Monday, February 10, 2014

ဥပဒေနှင့် အညီ နေထိုင် လိုပါသည်”” စာတန်းပါ ဗွီနိုင်း များ (၈၈) ပါတီ မှ ကျူးကျော် များသို့ ရောင်းချ

လှိုင်သာယာ မြို့နယ်၊ စက်မှု ဇုန် (၂) ရှိ မင်းကြီး မဟာ မင်းခေါင် လမ်း တစ်လျှောက် ရှိ ကျူးကျော် အိမ် များ သို့ လှိုင်သာယာ မြို့နယ်၊ (၈၈) မျိုးဆက် ကျောင်းသား လူငယ်များ (ပြည် ထောင်စုမြန်မာနိုင်ငံ) ပါတီ မှ ““ဥပဒေနှင့် အညီ နေထိုင် လိုပါသည်”” စာတန်းပါ ဗွီနိုင်း များ အား ကျပ် (၁၅၀၀) ဖြင့် ရောင်း ချ မှုများရှိ နေ ကြောင်း ကျူးကျော် နေထိုင် သူများ ထံမှ သိရသည်။
အဆိုပါ ဗွီနိုင်းအပြည့်အစုံမှာ ““ဥပဒေ နှင့်အညီ နေထိုင်လိုပါသည်၊ နိုင်ငံသားတိုင်း သည် ပြည်ထောင် စု သမ္မတမြန်မာနိုင်ငံတော် အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေ နှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။ ဖွဲ့ စည်း ပုံအခြေခံ ဥပဒေ (၂၀၀၈)၊ ပုဒ်မ (၃၅၉)”” ဟု ပါရှိကြောင်း သိရသည်။
ကျွန်တော် တို့ ထုတ်တာ ဟုတ်ပါ တယ်။ သူတို့ အကူ အညီ တောင်းလို့ ကျွန်တော်ကိုယ် တိုင်ထုတ် တာ၊ ရောင်းစားတယ်လို့ ပြောတာ က ကျွန် တော် တို့ပါတီကို မနာလိုတဲ့သူတွေ ကပြောတာ။ (တော်တော်ချမ်းသာတယ်ထင်တယ်..ဘယ်ကပိုက်ဆံရနေလဲ)သူတို့က ဘယ်လောက် ကုန်လဲ မေး လို့ ကုန်ကျစရိတ်ကို ပြော လိုက် တာ”” ဟု (၈၈) မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင် စု မြန်မာနိုင်ငံ) ပါတီ မှ တာဝန် ရှိသူ ဦးရဲထွန်းက ပြောသည်။ အဆိုပါ စာတန်းပါ ဗွီနိုင်းကို လှိုင်သာ ယာမြို့နယ်၊ မင်းကြီး မဟာ မင်းခေါင်လမ်းတစ် လျှောက်တွင် နေထိုင်သော ကျူးကျော် အိမ် (၁၀၀၀) ခန့်၏အိမ်ရှေ့တွင် တပ်ဆင် ထားပြီး ကျူးကျော် နေထိုင် မှု အတွက် အနည်းငယ်အ ကာအ ကွယ်ရမည်ဟု မျှော်လင့်ကြောင်း ကျူး ကျော်နေထိုင်သူ ဒေါ်စုဆွေ သက် က The Messenger သတင်းစာ သို့ ပြောသည်။

ကျူးကျော် နေတယ် ဆိုတော့ ကျီးလန့် စာ စားနေရသလိုပဲ။ အဲဒီတော့ အကာအကွယ် လေး တစ် ခု ဖြစ် အောင် လာပေးတုန်းဝယ်လိုက် တာ။ ပေးတယ်ဆိုပေမယ့် ပိုက်ဆံ ပေး ရတာ ပါပဲ။ (အမှန်တရားဖြစ်ပါလိမ့်မယ်)အကာ အကွယ် တစ်ခုခု ရ ရင် တန်ပါတယ်”” ဟု ၎င်း ကပြောသည်။ အဆိုပါ စာတမ်းနှင့် ပတ်သက်၍ တရား စွဲဆိုအမှုဖွင့် ထား ခြင်း မ ရှိသောကြောင့် အရေး ယူခြင်းမရှိဘဲ ကျူးကျော်အိမ်များကို ဖယ်ရှား ရာတွင် ရဲတပ်ဖွဲ့ မှ လုံခြုံရေးအရသာ တာ ၀န် ယူရကြောင်း လှိုင်သာယာမြို့နယ်၊ မြို့မရဲစခန်း ရဲမှူး ဦးသန်းမြင့်ဦး က The Messenger သတင်းစာသို့ ပြော သည်။ လှိုင်သာယာမြို့ နယ်အတွင်း၌ ၂၀၁၃ ခုနှစ်၊ နှစ်ကုန်ပိုင်းနှင့် ၂၀၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်း တွင် (၁၅) ရပ်ကွက် ကျူးကျော်များ၊ (၁၉) ရပ်ကွက်ကျူးကျော် များ၊ ရွှေလင်ဗန်းချောင်းကမ်းဘေး ကျူး ကျော်များနှင့် ရန် ကုန်- ပုသိမ် လမ်းတစ်လျှောက် ရှိ ကျူးကျော်များအား ဆက်တိုက်ဖယ်ရှားခဲ့ သည်။

Messenger News Journal

No comments:

Post a Comment