Thursday, October 31, 2013

မလေးရှားနှင့် စင်ကာပူမှ လေကြောင်း လိုင်း နှစ်ခု နေပြည်တော် အခြေပြု ပျံသန်းရန် စီစဉ်


Photo: >> မလေးရှားနှင့် စင်ကာပူမှ လေကြောင်း လိုင်း နှစ်ခု နေပြည်တော် အခြေပြု ပျံသန်းရန် စီစဉ် <<
သန်းနိုင်ဦး ၊ မောင်ပိုင်

နေ ပြည်တော်အပြည်ပြည်ဆိုင် ရာ လေ ဆိပ် ကို လာမည့်ဒီဇင်ဘာလ မှစတင်ကာ နိုင်ငံတကာလေ ကြောင်း လိုင်းနှစ် လိုင်းမှ တိုက် ရိုက်ပျံသန်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်ယော်က ပြည်သူ့ လွှတ်တော်အဋ္ဌမပုံမှန်အစည်း အဝေး ၁၅ရက်မြောက်နေ့တွင် ပြောသည်။
လက်ရှိ နေပြည်တော်အ ပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတ ကာလေကြောင်း များပျံ သန်းနိုင်ရန်အတွက် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှဖိတ်ခေါ်ထားပြီး လာမည့် ဒီဇင်ဘာလအတွင်း မလေးရှား နှင့် စင်ကာပူလေကြောင်းလိုင်း များမှ တိုက်ရိုက်ပျံ သန်းသွား မည် ဖြစ်ကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဦးဇင်ယော် က''ဒီဇင်ဘာလမှာ စင်ကာပူနဲ့ မလေး ရှားလေကြောင်း လိုင်းတွေက နေပြည်တော်လေဆိပ်ကို ပျံ သန်းဖို့အဆိုပြု ထားပါ တယ်''ဟု ပြောသည်။
လက်ရှိနေပြည်တော် အ ပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၁၃ခုနှစ် ဧပြီ ၁ရက်မှ စတင် ကာ နိုင်ငံတကာခရီးစဉ်များပျံ သန်းနိုင်ရန် နိုင်ငံတကာအပြည် ပြည်ဆိုင်ရာလေဆိပ်အဖြစ် လိုအပ် သော ဝန်ဆောင်မှုများနှင့် ပျံ သန်းမှုအထောက်အကူပြုစက် ပစ္စည်းများ တင်ပြထားသော်လည်း ထိုင်းနိုင်ငံအခြေစိုက် လေကြောင်း လိုင်းနှစ်လိုင်းသာပျံသန်းလျက် ရှိကြောင်း သိရသည်။ 
ဦးဇင်ယော်က ''နေပြည် တော်က နိုင်ငံတော်ရဲ့ရုံးစိုက်ရာ မြို့လဲဖြစ်တဲ့အတွက် နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပျံသန်း နိုင်ဖို့အတွက် ထပ်မံဖိတ်ခေါ် ထားပါတယ်''ဟု ပြောသည်။ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ နေပြည် တော် အပြည်ပြည်ဆိုင်ရာ လေ ဆိပ်ကို နိုင်ငံတကာလေကြောင်း လိုင်းများပျံသန်းနိုင်ရန်အတွက် ၂၀၁၃ခုနှစ် ဧပြီ ၁ရက်မှစတင် ကာ ခြောက်လတာကာလအတွင်း လေယာဉ်များ ပျံသန်းဆင်းခနှင့် လေယာဉ်ရပ်နားခများကို ရာ ခိုင်နှုန်း ၅ဝလျှော့ချ ပေးခြင်းနှင့် ခရီးသည်ဝန်ဆောင်ခများကိုပါ အခမဲ့ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။
လက်ရှိနေပြည်တော် အ ပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထိုင်းနိုင်ငံလေကြောင်းလိုင်းများ ဖြစ်သည့်  Bangkok Airway က အောက်တိုဘာ ၂၈ရက်မှစတင် ကာ ဘန်ကောက်-နေပြည် တော်-ဘန်ကောက်ခရီးစဉ်ကို တစ်ပတ် ငါးကြိမ် ပျံသန်း မည်ဖြစ် ပြီး Thai Asia   လေကြောင်းလိုင်း က နိုဝင်ဘာ ၂၈ရက်မှစတင် ကာ  တစ်ပတ်လျှင် ခုနစ်ကြိမ်ပျံ သန်းသွားမည်ဖြစ်ကြောင်း သိရ သည်။
ယင်း အပြင် ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့်  FMI  လေကြောင်းလိုင်းနှင့် APEX  လေကြောင်းလိုင်းတို့မှ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်အ ခြေပြုပျံသန်းနိုင်ရန် လိုအပ်သည် များကိုစိစစ်ကာ ခွင့်ပြုပေးသွား မည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်  အပြည် ပြည်ဆိုင်ရာလေဆိပ်များအဖြစ် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်တို့ရှိ ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်ကို နိုင်ငံတကာလေ ကြောင်းလိုင်း ၂၄ လိုင်းပျံသန်း လျက်ရှိ
ကြောင်း သိရသည်။

Source: Yangon Media Group 
Powered by >> www.myanmarcutegirl.com <<
နေ ပြည်တော်အပြည်ပြည်ဆိုင် ရာ လေ ဆိပ် ကို လာမည့်ဒီဇင်ဘာလ မှစတင်ကာ နိုင်ငံတ ကာလေ ကြောင်း လိုင်းနှစ် လိုင်းမှ တိုက် ရိုက်ပျံသန်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးဇင်ယော်က ပြည်သူ့ လွှတ်တော်အဋ္ဌမပုံမှန်အစည်း အဝေး ၁၅ရက်မြောက်နေ့ တွင် ပြောသည်။လက်ရှိ နေပြည်တော်အ ပြည်ပြည်ဆိုင်ရာလေဆိပ် တွင်
Photo: Source: Young Buddhist's Association
Powered by >> www.myanmarcutegirl.com <<

လက်ရှိရေးဆွဲနေသော ဘဏ်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေကို ကမ္ဘာ့ဘဏ်က ကူညီရေးဆွဲနေပြီး ငွေကြေးခ၀ါချမှုဆိုင်ရာ ပြဋ္ဌာန်း ချက်များပါရှိ

လက်ရှိ ရေးဆွဲနေသော ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေကို မြန်မာနိုင် ငံတော် ဗဟိုဘဏ်နှင့်အတူ ကမ္ဘာ့ဘဏ်က ဦးဆောင်ရေးဆွဲနေပြီးယင်းဥပဒေကြမ်းတွင်
 ငွေကြေးခ၀ါချမှုဆိုင်ရာကာကွယ်တားဆီးရေး 
 ပြဋ္ဌာန်းချက်များလည်း ပါဝင်ကြောင်း သတင်း ရရှိ သည်။
"ဒီနေ့မှာ နေပြည်တော်မှာ အလုပ်ရုံအစည်းအဝေးပွဲပြီးတယ်။ ပြီးတော့ နောင်အသစ်ထွက်မယ့်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်း အဖြစ် တပ်တွင်း ရေပန်းစား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အလွန် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ တပ်မတော်မှ အငြိမ်းစား ယူရမည်ဖြစ်ကာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ် တင်မြှောက်မည့် ဒုတိယသမ္မတဖြစ်လာပြီး သမ္မတ ဖြစ်နိုင်ခြေရှိကြောင်း တပ်တွင်း သတင်း

ကန်ဖုန်းခိုးနားထောင်တဲ့ကိစ္စ အင်ဒိုလည်း ဖြေရှင်းချက်တောင်း


အမေရိကန်ရဲ့ ​ဖုန်းခိုးနားထောင်မှုကို ​ဖြေ ရှင်းချက်တောင်းတဲ့ ​ကမ္ဘာ့နိုင်ငံတွေအထဲမှာ ​အင်ဒိုနီးရှားနိုင်ငံ ကလည်း ​ပါဝင်လာပြီ ​ဖြစ် ပါတယ်။
အမေရိကန်နိုင်ငံဟာ ​သူတို့ရဲ့သံရုံးတွေ ကနေ တဆင့်လျှို့ဝှက်ထောက်လှမ်းမှုတွေလုပ်ဆောင် ခဲ့တယ်ဆိုတဲ့ ​သတင်းတွေထွက်ပေါ် လာ ပြီးနောက်ပိုင်း ​ဂျာကာတာ ​မြို့တော်အခြေစိုက် ​အမေရိကန်သံကိုယ်စားလှယ်ကို ​တရား ၀င် ​ဖြေရှင်း ချက်ပေးဖို့ ​အင်ဒိုနီးရှား 

လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာပေးပို့

ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ်၌ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ပြုလုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီးဆွေးနွေး ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ခဲ့သည်။
အောက်တိုဘာ ၂၉ ရက် ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုးပြီး ပေးပို့ခဲ့သော အဆိုပါ သ၀ဏ်လွှာတွင် လိုင်ဇာ ဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးရန် အပါအ၀င် နိုင်ငံရေးဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် တို့ အတွက် အထောက်အကူ ဖြစ်စေမည်ဟု

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်းများအား အမှုကျေအေးခွင့် မပြုတော့


ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ထွက်ပြေး တိမ်းရှောင်သွားခဲ့သည့် ယာဉ်မောင်းများ အနေဖြင့် အမှုကျေအေးခွင့် တင်ရာ တွင် လက်ခံတော့မည်မဟုတ်ဘဲ ကျေအေးခွင့် ရရှိမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေး က အောက်တိုဘာ ၃၀ ရက် ပြောကြားသည်။
ထို့အပြင် ယာဉ်တိုက်မှုဖြစ်စဉ်၌ ဒဏ်ရာ ရရှိသူကို တာဝန်သိစွာ နီးစပ်ရာဆေး

အနုပညာရှင်များ ပရိသတ်ကို အကြွေးမဆပ် ရသေးပါ

ဘယ်နိုင်ငံတွင်မှမရှိသေးသည့် ကမ္ဘာ
ကိုပင် တင်ပို့နိုင်သည့် စိတ်ဝင်စားဖွယ် 
ဇာတ်လမ်းပေါင်း များစွာက မြန်မာ အနုပညာဖန်တီးသူတို့၏ လက်တစ်ကမ်းတွင် ရှိနေပါသည်။ လွန်ခဲ့သည့်တစ်နှစ် ခွဲက ဆင်ဆာ ကန့်သတ်ချက် ဖြေလျှော့ပေးပြီးသည့်နောက် သမိုင်းနှင့်ချီသော မြန်မာပြည် တွင်း ဖြစ်ရပ်မှန်ဇာတ်လမ်း များစွာက သူတို့ကို ကိုင်တွယ်ဖန်တီးမည့်သူများအား အသင့်စောင့်

သမ္မတကြီး ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း ကိုယ်တိုင် ဖွင့်ဟခဲ့သည့် အချစ်အကြောင်း


အမေရိကန်ရဲ့ ထောက်လှမ်း ခံရ မှုမှာ မြန်မာ ပါဝင်

အမေရိကန် ထောက်လှမ်းရေးရဲ့ လှိျု့ဝှက် ထောက်
လှမ်းမှု တွေကို ကန့်ကွက် ဆန္ဒပြသူ တစ်ယောက်
အမေရိကန် ပြည်ထောင်စုက တကမ္ဘာလုံးမှာ လှိျု့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန် ထောက် လှမ်းရေး အရာရှိဟောင်း Edward Snowden ရဲ့ ဖွင့်ဟ ပြောဆိုမှု တွေကြောင့် လူအများ ပိုမို သိလာခဲ့ ရာမှာ အခုတော့ သူတို့ ထောက် လှမ်းတဲ့ အထဲမှာ မြန်မာ နိုင်ငံလည်း ပါဝင် တယ်လို့ သြစတြေးလျ သတင်းစာကြီး တစ်စောင်က ရေးသား ဖော်ပြ လာပါတယ်။
သြစတြေးလျနဲ့ အိမ်နီးချင်း နိုင်ငံ တွေမှာ

Wednesday, October 30, 2013

သမ္မတကြီး vs ဒေါ်စုကြည် ( တိုင်းပြည်နှင့်လူမျိုးကို မည်သူ တကယ်ချစ်သနည်း ? )

သမ္မတကြီး -
"အကယ်၍ ဖွင့်ဖို့ရှိတယ်ဆိုရင်တောင်မှ ကျနော်တို့အစိုးရအနေနဲ့ တားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူက မလိုလားဘူး။ ပြည်သူမလိုလားတဲ့အတွက်ကြောင့် ကျနော်တို့က တားဆီးသွား မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနလို ပြည်သူတွေအနေနဲ့ မစိုးရိမ်ပါနဲ့၊ ဒါကိုကျနော်တို့ အစိုးရအနေနဲ့ တာဝန်ယူပါတယ်။ ဒါတွေကျနော်တို့ လုံးဝဖွင့်ခွင့်မပြုပါဘူး"
OIC ကိစ္စ လုံးဝ လက်မခံ ။

ဒေါ်စု -
"မိမိနိုင်ငံတွင်းရှိ လူနည်းစုမွတ်စ်လင်မ်တို့၏အခြေအနေမှာ ၀မ်းနည်းဖွယ်ဖြစ်နေကြောင်း၊ ယင်းလူ့အဖွဲ့အစည်းအား လုံခြုံမှုရရှိစေရန် လိုအပ်ကြောင်း ပြောကြားလိုက်သည်။
...... မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာ ခဲ့ပါတယ်။ သူတို့ဟာ မြန်မာကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြား ဘယ်နေ

တရုတ်ရေငုပ် သင်္ဘောမှ JL-2 ဒုံးကျည်သည် အမေရိကန်မြို့များသို့ ပစ်ခတ်ရောက်ရှိနိုင်


ပေကျင်း အောက်တိုဘာ ၂၉
တရုတ်နိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်တင် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောသည် တိုက်ပွဲဝင် ကင်းလှည့်တာဝန်များကို ဒုတိယကျွန်း ဆက်တန်းအနီးတွင် တာဝန်ထမ်း ဆောင်လျက်ရှိကြောင်း တရုတ်စစ်ဘက်ရေးရာ ကျွမ်းကျင်သူ လီလီက တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ထုတ်ဖော်ပြော

နေပြည်တော် ကောင်စီ နယ်မြေ အတွင်းနှင့် မင်းဘူးမြို့နယ် မင်းဘူး- စကု ကားလမ်း နွားကူးချောင်း တစ်လျောက်ရှိ ရေဘေးသင့် ပြည်သူများအား တပ်မတော် သားများမှ ကူညီ ရွှေ့ပြောင်းပေး


နေပြည်တော် အောက်တိုဘာ ၂၉
နေပြည်တော် ကောင်စီနယ်မြေ အတွင်း အောက်တိုဘာ ၂၆ရက်မှ ၂၈ရက် ညနေပိုင်းအထိ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့်
 ပေါင်းလောင်းမြစ် ရေလျှံမှု ဖြစ်
ပွားခဲ့ရာ ဇေယျာ သီရိမြို့နယ် အတွင်းရှိ စည်ပင်ကြီး ကျေး ရွာနှင့် ချောင်းကမ်းကြီး ကျေး  ရွာ၊ အေလာ မြို့၊ ဟေ

လူမှုဝန်းကျင် အတွက် တိုက်ဖျက်ရမည့် ကွမ်းယာ

ရှေးခေတ် မြန်မာလူမျိုးများဟာ ကွမ်း၊ ဆေး၊ လက်ဖက်ဆိုတာ ဧည့်သည်လာရင် တလေး တစား နဲ့ ဧည့်ခံ တာမျိုး ရှိတတ်ပါတယ်။

ဒါဟာ ကျန်းမာရေး ဗဟုသုတ နည်းပါးတာ ရယ်၊ ခေတ်မီဓာတ်ခွဲစမ်းသပ်သုတေသန
 ပြုထားတဲ့ ကွမ်းစား၊ ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မသိကြလို့ဘဲ ဖြစ်ပါတယ်။ အဲဒီ အထဲက အခု တင်ပြမှာကတော့ ကွမ်း စားခြင်းကြောင့် ရရှိနိုင်တဲ့ ဆိုးကျိုး အန္တရာယ်တွေ ပဲ ဖြစ်ပါတယ်။ ယနေ့ ခေတ်မှာ ကွမ်းစားခြင်းကို စက်ရုံ၊ အလုပ်ရုံ၊ ကျောင်း၊ ဆေးရုံ၊ ကုမ္ပဏီ၊

အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအား တရားစွဲရာ တွင် မြေရှင်သာမက ပန်းရန်၊ လက်သမားအဆင့်အထိ အရေးယူတော့မည်

Photo: အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအား တရားစွဲရာ တွင် မြေရှင်သာမက ပန်းရန်၊ လက်သမားအဆင့်အထိ အရေးယူတော့မည်
Wednesday, October 30, 2013

အဆောက်အအုံများ တရားမဝင်တည်ဆောက်မှုအတွက် တရားစွဲဆို ရာတွင် မြေရှင်သာမကဘဲ ပန်းရန်၊ လက်သမားအ ဆင့်ထိ တရားစွဲဆို မှု ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်ကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ယခုနှစ် စက်တင်ဘာလ တွင်အတည်ပြုခဲ့ပြီးဖြစ်ပြီး ယင်းဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ၄င်းက ပြောသည်။

