Saturday, February 15, 2014

ထိုင်းအစိုးရ ရုံးများ ပြန်လည် ရယူရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာ တပ်ဖြန့်

ထိုင်းအစိုးရ ရုံးများ ပြန်လည် ရယူရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာ တပ်ဖြန့်
Saturday, February 15, 2014

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ သိမ်းပိုက်ထားသည့် အစိုးရ ဌာနချုပ်များနှင့် ရုံးများကို ပြန်လည် ရယူနိုင်ရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာကို သောကြာနေ့တွင် တပ်ဖြန့် ချထားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အစိုးရအိမ်တော်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အခြားသော ရုံးများကို ပြန်လည် ရယူနိုင်ရေး အစီအစဉ် ချမှတ်ထားသည်ဟု ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ပရာဒွန်က AFP သတင်းကို ပြောကြားသည်။

သို့သော်လည်း ဆန္ဒပြသမားများနှင့် ဦးစွာ ဆွေးနွေးပြီးမှ ဆက်လက် လုပ်ဆောင် သွားမည်ဟု ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ တတ်နိုင်သလောက် ပြန်ယူပါမယ်။ ဆန္ဒပြ ခေါင်းဆောင်တွေကို ဖမ်းဆီးပါမယ်။ ဆန္ဒပြမှုကို ဖိနှိပ်တာ မဟုတ်ပါဘူး။ ဆန္ဒပြမှု ဖြစ်ပွားနေတဲ့ နေရာတွေမှာ တရားဥပဒေ စိုးမိုးအောင် လုပ်တာပါ” ဟု အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲက ဆိုသည်။

လက်ရှိ ဆောင်ရွက်မည့် စစ်ဆင်ရေးမှာ အစိုးရ ရပ်ကွက်များကို အဓိက ဦးတည်ထားပုံရပြီး ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားရာ အဓိက လမ်းဆုံ လမ်းခွ နေရာများကို ဦးတည်ခြင်း မဟုတ်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ ရုံးအနီးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းနေလျက်ရှိပြီး ယင်းရုံးမှာ ဆန္ဒပြမှုများ ဖြစ်ပွားနေခြင်းကြောင့် နှစ်လကျော်ကြာ လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းနေသည်။

ဆန္ဒပြသမားများ၏ တဲများကို အဓိကရုဏ်း ရဲများက ဖယ်ရှားနေပြီး စစ်ဆင်ရေးကို ခုခံခြင်း မပြုရန် သတိပေး ပြောကြားလျက် ရှိကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားခြင်း မရှိကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ဝင်များမှာ စစ်ဆင်ရေးကို ညင်သာစွာ ကိုင်တွယ်နေပြီး အင်အား လျော့နည်းလာသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများကို သေချာ ကိုင်တွယ်နိုင်ရန် ဒီဇိုင်း ဆွဲထားပုံရကြောင်း၊ ဘန်ကောက် မြို့ပြင်ရှိ ဒေသများမှနေ၍ အဓိက ဆန္ဒပြမှုများ ဖြစ်ပွားရာ မြို့လယ် ဒေသများသို့ တဖြည်းဖြည်း ချဉ်းကပ်နေကြောင်း Rueters သတင်းတွင် ဖော်ပြထားသည်။

ထိုင်းအတိုက်အခံများက ကြီးမားသော လူထု ဆန္ဒပြပွဲများကို သုံးလကျော်ကြာ ဆက်တိုက် ကျင်းပနေပြီး ဝန်ကြီးချုပ် ယင်းလပ် ရာထူးမှ နုတ်ထွက်ပေးရန် ဖိအား ပေးနေသော်လည်း အစိုးရအဖွဲ့က လက်ရှိအချိန်ထိ ရာထူးမှ နုတ်ထွက်ခြင်း မရှိပေ။

ဆန္ဒပြမှုများ၏ ဖိအားပေးမှု သက်သာစေရန် ယင်းလပ် အစိုးရအဖွဲ့က ယခုလ အစောပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း အတိုက်အခံများက ရွေးကောက်ပွဲကိုလည်း ဆန္ဒပြထားသည်။

ယင်းကဲ့သို့သော စုဝေးမှုများမှာ တရားမဝင် စုဝေးမှု ဖြစ်ကြောင်း၊ လူစုလူဝေး နေရာများတွင် လက်နက်များ တွေ့ရှိရကြောင်း ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ပရာဒွန်က ပြောကြားသည်။

“အဲဒါတွေက အစိုးရ ရုံးတွေပါ။ အစိုးရက ပြည်သူတွေကို အလုပ်အကျွေး ပြုရမှာပါ” ဟု ၎င်းက ပြောကြားသည်။

သို့သော်လည်း အစိုးရ ဆန့်ကျင်ရေး ခေါင်းဆောင်များက သောကြာနေ့မှ စပြီး နှစ်ရက်ကြာ ဆန္ဒပြပွဲ ဆက်လက် ပြုလုပ်ရန် တောင်းဆိုထားသည်။

အကျင့်ပျက် လာဘ်စားမှု၊ မဲဝယ်မှု စသည်တို့ကို ဖြေရှင်းနိုင်ရန် ပြုပြင် ပြောင်းလဲရေး လုပ်ဆောင် ရမည် ဖြစ်ကာ ဝန်ကြီးချုပ် ယင်းလပ် အစိုးရအဖွဲ့ ရာထူးမှ နုတ်ထွက်ပေးပြီး ရွေးကောက်ခံ မဟုတ်သည့် ပြည်သူ့ကောင်စီများက ယင်းပြုပြင်ရေးများကို ဦးဆောင်ရမည်ဟု ထိုင်းအတိုက်အခံများက တောင်းဆိုထားသည်။

