကိုလည်း ဗြိတိန်အစိုးရက အထူးဂရုစိုက်ကြောင်းလည်း ပြောသွားသေးတယ်" ဟု ၄င်းက ပြောဆို သည်။(apmuf

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမူ ဤသည် မှာ မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် သဘောထားနေခြင်း ဖြစ်သည် ဟု ခံစားမိကြောင်း၊ ပြည်ပ စစ် တပ်များက မိမိတို့ စစ်တပ်ကို လွှမ်းမိုးနိုင်ရန် ဤသို့ ၄င်း၏နိုင်ငံသားများမှ တစ်ဆင့် ဆောင် ရွက်နေခြင်း သည် အန္တရာယ်ကြီးမားကြောင်း၊ အကယ်၍ ဒေါ်စုသာ သမ္မတ ဖြစ်လာခဲ့လျှင် စစ်ရေး၊   နိုင်ငံလုံခြုံရေးကိစ္စများ၌ ယခုကဲ့သို့ သူ့နိုင်ငံအား ဆရာတင်၍ ဆောင်ရွက်လာ မည့်အရေး ကို လည်း စိုးရိမ်မိကြောင်း ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန် ကာဆီးထားသော ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်မပေးရန် နိုင်ငံတစ်ဝှမ်း မြိုကကြီးများတွင် သံဃာတော် များ နဲ့မျိုးချစ်လူငယ်မျာ မှ ဆန္ဒထုတ်ဖော်မှုမျာလည်း ရှိနေသည်။

No comments:

Post a Comment