တရားမဝင် အဆောက်အအုံများ၊ ဆောက်လုပ်သည့် ပန်းရန်၊ လက်သမားများအား တရားစွဲဆိုရေးနှင့် ပတ်သက်၍ ”ဥပဒေပြီးရင် နည်းဥပဒေတွေလိုပါတယ်။ ဘယ်လို လုပ်မလဲ ပေါ့။ ခုက နည်း ဥပဒေတွေရေးဆွဲနေတော့ အဲဒါပြီးရင် စတင်အကောင် အထည်ဖော်ပါ မယ်”ဟု ၄င်းက ပြောသည်။

လက်ရှိတွင်မူ တရားမဝင်အဆောက်အအုံများ ဆောက် လုပ်ပါ က မြေရှင်ကိုသာ တရားစွဲဆိုနေခြင်းဖြစ်ပြီး တရားမဝင် အဆောက် အအုံ ဆောက်လုပ်သည်များမှာ လိုင်စင်မဲ့ကန်ထ ရိုက်များမှဆောင် ရွက်မှုများဖြစ်ကြောင်း၊ တရားမဝင်အဆောက် အအုံ ဆောက်လုပ်သည့် ကန်ထရိုက်များမှာ စည်ပင်မှ လိုင်စင် ချထားပေးသူများမဟုတ်၍ ၄င်းတို့ကို အရေးယူ၍ မရဖြစ်နေ သည်ဟု သိရသည်။

ဥပမာအားဖြင့် ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ်ပါက ၂၃ ပေ x ၄၇ ပေ သုံးထပ်အဆောက်အအုံအတွက် ရန်ကုန်စည်ပင်သို့ ငွေ ၁၁၆၇၄၈ ကျပ်သာပေးသွင်းရမည်ဖြစ်သော် လည်း ခွင့်ပြု ချက်မဲ့ဆောက်လုပ် ပါကကြိုတင်ဆောက်ဒဏ်ကြေးဖြင့် ၈၁ဝ၇၅ဝဝ ကျပ် ပေးသွားရမည်ဟု ရန်ကုန်စည်ပင်မှ သိရသည်။

ယခုနှစ်အတွင်း ရန်ကုန်စည်ပင်မှခွင့်ပြုချက်မဲ့ အဆောက် အအုံ ၁၁၅၇လုံးကို တရားစွဲဆို အရေးယူနိုင်ခဲ့ပြီး ခွင့်ပြုချက် ထက်ကျော်လွန်ဆောက်လုပ်သည့် အဆောက် အအုံ ၅၅ လုံးကို လည်း တရားစွဲအရေးယူနိုင်ခဲ့သည်ဟု သိရသည်။

အဆောက်အအုံ တည်ဆောက်မည်ဆိုပါက ရှစ်ထပ်ခွဲ အထိ ရန်ကုန် စည်ပင်(အဆောက်အအုံ) ဌာနမှ စိစစ်ခွင့်ပြုပြီး ၉ ထပ်မှ ၁၁ ထပ်ခွဲထိကို ရန်ကုန်စည်ပင် ညှိနှိုင်းေ ဆာင်ရွက်ရေး ဌာနက စိစစ်ခွင့်ပြုကြောင်း၊ ယင်းထက်ကျော်လွန်ပါက အထပ် မြင့် အဆောက်အအုံ စိစစ် ခွင့်ပြုရေး(CQHP) သို့ ထပ်မံတင်ပြ ရသည်။

ဝေမာထွန်း
Popular Myanmar News Journal အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအတွက် တရားစွဲဆို ရာတွင် မြေရှင်သာမကဘဲ ပန်းရန်၊ လက်သမားအ ဆင့်ထိ တရားစွဲဆို မှု ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်ကပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥ 
ပဒေကို ယခုနှစ် စက်တင်ဘာလ

Tiananmen ရင်ပြင် ကားတိုက်မှု သံသယရှိသူတွေကို လိုက်လံရှာဖွေ

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်
က နာမည်ကျော် Tiananmen ရင်ပြင်မှာ မနေ့တုန်းက SUV ကားတစင်းနဲ့ ၀င်တိုက်မိရာက မီးလောင်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ Xinjiang ဒေသက သံသယ ရှိသူ ၂ ယောက်ကို ရဲတွေက လိုက်လံ စုံစမ်းနေပါတယ်။ လူ ၅ ဦးသေ ဆုံးပြီး ၃၈ ယောက်

မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ

ရန်ကုန်၊ အောက်တိုဘာ ၂၉
ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် 

အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနြေ
ခင်းအပေါ် စောင့်ကြည့် ရန်နှင့် ရီပို့ပြုလုပ်
ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်
သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာ တတ်
ကျွမ်း သည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။  ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာန

မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်သို့ SMS ပို့ခြင်းနှင့် ဖုန်းပြောခြင်းများ ပြုနိုင်တော့မည်

ရန်ကုန် ၊ အောက်တိုဘာ ၂၉
ပြည် တွင်းမှ ကမ္ဘာ့နိုင်ငံပေါင်း ၂၂ဝကို  

SMS (စာတို)စနစ် ပေးပို့ခြင်းနှင့် ဖုန်းပြော
ဆိုခြင်းများ လုပ်ဆောင် နိုင်တော့
မည်ဖြစ်ကြောင်း သိရ သည်။ ယင်းစနစ်
ကို အွန်လိုင်းမှ တစ်ဆင့် ယခုနှစ်အတွင်း
အသုံး ပြုနိုင် ရန် စီ စဉ်နေခြင်းဖြစ်ပြီး ပြည်ပ နိုင်ငံများသာမက ပြည်တွင်းအ ချင်းချင်းပါ သုံးစွဲနိုင်ရန်ဆောင် ရွက်ထားခြင်းဖြစ် ပြီး ပြည်တွင်း SMS တစ်စောင်ပေးပို့ခြင်းကို

'ခင်ရွှန်းလဲ့ဝေ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အတူရိုက်ထားသည့် ဓာတ်ပုံ ထွက်ပေါ်လာ

 မိုက်ကယ်အဲရစ် နှင့် ရရှိထား သားဖြစ်သူ 
ကင်မ်အဲရစ်ထံသို့ ၂ ကြိမ်ရောက်ခဲ့ပြီးနောက်
 ဒေါ်အောင်ဆန်း စုကြည်၏ သမီး ဟု ဝန်ခံ
ထားသူ ခင်ရွှန်းလဲ့ဝေမှ သူမနှင့် ဒေါ်အောင်
ဆန်းစုကြည် ငယ်စဉ်က ရိုက်ခဲ့သည့် ဓာတ်ပုံ
ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ 

Monday, October 28, 2013

“တပ်မတော်က သမ္မတ ဘက်ကလည်း မလိုက်ဘူး။ ဦးရွှေမန်း ဘက်ကလည်း မလိုက်ဘူး”

တပ်မတော်, ဦးသိန်းစိန်, ဦးရွှေမန်း,  ဗိုလ်မှူးချုပ်ဝေလင်း, လွှတ်တော်
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေက
 မြန်မာ့နိုင်ငံရေးဖြစ်စဉ်များအပေါ် စိုးရိမ်သည်ဟု ပြောဆိုကြောင်း သူရဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲ တခုတွင် ထုတ်ဖော်ပြောဆို လိုက် ပြီးနောက် မြန်မာ့နိုင် ငံရေးလော 
ကတွင် ဦးသန်းရွှေစိုးရိမ်မှုနှင့် ပတ်
သက်ပြီး အမျိုးမျိုးအဖုံဖုံ သုံးသပ်ပြောဆိုနေကြသည်။ လတ်တလော နိုင်ငံရေးအခြေ

SEA Games အထိမ်းအမှတ် လက်ဆောင်ပစ္စည်း ရောင်းချရန် လုပ်ငန်းရှင် ၅၀ ကို တရားဝင်ခွင့်ပြု

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်း ရောင်းချ မည့် အသေးစား၊ အလတ်စား လက်မှု လုပ် ငန်းရှင် ၅၀ ကို ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။
သိမ်ဖြူ အားကစားရုံ၌ အောက်တိုဘာ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည့်

နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားကို ယခုလကုန်တွင် စတင်အသုံးပြုခွင့် ရမည်

Photo: နှန့်)

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံ တား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံ ကိန်း ၌ ဘုရင့်နောင်လမ်းမကြီးပေါ် ဖြတ်သန်းတည်ဆောက်ထားသည့် ဘုရင့်နောင် ခုံးကျော်တံ တားကို အောက်တိုဘာလကုန်တွင် စတင်အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း ဘုရင့်နောင်စခန်း

