Monday, February 10, 2014

ထိုင်း ရေတပ်သင်္ဘောများ သီလဝါ ဆိပ်ကမ်းသို့ လာရောက်မည်

Xinhua | တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၉ရက်၊၂၀၁၄ခုနှစ်။
ထိုင်း တော်ဝင်ရေတပ် ဗိုလ်လောင်း လေ့ကျင့်ရေး အစီ
အစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ထိုင်းတော်ဝင်
 ရေတပ် သဘောင်္ ၃စီးသည် ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၁၉ ရက်တွင် လာရောက်
မည်ဟု ဘန်ကောက်မြို့ရှိ ထိုင်းသံရုံးကို ကိုးကား၍
 ဖေဖော်ဝါရီ ၉ရက်တွင် မီဒီယာများက ဖော်ပြခဲ့ကြသည်။

ထိုင်းရေတပ် ဗိုလ်လောင်း ၆၉၅ ဦးနှင့် ရေတပ်အရာရှိများကို သယ်ဆောင်လာမည့် ထိုင်းသင်္ဘော ၃စီးသည် မြန်မာ အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်း (MITT)တွင် ငါးရက် ရပ်နားမည် ဖြစ်ကာ၊ ထိုကာလ အတောအတွင်းတွင် ထိုင်းရေတပ် ဗိုလ်လောင်းများ အနေဖြင့်၊ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် မြန်မာ-ထိုင်း ရေတပ် ချစ်ကြည်ရေး ဘော်လီဘောပွဲ တစ်ပွဲ ကစားခြင်း၊ သွေးလှူခြင်း၊ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ ဥယျာဉ် တစ်ခုတွင် သစ်ပင်များ စိုက်ပျိုးခြင်း စသည့် လှုပ်ရှားမှုများကို လုပ်ဆောင်ကြမည် ဖြစ်သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း ဂျပန်ရေတပ်သင်္ဘော သုံးစီးသည် ၎င်းးတို့၏ ပင်လယ်ရေကြောင်း ခရီးရှည် အစီအစဉ် အစိတ်အပိုင်း တစ်ရပ်အဖြစ် ရန်ကုန် သီလဝါ ဆိပ်ကမ်းသို့ လာရောက်ခဲ့ကြသေးသည်။

ဂျပန်ရေတပ်၏ ပင်လယ်ရေကြောင်း ခရီးရှည်တွင် သင်္ဘောသား ၇၃၀ ဦး ပါဝင်ခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းတွင် ဂျပန်ရေတပ်သဘောင်္များ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

No comments:

Post a Comment