The Voice Weekly

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ သိမ်းပိုက်ထားသည့် အစိုးရ ဌာနချုပ်များနှင့် ရုံးများကို ပြန် လည် ရယူနိုင်ရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာကို သောကြာနေ့တွင် 
တပ်ဖြန့် ချထားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
အစိုးရအိမ်တော်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အခြားသော ရုံးများကို ပြန်လည် ရယူနိုင်ရေး 

အစီအစဉ် ချမှတ်ထားသည်ဟု ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ပရာဒွန်က AFP
သတင်းကို ပြောကြား သည်။
သို့သော်လည်း ဆန္ဒပြသမားများနှင့် ဦးစွာ ဆွေးနွေးပြီးမှ ဆက်လက် လုပ်ဆောင် သွားမည်ဟု ၎င်းက ပြောကြားသည်။
“ကျွန်တော်တို့ တတ်နိုင်သလောက် ပြန်ယူပါမယ်။ ဆန္ဒပြ ခေါင်းဆောင်တွေကို ဖမ်းဆီးပါမယ်။ ဆန္ဒပြမှုကို ဖိနှိပ်တာ မဟုတ်ပါဘူး။ ဆန္ဒပြမှု ဖြစ်ပွားနေတဲ့ နေရာတွေမှာ တရားဥပဒေ စိုးမိုးအောင် လုပ်တာပါ” ဟု အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲက ဆိုသည်။

လက်ရှိ ဆောင်ရွက်မည့် စစ်ဆင်ရေးမှာ အစိုးရ ရပ်ကွက်များကို အဓိက ဦးတည်ထားပုံရပြီး ဆန္ဒပြမှုများ အကြီးအ ကျယ် ဖြစ် ပွားရာ အဓိက လမ်းဆုံ လမ်းခွ နေရာများကို ဦးတည်ခြင်း မဟုတ်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ ရုံးအနီးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းနေလျက်ရှိပြီး ယင်းရုံးမှာ ဆန္ဒပြ မှုများ ဖြစ်ပွားနေခြင်းကြောင့် နှစ်လကျော်ကြာ လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းနေသည်။

ဆန္ဒပြသမားများ၏ တဲများကို အဓိကရုဏ်း ရဲများက ဖယ်ရှားနေပြီး စစ်ဆင်ရေးကို ခုခံခြင်း မပြုရန် သတိပေး ပြော ကြား လျက် ရှိကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားခြင်း မရှိကြောင်း AFP သတင်းတွင် ဖော်ပြ ထားသည်။

ရဲတပ်ဖွဲ့ဝင်များမှာ စစ်ဆင်ရေးကို ညင်သာစွာ ကိုင်တွယ်နေပြီး အင်အား လျော့နည်းလာသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများကို သေချာ ကိုင်တွယ်နိုင်ရန် ဒီဇိုင်း ဆွဲထားပုံရကြောင်း၊ ဘန်ကောက် မြို့ပြင်ရှိ ဒေသများမှနေ၍ အဓိက ဆန္ဒပြမှုများ ဖြစ်ပွားရာ မြို့လယ် ဒေသများသို့ တဖြည်းဖြည်း ချဉ်းကပ်နေကြောင်း Rueters သတင်းတွင် ဖော်ပြထား သည်။

ထိုင်းအတိုက်အခံများက ကြီးမားသော လူထု ဆန္ဒပြပွဲများကို သုံးလကျော်ကြာ ဆက်တိုက် ကျင်းပနေပြီး ဝန်ကြီးချုပ် ယင်းလပ် ရာထူးမှ နုတ်ထွက်ပေးရန် ဖိအား ပေးနေသော်လည်း အစိုးရအဖွဲ့က လက်ရှိအချိန်ထိရာထူးမှ နုတ်ထွက်ခြင်း  မရှိပေ။

ဆန္ဒပြမှုများ၏ ဖိအားပေးမှု သက်သာစေရန် ယင်းလပ် အစိုးရအဖွဲ့က ယခုလ အစောပိုင်းတွင် ရွေးကောက် ပွဲ ကျင်းပ ခဲ့သော်လည်း အတိုက်အခံများက ရွေးကောက်ပွဲကိုလည်း ဆန္ဒပြထားသည်။

ယင်းကဲ့သို့သော စုဝေးမှုများမှာ တရားမဝင် စုဝေးမှု ဖြစ်ကြောင်း၊ လူစုလူဝေး နေရာများတွင် လက်နက်များ တွေ့ရှိ ရကြောင်း ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ပရာဒွန်က ပြောကြား သည်။

“အဲဒါတွေက အစိုးရ ရုံးတွေပါ။ အစိုးရက ပြည်သူတွေကို အလုပ်အကျွေး ပြုရမှာပါ” ဟု ၎င်းက ပြောကြား သည်။

သို့သော်လည်း အစိုးရ ဆန့်ကျင်ရေး ခေါင်းဆောင်များက သောကြာနေ့မှ စပြီး နှစ်ရက်ကြာ ဆန္ဒပြပွဲ ဆက်လက် ပြုလုပ် ရန် တောင်းဆိုထားသည်။

အကျင့်ပျက် လာဘ်စားမှု၊ မဲဝယ်မှု စသည်တို့ကို ဖြေရှင်းနိုင်ရန် ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရမည် ဖြစ်ကာဝန်ကြီး ချုပ် ယင်းလပ် အစိုးရအဖွဲ့ ရာထူးမှ နုတ်ထွက်ပေးပြီး ရွေးကောက်ခံ မဟုတ်သည့် ပြည်သူ့ကောင်စီများက ယင်းပြုပြင်ရေးများကို ဦးဆောင်ရမည်ဟု ထိုင်းအတိုက်အခံ များက တောင်းဆိုထားသည်။

No comments:

Post a Comment