Myanmar Air Force (Fighter & Attack Helicopter)

65th Myanmar Air Force Day

Amazing female football juggler

ဗိုလ်တထောင် ဆိပ်ကမ်း အနီး ရေပေါ်ဟိုတယ် ဒီဇင်ဘာလ အတွင်း ဖွင့်လှစ်မည်

ဗိုလ်တထောင် ဆိပ်ကမ်း အနီး ရေပေါ်ဟိုတယ် ဒီဇင်ဘာလ အတွင်း ဖွင့်လှစ်မည်
လှလှပပ လီမိ တက် မှ ဗိုလ် တထောင် ဆိပ်ကမ်း  နယ်မြေ တွင်ဖွင့်လှစ်မည့် 
 ရေပေါ် ဟိုတယ်မှာ အလျား ၁ဝ၆ မီတာ၊ အကျယ်အဝန်း ၁၈ ဒသမ၄မီတာ၊ 
 ရေစူး နှစ်မီ
တာနှင့်တန်ချိန်
 နှစ်ထောင်ကျော် ရှိသည့် စက်မဲ့ သင်္ဘောပြုပြင် မွမ်းမံခြင်း လုပ်ငန်းများကို မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းရှိ ၁၂ဝဝဝ ရေလုံသင်္ဘော ကျင်း၌

ရုပ်ရှင်၊ ဗီဒီယိုများ ပြန်လည်ရိုက်ကူးခွင့်ပြုလိုက်သည့် ရန်ကုန်တက္ကသိုလ်နယ်မြေ

ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းမှာ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ကြော်ငြာနောက်ခံရိုက်ကူးခွင့်တွေကို အကြောင်း အမျိုးမျိုးကြောင့် ရိုက်ကူးမှု ခွင့်ပြုခြင်းကိုရပ်နားထား ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ၃ လပိုင်းကမှ တရားဝင်ပြန်ရိုက်ခွင့် ခွင့်ပြု လိုက်တယ်လို့သိရပါတယ်။ ရန်ကုန် တက္ကသိုလ် ထဲမှာ ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာ နောက်ခံ ဇာတ်ကားတွေ ရိုက်ကူးခွင့်ကို ၂၀၁၃ ခုနှစ်၊ မတ်လကမှ တရားဝင်ရိုက်ခွင့်ပြန်လည်ခွင့်ပြု ထား ခဲ့ပြီး ဗီဒီယို၊ ကြော်ငြာ သတင်း ရိုက်ကူးခွင့် ၈ ခုခန့် လာရောက်ရိုက်ကူးပြီးပြီဖြစ်တယ်လို့

သတင်းထောက်တစ်ဦး၏ မှတ်စု

သတင်းထောက်တွေရဲ့အသက်ဟာ သူတို့ရဲ့ဒိုင်ယာရီမဟုတ်ပါဘူး။ မှတ်စုစာအုပ်ပဲ ဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာတော့ အဲဒီမှတ်စုစာအုပ်ဆိုတာနဲ့စပြီး နိဒါန်းပျိုးလိုက်ပါတယ်။
သတင်းထောက် တို့ရဲ့လက်စွဲတော်မှတ်စုစာအုပ် (Reporter’s Notebook) ဘာဖြစ်လို့ သတင်းထောက် တစ်ယောက်ရဲ့အသက်ဟာ Notebook ဖြစ်နေရသလဲဆိုတော့ အကယ်၍ လူတစ်ယောက်ဟာ (သတင်းထောက်အချင်းချင်းပဲဖြစ်ဖြစ်) သတင်းထောက်တစ်ယောက်ကို ဒုက္ခ ရောက်စေချင်တယ်ဆိုရင် အဲဒီသတင်းထောက်ရဲ့ Notebook ရယ်၊ ဖုန်းစာအုပ် (ကျွန်တော်တို့အခေါ် Source စာအုပ်) ရယ်နှစ်ခုလုံးစကိုသာ ၀ှက်ထားလိုက်၊

Moe Hay Ko - Myanmar Sexy Model


girl celebrities

ဥပဒေသစ်အရ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၀င်ငွေခွန်ပေးဆောင်ရမည်

ဟင်!သူတို့က အခုမှ ၀င်ငွေခွန်ဆောင်ကြမှာ... ကျနော်တို့...၀န်ထမ်းတွေအခွန်ဆောင်နေတာကြာလှပြီ... ဟားဟား..သူတို့ကတော့အခွန်မဆောင်ဘူးကိုး..

20120329z12
နိုင်ငံတော်သမ္မတအပါအ၀င် ပြည်ထောင်စုအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေစရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအရ အဆိုပါပုဂ္ဂိုလ်များအားလုံးသည် ၀င်ငွေခွန် ပေးဆောင်ရတော့မည်ဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်များသည် ယခင်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထုတ်ပြန်ထားသည့်

“ကျွန်တော်သိသော သူရိယအလင်းက ကိုမိုးဟိန်း”

ယနေ့ထုတ် သူရိယနေ၀န်း ဂျာနယ်သစ်ဒီရက်ပိုင်း လူပြောများလာတဲ့ သူရိယ အလင်းဂျာနယ် ကိစ္စမှာ စီအီးအို မိုးဟိန်းလွန်သလား ၊ထုတ်ဝေသူ ဦးယုနိုင်လွန်သလား မေးခွန်းတွေ အမြောက်အများပေါ်ပေါက်လာခဲ့ပါတယ်။
တစ်ဖန် ပွဲဆူစေချင်သူများကလည်း မီဒီယာ နှိပ်ကွပ်တာ ဆိုတာရော၊ လူကြိုက်များစကားဖြစ်တဲ့ လူကြီးသား နဲ့ခရိုနီတွေရမ်းကား ဆိုတာတွေပါ သုံးနှုန်းလာခဲ့တယ်။ ဒါကလည်း ကိုမိုးဟိန်း အပြောကလည်း နားလေသူကြီးရဲ့ မြေးတော်လေး ဖိုးလပြည့် ပါတယ်လို့ ပြောခဲ့တာကြောင့် ပိုဖွလို့ ကောင်းခဲ့ တာပေါ့။ယနေ့ ထုတ် သူရိယနေ၀န်း ဂျာနယ်သစ်တကယ်တော့ သူ တို့ဂျာနယ်မှာ အယ်ဒီတာအဖွဲ့နဲ့ ကိုမိုးဟိန်းတို့ မတည့်တာကြာပါပြီ။ဘာလို့လည်းဆိုတော့

"Eleven ဘာရေးရေး အများပြည်သူ ၀န်ဆောင်မှု မီဒီယာတွေ ဆက်လက်ရှင်သန်ရပ်တည်နေမှာပါပဲ" ~ ဦးရဲထွဋ်

သတင်းထောက်တစ်ဦးက ဒီနေ့ Daily Eleven သတင်းစာမှာ အစိုးရသတင်းစာများ အများပြည်သူ စိတ်ဝင်စားသည့်သတင်း များကို ဖော်ပြခြင်းမရှိဘဲ အစိုးရ အာေ ဘာ်  တစ်ခုတည်းကို သာဖော်ပြသည့် သတင်းစာ အဖြစ် ဆက်လက်ရပ်တည် ဆိုတဲ့ သတင်း နဲ့ပတ်သက်ပြီး ၀န်ကြီးဌာန ရဲ့ သဘော ထားမှတ်ချက်ကို မေးပါတယ်။ အားလုံး သိနိုင်အောင် ဒီကနေပဲ ဖြေကြားပေးလိုက်ပါ

ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ် ~ စည်သူအောင်မြင့်

 သမ္မတတ ဦးသိန်းစိန်က လာမယ့် 
၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် 
သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်
တိုင် ပြည်သူတွေကို အသိပေး
 ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ
 ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။
ရွေးကောက်ပွဲမှာ
သမ္မတ ဦးသိန်းစိန် ဝင် အရွေးမခံ တော့ဘူးလို့ သူ့ကို ပြော ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက

Saturday, October 26, 2013

မြန်မာဆီးဂိမ်း အားကစားသမား ၅၀၀၀ ကျော်ပြိုင်မည်

မြန်မာပြည်ဆီးဂိမ်းပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့်  အာဆီယံနိုင်ငံတွေကအားကစား သမားပေါင်း  ၅၀၀၀ ကျာ် ပဏာမစာရင်း ပေး ပို့ထားပြီလို့ အားကစားဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးနော်တောင် က ပြောပါ တယ်။
အောက်တိုဘာ ၂၅ ရက်အထိ ရရှိထားတဲ့ စာရင်း အရ မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံက အားကစားသမား ၅၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ်ပြီး အပြီးသတ်စာရင်းကိုတော့ နိုဝင်ဘာ

