Saturday, February 22, 2014

Obama နဲ့ရုပ်တူလို့ ရုပ်ရှင်ကနေထုတ်ပယ်ခံခဲ့ရတဲ့ သရုပ်ဆောင် Mohamen Mehdi Ouazanni

The Bible TV mini-series တွေထဲမှာမကောင်းဆိုးဝါး
(စေတန်) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Mohamen Mehdi Ouazanni 
ကို အမေရိကန်သမ္မတနဲ့လွန်စွာမှရုပ်ချင်း
ဆင်တူနေတဲ့အကြောင်းပြချက်နဲ့ အဲဒီ့
 series တွေနဲ့စပ်ဆက်နေတဲ့ရုပ်ရှင် Son 
Of God ကနေထုတ်ပယ်ခဲ့ပါတယ်။
Producer တွေဖြစ်ကြတဲ့ Roma Downey နဲ့ Mark Burnett တို့ဟာ Mohamen Mehdi Ouazanni ရဲ့စေတန်ဇာတ်ကောင်ကို ထုတ်ပယ်ဖို့ဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။ Mohamen Mehdi Ouazanni ဟာ ၂၀၁၃ ခုနှစ် သမ္မာကျမ်းစာအခြေခံ series ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံရေးကျွမ်းကျင်လေ့လာသူတွေက ဒီသရုပ်ဆောင်ဟာ Obama ကိုတုပဖို့အတွက်ထည့်သွင်းထားတာဖြစ်ကြောင်း ဝေဖန်ခဲ့တဲ့အတွက် အင်တာနက်ပေါ်မှာ စိတ်ဝင်တစားပြောဆိုစရာ ဖြစ်ခဲ့ပါတယ်။

“ဒီမကောင်းဆိုးဝါးကို ထုတ်ပယ်တဲ့အကြောင်းပြောပြရတာ အရမ်းကိုစိတ်ချမ်းသာစရာကောင်းပါတယ်။ ဒီဇာတ်ကားဟာ ဘုရားသခင်ရဲ့သားတော်ယေရှုအကြောင်းဖြစ်ပါတယ်။ ပြီးတော့မကောင်းဆိုးဝါး (စေတန်) ဟာနောက်ထပ် ရုပ်ရှင်မှာပါဝင်စရာမရှိတော့ပါဘူး။ မကောင်းဆိုးဝါး (စေတန်) အဖြစ်ပါဝင်တဲ့ ဒီသရုပ်ဆောင်ဟာ ကျွန်မတို့ရဲ့သမ္မတအဖြစ်ဆင်တူယိုးမှားတုပတယ်လို့မှတ်ချက်ပေးပြီး ရုတ်တရက် မီဒီယာတွေအရူးထကုန်ကြပါတယ်။နောက်နေ့မှာတော့ အားလုံး ယေရှုရဲ့အကြောင်းပြောကြလိမ့်မယ်လို့ကျွန်မယုံကြည်ထားပေမယ့်၊ သူတို့တွေက စေတန်ရဲ့အကြောင်းကိုပြောနေကြပါတယ်။ ကျွန်မတို့ရုပ်ရှင် Son of God အတွက်ကတော့ ကျွန်မက အာရုံတွေအကုန်လုံးကို ယေရှုအပေါ်မှာရှိစေချင်ပါတယ်။ ကျွန်မ ဒီရုပ်ရှင်ကြည့်ခဲ့တဲ့လူတိုင်းရဲ့နှုတ်ခမ်းဖျားမှာ သူ့(ယေရှု) နာမည်ရှိနေစေချင်ပါတယ်။ ဒါကြောင့်ကျွန်မတို့ စေတန်ကိုထုတ်ပယ်ခဲ့တာပါ”

လို့ ဒီ series ထဲမှာ ကိုယ်တိုင် မေရီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Roma Downey က ဟောလိဝုဒ်သတင်းထောက်ကိုပြောပါတယ်။

Ref:starpulse.com

No comments:

Post a Comment