ရန်ကုန်မြစ်-ပန်းလှိုင်မြစ်- လှိုင်မြစ်နှင့် ပဲခူးမြစ်အတွင်း အဆင့်မြင့် စပိဘုတ်ရှပ်ပြေး အမြန်ရေယာဉ် ခရီးစဉ် တိုးချဲ့ပြေးဆွဲပေးမည်



ရန်ကုန်တိုင်း ဒေသကြီး အတွင်း ခရိုင်နှင့်မြို့နယ်များ အသီးသီးရှိ ပန်းလှိုင်မြစ်-လှိုင်မြစ်နှင့် ပဲခူးမြစ် တစ်လျှောက်နေ ပြည်သူများ လမ်းပန်း ဆက်သွယ်မှု လွယ်ကူချောမွေ့စေရေး အတွက် မော်တော် ယာဉ် များဖြင့် နေ့စဉ် အလုံ- လမ်းမတော်- လသာ- ပန်းဘဲတန်း- ကျောက်တံတား- ပုဇွန်တောင်- ဗိုလ်တထောင်မြို့နယ်များ ဖြစ်သော စီးပွားရေး အထူး ဇုန်(၁)သို့ ဘေးကင်းလုံခြုံ အချိန်မှန် ရောက်

ဗန်းမော်နယ်မြေတစ်ဝိုက်က သစ်မှောင်ခို ပြဿနာ

၂၀၁၃ ခုနှစ်၊ သြဂုတ်လကနေ အောက်တိုဘာလ ၁၆ ရက်နေ့အထိ ကချင်ပြည်နယ်၊ ဗန်းမော် ခရိုင်၊ မံစီ၊ ကိုက်ထိပ်၊ ရွှေကူမြို့နယ်တွေအတွင်းမှာ ကျွန်းနှင့် တမလန်း စတဲ့ အဖိုးတန်သစ် စုစုပေါင်း ၅၀၇.၆၂၈ တန် ဖမ်းဆီး ရမိခဲ့ကြောင်း စစ်တပ်သတင်းတစ်ရပ်အရ သိရှိရပါတယ်။ ဒီလို ဖမ်းမိတဲ့အထဲမှာ သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၁ ဦးကိုလည်း ဖမ်းဆီးရမိ

Feel စားသောက်ဆိုင်၏ အဆင့်အတန်းခွဲခြားမှု ဒုဝန်ကြီးကိုပင် စားသောက်ခန်းထဲ ပေးမ၀င်

ကျွန်တော်သည် နေပြည်တော်
တွင် နေသူဖြစ်၍ ကားဖြင့်
 နေပြည်တော်မှ ရန်ကုန်၊ 
ရန်ကုန်မှ နေပြည်တော် သို့ အသွားအပြန် တိုင်းတွင် ဖြူးစခန်း ကားရပ် ရာတွင် (Feel) စားသောက်ဆိုင် တွင်သာ စားသောက်လေ့ ရှိပါသည်။ ခရီးသည် အများစုသည်လည်း ၎င်းဆိုင်တွင်ပင် ၀င်ရောက် စားသောက် ကြသည်။ အစား

အများပြည်သူသို့ အသိပေးပန်ကြားခြင်း

၁။ မဟာဓာတ်အားလိုင်းမှ ဓာတ်
အားကိုလက်ခံ၍ အများပြည်သူသို့ 
ဓာတ်အားဖြန့်ဖြူးပို့လွှတ်ထားသော
 သာကေတ ပင်မဓာတ်အားခွဲရုံရှိ 
၂၃၀/ ၃၃ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ၏ ၃၃ ကေဗွီဗို့အား အထွက် အပိုင်းတွင် လွန်းဖွာနေသော ဓာတ်အား လိုင်းကြိုးများအား အစားထိုး အသစ် လဲလှယ်ခြင်း၊ ယာယီအစားထိုး

"အသားဖြူခရင်မ်ကြောင့် ဂျပန်နိုင်ငံတွင် လူ ၁၅ဝဝဝ ကျော် ကိုယ်ခန္ဓာတွင် အကွက်များထွက်ပေါ်လာ "

ဂျပန်နိုင်ငံတွင် နာမည်ကျော် အလှကုန် 
တစ်မျိုးဖြစ်သည့် Kanebo အသား ဖြူ
ခရင်မ်တွင်ပါဝင်သည့် ဓာတုပစ္စည်း ကြောင့် သုံးစွဲသူ ၁၅,ဝဝဝ ကျော် တို့၏ အရေပြား တွင် အကွက်များ ထွက် ပေါ် လာသည်ဟု ၄င်းကုမ္ပဏီမှ အင်္ဂါနေ့က ပြောကြားသည်။
ဂျပန်နိုင်ငံအတွင်း Rhododenol အသားဖြူ ခရင်မ်အပါအဝင် ဖြန့်ချိထား သည့် ထုတ်ကုန် ၅၄ မျိုးကို အသုံးပြုခဲ့ ကြသည့် သုံးစွဲ သူများထံမှ တိုင်ကြားစာ ၁၅၁၉၂ စောင်လက်ခံ ရရှိခဲ့ပြီး တိုင်

ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး ဖုန်းတွေကို အမေရိကန်ကြားဖြတ် နားထောင်ဟု Guardian သတင်းစာဖော်ပြ

Photo: ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး ဖုန်းတွေကို အမေရိကန်ကြားဖြတ် နားထောင်ဟု Guardian သတင်းစာဖော်ပြ
Friday, 25 October 2013 

အမေရိကန်တွေဟာ ကမ္ဘာ့ခေါင်းဆောင် ၃၅ ယောက်ရဲ့ တယ်လီဖုန်း ပြောဆို
မှုတွေကို ထောက်လှမ်းခဲ့တယ် ဆိုတာကို အမေရိကန် အစိုးရ၊ ပင်တဂွန်
နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အရာရှိတွေက အတည်ပြုခဲ့ပါတယ်လို့ The Guardian သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

အမေရိကန် အစိုးရက သူ့ရဲ့ မဟာမိတ် နိုင်ငံတွေကို ထောက်လှမ်းခဲ့တယ်
ဆိုတဲ့ စွဲဆိုချက်နဲ့ အမေရိကန်ကို ပြစ်တင်ရှုတ်ချ နေတဲ့ ဂျာမဏီရဲ့
 နောက်မှာ ဥရောပ ခေါင်းဆောင်တွေ စည်းစည်းလုံးလုံး ရှိနေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်  အခုလို သတင်း ဖော်ပြချက် ထွက်ပေါ်လာတာ ဖြစ်
ပါတယ်။ ကြာသပတေးနေ့ တုန်းကတော့ အိမ်ဖြူတော် ပြောခွင့်ရ Jay Carney က အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA ဟာ ဂျာမဏီ ၀န်ကြီးချုပ် Angela Merkel ရဲ့ ဆက်သွယ် ပြောဆိုမှုတွေ အပေါ်မှာ ထောက်လှမ်းခဲ့တယ်ဆိုတဲ့ အပေါ် မှတ်ချက်ပေးဖို့ငြင်းဆို ပါတယ်။

ဂျာမဏီ ၀န်ကြီးချုပ် မစ္စ မာကယ်လ် ကတော့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားကို တယ်လီဖုန်း ခေါ်ဆိုပြီး မိတ်တွေတွေ အပေါ်မှာ လျို့ဝှက်ထောက်လှမ်းမှုဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးဆို
တာကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ မဟာမိတ်တွေနဲ့ မိတ်ဆွေ နိုင်ငံတွေကြားမှာ ယုံကြည်မှု လိုပါတယ်။ ဒီလိုယုံကြည်မှုမျိုးကို အခုတော့ အသစ်ပြန်လည် တည်ဆောက်ရပါတော့မယ်လို့လည်း မစ္စ မာကယ်လ်က  ဘရပ်ဆဲလ် မြို့မှာ ကျင်းပမယ့် နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်တဲ့ ဥရောပ သမဂ္ဂ ညီလာခံ မတိုင်ခင်မှာ ပြောဆိုပါတယ်။

ညီလာခံ တက်ရောက်လာတဲ့ ဥရောပ ခေါင်းဆောင်တွေဟာလည်း ဂျာမဏီ ၀န်ကြီးချုပ်ရဲ့ မကျေမနပ်မှုနဲ့ ထပ်တူ ပြောဆိုကြပါတယ်။ ဥရောပ သမဂ္ဂ ကော်မရှင် ဥက္ကဌ Jose Manuel Barroso ကတော့ အကြွင်းမဲ့ အာဏာရှင် ဆန်ဆန် လျှို့ဝှက် ထောက်လှမ်းမှုတွေကို ကန့်ကွက်တဲ့ အကြောင်း ပြောဆိုပါတယ်။

VOA
အမေရိကန်တွေဟာကမ္ဘာ့ခေါင်းဆောင် ၃၅ ယောက်ရဲ့ တယ်လီဖုန်း ပြောဆို မှုတွေကို ထောက်လှမ်းခဲ့တယ် ဆိုတာကို အမေရိကန် အစိုးရ၊ ပင်တဂွန် နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အရာရှိတွေက အတည်ပြုခဲ့ပါတယ်လို့ The Guardian သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

အမေရိကန် အစိုးရက သူ့ရဲ့ မဟာမိတ် နိုင်ငံတွေကို ထောက်လှမ်းခဲ့တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ အမေရိ

DKBA တပ်ဖွဲ့ဝင်တစ်ဦး နင်းမိုင်းတစ်လုံး နှင့် လက်ပစ်ဗုံးတစ်လုံးကို မော်လမြိုင်ရှိ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနသို့လာရောက်အပ်

လာရောက်အပ်နှံသည့် ပစ္စည်းများကိုတွေ့ရစဉ်။ ဓာတ်ပုံ - အောင်ထိုက်ဦး

မော်လမြိုင် ၊ အောက်တိုဘာ ၂၄
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ကျိုက်ဒုံဒေသအခြေပြု DKBA ကလိုထူးဘောအဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ စောသန်း ဇော် ၃၈နှစ်သည် ၎င်းတစ်ဦးတည်း လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ အရပ်ဝတ် ဖြင့်ရောက်ရှိလာပြီး တပ် မှ ထွက်ပြေးလာကြောင်းပြောဆို ပြီး ၎င်းတွင်ပါရှိလာသော နင်း မိုင်း တစ်လုံးနှင့် လက်ပစ်ဗုံးတစ် လုံးကို အောက်တိုဘာ ၂ဝရက် ညနေ ၃နာရီခွဲတွင် မွန်ပြည်နယ် မော်

Friday, October 25, 2013

ဗုံးပေါက်ကွဲမှု ဖော်ထုတ်ရန် အမေရိကန် ကူညီဟုဆို

23-10-2013
အမေရိကန်နိင်ငံသူတစ်ဦး ထိခိုက်ဒဏ် ရာရှိခဲ့သည့်ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုကို ဖော်ထုတ်နိင်ရန် အမေ ရိ ကန် ပြည်ထောင်စုက နည်းပညာများပံ့ပိုး ကူညီခဲ့ကြောင်း သမ္မတရုံးမှ အဆင့်မြင့် 

အရာရှိ တစ်ဦးကပြောကြားသည်။
ကုန်သည်ကြီးများဟိုတယ်တွင် ထိခိုက်ဒဏ် ရာရရှိသူအမျိုးသမီးသည် အမေရိ

ကစားစရာသေနတ် ကိုင်ဆောင်လာသော ကလေးကို ရဲကမှားပစ်၍ သေဆုံး

Photo: တ် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီး ယားပြည် နယ်တွင် အသက်၁၃နှစ်အရွယ် ကလေး
တစ်ဦး ကိုင်ထားသော ကစားစရာ ပလပ်
စတစ် ရိုင်ဖယ်သေနတ်ကို ရဲဝန်ထမ်းတစ်
ဦးက တကယ့်သေနတ်ထင်ကာ ပစ် ခတ်ဖမ်းဆီးခဲ့သဖြင့် ကလေးမှာ သေ ဆုံးသွားခဲ့သည်။ထိုနေ့ အောက်တို ဘာ ၂၂ရက်က Andy Lopez ဟု အတည်ပြုနိုင်
သည့် ကလေးသည် သူငယ်ချင်းဖြစ်သူထံ

အားလုံးက အမြင်စောင်းလာနေတဲ့ စာနယ်ဇင်းလောက

တစ်နှစ်သား စာနယ်ဇင်း လွတ်လပ်ခွင့်
ပြီးခဲ့တဲ့နှစ် စာပေစိစစ်ရေး အဖွဲ့ကို 

ဖျက်သိမ်းပြီး သိပ်မကြာခင်  ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည် ပြည်သူ့
လွှတ်တော်ထဲ သွားပြီး “ ပုံနှိပ်- ထုတ်ဝေ ” ဥပဒေကြမ်း သွားတင်ပါတယ်။ အဲဒီ ဥပဒေကြမ်းတင်တဲ့အခါ ၀န်ကြီးက စာပေစိစစ်ရေး မရှိတော့လို့ စာနယ်ဇင်း လွတ်လပ်ခွင့်ပေး လိုက်လို့ ဂျာနယ်တွေ

“ဖေ့စ်ဘုတ်ပေါ်က တာတီးများ”


1. ကျနော်တို့ငယ်ငယ်က မြန်မာနိုင်ငံအလယ်
ပိုင်းမှာရှိတဲ့ မျြိ့ငယ်လေးတမြို့မှာ နေခဲ့ဖူးတယ်
။မြို့လေးက ရန်ကုန်-မန္တလေးရထားလမ်းဘေး မှာ တည်ရှိပါတယ်။တရက်မှာ လူငယ်လေးနှ စ်ယောက်ကို ရဲကဖမ်းပါတယ်ဖမ်းရတဲ့ အကြောင်းက ရန်ကုန်-မန္တလေး အမြန်ရထားကို ခဲနဲ့ပေါက်တဲ့ ပြစ်မှုပါရထားပေါ်က ခရီး သည်တစ်ယောက် ခဲမှန်တဲ့ ဒဏ်ရာကြောင့် မျက်လုံးတစ်ဖက်ပျက်သွားတယ်လို့

ကြိုက်သွားမှာပါ


သူ့ကို ကျွန်တော့် မိခင်တပ်ရင်းမှာ တွေ့ခဲ့ခြင်း ဖြစ်သည်။ လူကထောင်ထောင် မောင်းမောင်း၊ ဗလ ကောင်းကောင်း၊ အသံက လည်း ကျယ်ကျယ်၊ အာဘောင်အာရင်း သန်သန်ဖြင့် ပြောလွန်း သောကြောင့် ရဲဘော်တွေက သူ့နံမည်အရင်းရှေ့မှာ အာဇာနည်လို့ ထပ်တိုးပြီး အခေါ်ခံရသူ ဖြစ်သည်။ နံမည်ကတော့ ထားလိုက်ပါတော့။

ဆရာကြီးကား ရဲဘော်တွေအခေါ် ဆရာကြီး စီကြူ ဖြစ်၏။ ထိုစကားက အင်္ဂလိပ် ဘာသာဖြင့် Company Quartermaster  ကို အတိုကောက် ခေါ်ခြင်း ဖြစ်သည်။ တပ်မတော်ရာထူး အခေါ်အဝေါ် အမှန်အရ ဆိုလျှင် တပ်ခွဲတပ်ကြပ်ကြီး ဖြစ်သည်။ ဒါပေမယ့် တပ်မတော်ထဲမှာတော့ ဘယ်သူမှ ဒီလိုမခေါ် ဆရာကြီးစီကြူဟုသာအမည်တွင်သည်။

တပ်ခွဲတပ်ကြပ်ကြီး တနည်း ဆရာကြီးစီကြူကား အရာရှိမဟုတ်သော်လည်း တပ်ခွဲတစ်ခွဲတွင်မူ အတော်ကြီးသော အကောင် ဖြစ်သည်။ တပ်ခွဲ၏ ရိက္ခာကိစ္စအ၀၀ကို စီမံခန့်ခွဲရသည်။ ထိုအချိန်က ငှားရမ်းသုံးစွဲခွင့်ရှိသည့် အထမ်းသမား၊ လှည်း စသည်တို့ကို ငှားရမ်းခြင်း၊ ခွဲဝေအသုံးပြုခြင်းကိစ္စအ၀၀ကို ကိုင်တွယ်ရသည်။ တပ်ခွဲမှူးနဲ့

ဘယ်သူ တာဝန် ယူမလဲ ?

မကြာခင်လတ်တလောမှာ မြန်မာနိုင်ငံ နာမည်ရှိ မြို့ကြီးတော်တော်များများ မှာ ဗုံးကွဲဗုံး လန့်မှုတွေဖြစ် ခဲ့တာ အားလုံးအသိပဲ ဖြစ်တယ်။ ဗုံးဖောက်တဲ့တရားခံ တွေ ဟာ ဘယ်သူ ဘယ်ဝါတွေ ဆိုတာ သိရှိဖော် ထုတ်ပြီး ဖြစ်
သလို KNU လက်နက်ကိုင်အဖွဲ့အစည်း က ရာထူး အဆင့်တစ်ခု ရှိတဲ့ လူတွေဖြစ် တယ်ဆိုတာ လည်း အားလုံးအသိပဲဖြစ်တယ်။
ဒါပေမယ့် နိုင်ငံတော် သမ္မတ အပါအ၀င် ၊ အကြီးအကဲ အားလုံးဟာ လက်ရှိဆွေးနွေး ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေကို

ပြည်သူကိုလှည့်စား၊ ပြည်သူ့ကိုအသုံးချ မလုပ်ကြစေလို

၂၀၀၈ အခြေခံဥပဒေသည် တစ်နိုင်ငံ လုံးထောက်ခံမဲ ၉၉.၇ ရာခိုင်နှုန်းဖြင့် အတည်ပြုပေါ်ထွက်လာခဲ့ သည်။ ထိုအခြေခံဥပဒေကို အမှီပြု၍ လွှတ်တော် 
၃ ရပ်ပေါ်ထွက်လာသည်။ လွှတ်တော်
ကိုယ်စား လှယ်များ ရှိလာသည်။ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။ ယခု
အခါ ၂၀၀၈ အခြေခံဥပဒေကို ပြန်ပြင်
 မည်/ အသစ် ရေးဆွဲမည် ဟူသော အသံ
များ ကျယ်လောင်စွာထွက်ပေါ်လာသည်။ 
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားဆီးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ

လွှတ်တော် တကယ်ပဲအားကောင်းပြီလား

ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အသွင် ကူးပြောင်းလာခဲ့သော မြန်မာနိုင်ငံတွင် ဦးသိန်း စိန် အစိုးရ၏ သက်တမ်းသည် ကုန်ဆုံး ရန် သိပ်မလိုတော့ပြီဖြစ်သည်။ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သော ပြည်ထောင်စု လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်သည် လည်း လွှတ်တော်ဥက္ကဌများ၏ ဦးဆောင်မှု များဖြင့် ဟန်ချက်ညီစွာ အဆိုတင်သွင်းကြ၊ အတည်ပြုကြဖြင့် အားကောင်း လာခဲ့သည် ကို တွေ့မြင်နိုင်ပေ သည်။
ဤတွင် မေးစရာတစ်ခုရှိလာသည်။ လွှတ်တော် တကယ်ပဲအားကောင်းလာပြီလား၊ လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေးနှင့် နိုင်ငံတော်၏ ရေတို၊ ရေရှည်

Thursday, October 24, 2013

iPad 5 သို့မဟုတ် iPad Air


Photo: >> iPad 5 သို့မဟုတ် iPad Air <<

iPad Air လို့အမည်ရတဲ့ Apple iPad ရဲ့  ပဉ္စမ မျိုးဆက်ကို မိတ်ဆက်ပြသ လိုက်ပြီ ဖြစ်ပါတယ်။ WWDC 2013 Event မှာ ဖြစ်ပါတယ်။

ထူးခြားသွားချက်ကတော့ Air လို့အမည်ထည့်ပေးတဲ့အတိုင်း ပိုလည်း ပါးသွားသလို၊ ပိုလည်း ပေါ့သွားပါတယ်။ အထူ 7.5 မီလီမီတာ သာ ရှိပြီး အလေးချိန်က တစ်ပေါင်ထဲပါ။ အရင်ဗားရှင်းထပ် ၂၈ ရာခိုင်နှုန်းပေါ့သွားပြီး၊ ၂၀ ရာခိုင်နှုန်းပါးသွားပါတယ်။ ဒီဇိုင်းလည်း ပြောင်းလဲ သွားပါတယ်။ A7 Chip ကို အသုံးပြုထားပြီး 64 Bit Architecture ကို မြင်တွေ့ရမှာပါ။ Desktop Class architecture လို့ဆို ပါတယ်။ Antenna ၂တိုင်ပါပြီ။ Wi Fi အရင်က ထပ် ၂ ဆ ပိုမြန်သွားပါမယ်။ အရွယ်ကတော့ ၉.၇ လက်မ ရှိပါတယ်။ Retina Display့ို အသုံးပြုပြီး Resolution က 2048x1536 ရှိပါတယ်။

တစ်ခုရှိတာက ကင်မရာ ပြောင်းလဲမသွားပါဘူး။ iPad 4 တုန်းကလိုပဲ 5 Megapixel iSight Camera ကိုပဲ အနောက်မှာ ပြန်လည် အသုံးပြုထားမှုကြောင့် ယင်းအချက်ကို Apple ကိုချန်ခဲ့ခြင်း ဖြစ်ပါတယ်။ ရှေ့ ကင်မရာ ကတော့ ထုံးစံအတိုင်းပဲ 1.2 MP ဖြစ်ပါတယ်။ 16GB, 32 GB, 64GB, 128 GB ဆိုပြီး ၃ မျိုးထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကတော့ Wi Fi ဗားရှင်းအတွက် 499, 599, 699, 799 အမေရိကန်ဒေါ်လာဆီ သတ်မှတ်ထားပြီး Wi Fi+Cellular Version ကတော့ 629, 729, 829, 929 ဆီ ကုန်ကျမှာ ဖြစ်ကြောင်း သိရပါတယ်။

iPad Air အကြောင်းအသေးစိတ်ကို အောက်ပါလခ့်မှာ ဝင်ရောက် လေ့ လာ နိုင် ပါတယ်။

www.apple.com/ipad-air/

အောင်ခမ်း ( ရိုးရာလေး )

Source: YoYarLay 
Powered by >> www.myanmarcutegirl.com << iPad Air လို့အမည်ရတဲ့ Apple iPad ရဲ့  ပဉ္စမ မျိုးဆက်ကို မိတ်ဆက်ပြသ လိုက်ပြီ ဖြစ်ပါတယ်။ WWDC 2013 Event မှာ ဖြစ်ပါတယ်။
ထူးခြားသွားချက်ကတော့ Air လို့အမည်ထည့်ပေးတဲ့အတိုင်း ပိုလည်း ပါးသွားသလို၊ ပိုလည်း ပေါ့သွားပ
ါတယ်။ အထူ 7.5 မီလီမီတာ သာ ရှိပြီး အလေးချိန်က တစ်ပေါင်ထဲပါ။ အရင်ဗားရှင်းထပ် ၂၈

ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ခွင့်လွှတ်စေ ချင်တယ် ဆိုတဲ့ ဝါဝါအောင်

ဇာတ်ပို့တစ်ယောက်အနေနဲ့ ပီပြင်စွာ သရုပ်ဆောင်လေ့ရှိတဲ့ ဝါဝါ အောင်က ‘ကမ္ဘာထက်လည်တဲ့ဂျင်’ ဆိုတဲ့ ဇာတ်ကားမှာ လူလိမ်တစ်ယောက်အဖြစ် သရုပ်ဆောင် ထားပါတယ်။ဒီဇာတ်ကားမှာပရိသတ်တွေ 
 မြင်နေကျ အမေ၊ အဒေါ်ဇာတ်ရုပ်မဟုတ်ဘဲ အဝတ်အစားဒီဇိုင်းကအစ ပြောင်းလဲပြီး သရုပ်ဆောင် ထားတာကြောင့်..”ဒီကားမှာ

iphone5s ကို အရစ်ကျစနစ်ဖြင့် ပြည်တွင်း၌ ၀ယ်ယူနိုင်တော့မည်။

iphone5s-graphite-3အယ်ပဲလ်၏နောက်ဆုံးထွက် ထုတ်ကုန်ဖြစ်သည့် iphone5s ကို အရစ်ကျ စနစ်ဖြင့်ဝယ်ယူနိုင်ရန်အစီအစဉ်ကို လာမည့်နိုဝင်ဘာမှ စတင်ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်းi-life ကုမ္ပဏီမှ သိရသည်။
အဆိုပါအရစ်ကျစနစ်ကို ရန်ကုန်မြို့အတွင်းစတင်ပြုလုပ်မည်ဖြစ်ပြီး အရစ်ကျ ငွေပေးသွင်းနိုင်ရန်အတွက်ကိုမူ ဧရာဝတီဘဏ်နှင့် AGD ဘဏ်များနှင့် ချိတ်
ဆက်ပေးထားမည်ဖြစ်ကြောင်း i-life မှတာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ပြော

ရန်ကုန်မြို့ လဟာပြင် ဈေးနေရာ စီမံကိန်းမှ မြို့တော်စည်ပင်နှင့် ရွှေတောင်ကုမ္ပဏီ အကျိုးအမြတ် ခွဲဝေရေး လျာထားချက်ရှိ

ရန်ကုန်မြို့ လဟာပြင် ဈေးနေရာ စီမံကိန်းမှ မြို့တော်စည်ပင်နှင့် ရွှေတောင်ကုမ္ပဏီ အကျိုးအမြတ် ခွဲဝေရေး လျာထားချက်ရှိ
ရန်ကုန် အောက်တိုဘာ ၂၃
ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ဈေးအနီး လဟာပြင် ဈေးနေရာတွင် ၃၂ ထပ်အမြင့်ရှိ ဟိုတယ်နှင့် တခြားသော အဆောက်အအုံများ တည်ဆောက်ရန် စီမံကိန်းချ လုပ်ဆောင်မှုမှ လုပ်ကိုင်ခွင့်ရ ရွှေတောင် ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့

KIA မှ ရှမ်းရွာ(၁၀၀)ကျော်အား ဆက်ကြေးပေးဆောင်ရန် စာပို့ထား

KIA မှ ဗန်းမော်၊ မိုးမောက်မြို့နယ်များမှ ရှမ်းရွာ (၁၀၀)ကျော်အား တအိမ်လျှင် ငွေကျပ်(၂၀၀၀၀ိ) စီကို ဒီဇင်ဘာလ နောက်ဆုံးထား၍ ဆက်ကြေးပေးဆောင်ရန် စာများပေးပို့ထားကြောင်း ဗန်မော်ဒေသခံ တစ်ဦးမှ သတင်းပေးပို့ထားပါသည်။...အောက်တိုဘာလ (၈၊၉၊၁၀) ရက်နေ့များက မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက် ပူးတွဲ(၂)(ဃ)တွင် ဒေသခံပြည်သူများအပေါ် ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် နှစ်ဘက်လိုက်နာရန် အချက်များပါ(င)တွင် ပြည်သူလူထုထံမှ တရားမ၀င် အခွန်ကောက်ခံခြင်း၊ အတင်းအဓမ္မ ငွေကြေးပစ္စည်းများ ရယူခြင်းမပြုလုပ်ရ ဟု သဘောတူပါရှိ တာကို တွေ့ရပါသည်။
ရှမ်းနီ သတင်းဌာန

မြန်မာနှင့်ထိုင်း ဗီဇာမလိုဘဲ အပြန်အလှန် သွားလာနိုင်တော့မည်

ထိုင်းနိုင်ငံ လေဆိပ် ၂၃ ခုတွင် မြန်မာခရီးသွားများ ၀င်ထွက်နိုင်မည်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ခရီးသွားလာခွင့် ဗီဇာမလိုဘဲ ခွင့်ပြုရက် ၁၄ ရက်အထိ နှစ်နိုင်ငံ ခရီး သွားများအပြန်အလှန် ခရီးသွားလာနိုင်မည့်အစီအစဉ်ကို နှစ်ဖက်အစိုးရတို့ နိုဝင်ဘာလအတွင်း သဘော တူစာချုပ် ချုပ်ဆိုရန်ရှိပြီး အတည်ပြုနိုင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်သွားမည်ဟု ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mr Teerat Ratanasevi (မစ္စတာ ရာဒ်တနဇေ၀ီ)က မဇ္ဈိမကို ပြောသည်။
“ဒါက နှစ်နိုင်ငံအစိုးရ ဖော်ဆောင်နိုင်တဲ့ လုပ်ငန်းစဉ်တွေအနက် အင်မတန်ကောင်းမွန်တဲ့ အစီအစဉ်တစ် ခုဖြစ်ပါတယ်၊ ဒါကိုလည်း လုပ်သင့်တယ်လို့မြင်ပါတယ်၊ မကြာခင် အာဆီယံစီးပွားရေး အသိုက်အ၀န်းဆီ ကို ဖော်ဆောင်ဖို့လုပ်နေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ခရီးသွားလာမှုကိုလည်း ပိုမိုလွယ်ကူစေ ပါတယ်”ဟု သူက ဆိုသည်။
မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်လိုသည့် ခရီးသွားများအတွက် ထိုင်းနိုင်ငံရှိ လေဆိပ် ပေါင်း ၂၃ ခုဖြစ်သည့် သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်၊ ဟာဒ်ယိုင်၊ ဖူးခက်၊ နန်း၊ ဖိစလုလွတ်(ခ်)၊ မဲဆောက်၊ ခွန်ကန်(မ်)၊ နခွန်ရာဒ်ချစီမာ၊ အူဒွန်ဌာနီ၊ အူဘွန် ရာဒ် ချဌာနီ၊ ကရဘီ၊ တရန်(င်)၊ နာရာသီဝါဒ်၊ ရနောင်း၊ ဆူရာဒ်ဌာနီ၊ ဟွေဟင်၊ ဆမွီ၊ ဆူဂိုးထိုင်းနှင့် ဥသဖောင်(၀်) လေဆိပ် များမှ ၀င်ရောက်လာသည့် မြန်မာနိုင်ငံသား ခရီးသည်များကို ထိုင်းအစိုးရမှ ခရီးသွားလာခွင့်

ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက်ရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်








ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက် အမှိုက်ပုံအနီးရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း   ရွှေ့ပြောင်းပေးရန် အောက် တိုဘာ ၄ ရက်၊ နံနက်ပိုင်းက ငါးကြိမ်မြောက် အမိန့်ထုတ်ပြန် ခဲ့ကြောင်း ဒေသခံများ ၏ ပြောကြားချက် အရ သိရသည်။အဆိုပါ အမိန့်  စာတွင် ကျန်စစ်သား ရပ်ကွက်၊ နောက်ဆုံး စွန့်ပစ်အမှိုက် ဧရိယာ အတွင်း အောက်နယ်နိမိတ် သတ်ရာပါ (၃.၆၈)

ပုသိမ်မှ NLDပါ တီဝင်များ ပြိုကွဲ၍ ပါတီရှုံးဖျက်သိမ်းခြင်း ဖြစ်ရပ်မှန်

တရားခံအမြန်ဆုံး ဖမ်းဆီးနိုင်ရေးအတွက် KNU တပ်မဟာ (၃) ပူးပေါင်းဆောင်ရွက်မည် ဟုဆို

တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက် ကွဲမှုနှင့် ပတ်သက်ပြီး သံသယ တရားခံ ဟု သတ်မှတ်ခံရသော ကျောက်ကြီးမြို့ နယ် မေတ္တာရပ်ကွက်နေ စောထွန်းထွန်း ကို ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး
 တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အ စည်းများသို့ အမြန်ဆုံး ပေးပို့အပ်နှံသွား မည် ဖြစ်ကြောင်း KNU တပ်မဟာမှူး

ပြည်သူပိုင် သိမ်းထားသည့် ဆိုင်ကယ်နှင့် ကားများ ဈေးပြိုင် စနစ်ဖြင့် ရောင်း မည်

From : .. YMG
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။ ။ တိုင်း ဒေ

သကြီးနှင့် ပြည်နယ်အတွင်း ရှိတရားရုံးများ
တွင် ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်း
ထားသော သက်သေ ခံမော်တော် ယာဉ်နှင့် ဆိုင်ကယ်များကိုမပျက်စီးမီ ဈေး ပြိုင်စ နစ်ဖြင့် ရောင်း ချ သွားမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်

Wednesday, October 23, 2013

ဓမ္မစေတီ ခေါင်းလောင်း စာတမ်းဖတ်ပွဲ တက်ရောက်လိုသူ စာရင်းပေးနိုင်

ဓမ္မစေတီခေါင်းလောင်း စာတမ်းဖတ်ပွဲ ကျင်းပမည် တက်ရောက်လေ့လာလိုသူများ စာရင်းပေးသွင်းနိုင်ပြီ လို့ Nge Lay က ဖေ့စ်ဘုတ်မှတဆင့် အသိပေး နှိုးဆော်ထားပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝ ကျော် က ရွှေတိဂုံစေတီတော်ကြီးသို့ ဓမ္မစေတီ မင်းကြီး လှူဒါန်းခဲ့ပြီး အလေးချိန် ၁၈ဝဝဝဝ ပိဿာ ရှိသည်ဟုဆိုကြသော ဓမ္မစေ တီခေါင်းလောင်းကြီးနှင့်ပတ်သက်၍ စာတမ်းဖတ်ပွဲကို လာမည့် နိုဝင်ဘာလ ၉ ရက်နေ့ (စနေနေ့) နေ့လယ် ၁ နာရီ အချိန်တွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း

တစ်နိုင်ငံလုံး ၀ိုင်ဖိုင်အင်တာနက်လိုင်း အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Broadband Wireless(Wifi) အင်တာနက်လိုင်းရရှိရန် လုပ်ဆောင် သွား မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူ တစ်ဦး က အောက်တိုဘာ ၂၂ ရက်တွင် ပြော သည်။
အဆိုပါ Wifi အင်တာနက်လိုင်း ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အကျိုးတူ ပူးပေါင်း လုပ် ကိုင်မည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ များကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တင်ဒါဖိတ်ခေါ်ထား ကြောင်း ဆက် သွယ်ရေးနှင့်