Saturday, February 15, 2014

သမ္မတ မဖြစ်နိုင်တော့ ဟု ထုတ်ပြောခဲ့သည့် ဦးဝင်းတင်ကို မြင့်မြတ်ဂိုဏ်းက စိတ်ဆိုးနေ ဟု ဆို

သမ္မတ မဖြစ်နိုင်တော့ ဟု ထုတ်ပြောခဲ့သည့် ဦးဝင်းတင်ကို မြင့်မြတ်ဂိုဏ်းက စိတ်ဆိုးနေ ဟု ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မကြာသေးခင်က အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်နှင့် တွေ့ဆုံမေးမြန်းရာတွင် ၂၀၁၅ ၌ ဒေါ်စု သမ္မတ မဖြစ်နိုင်တော့ကြောင်း ဦးဝင်းတင်က ထုတ်ဖော်ပြောကြားခဲ့၍ ဒေါ်စုနှင့် နေပြည်တော်အဖွဲ့က မကျေမနပ် ဖြစ်နေ ကြောင်း သိရသည်။

" ဘဘ ဦးဝင်းတင်က ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်ရှိတယ်။ ပါတီဝင်တွေ ၊ ပါတီဝင်တွေရဲ့ မိသားစုတွေ နစ်နာတယ် ဒုက္ခခံကြရတယ်ဆိုတဲ့ စာနာစိတ်ရှိတယ်၊ ကိုယ်ချင်းစာတယ်။ နိုင်ငံရေးအကျဉ်းသားတွေဆိုလဲ ပြန်ကြည့်ပေးတာ ဘဘ ဦးဝင်းတင်ပဲ။  ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေကို ကြည့်ပါ၊ ဒေါ်စုကို ကျွန်တော်တို့က ခေါင်းဆောင်အဖြစ် လက်ခံထားတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ တစ်သားတည်း ဖြစ်တာက ဦးဝင်းတင်ပဲ" ဟု ရန်ကုန်တိုင်း NLD စည်းရုံးရေးမှူးတစ်ဦးက ပြောသည်။

"ဦးဝင်းတင်ရဲ့ စကားက ကျွန်တော်တို့ ဥက္ကဌကို စော်ကားတာပဲ။ ပါတီကူးလာတဲ့သူတွေကို သာကူး လို့ ပြောတာ အတော်ရိုင်းပါတယ်။ ကိုယ်ယုံကြည်လို့ ကိုယ် ပါတီပြောင်းတာ။ လက်မခံရင်လဲ အစကတည်းက လက်မခံနဲ့ပေါ့။ သူများတွေလို လွှတ်တော်ထဲ မရောက်လို့ ဘုကလန့် လုပ်နေတဲ့အထဲမှာ ကျွန်တော် မပါဘူး။ ကျွန်တော်က NLD အရှိန်နဲ့ လွှတ်တော်ထဲ ရောက်လာတာ မဟုတ်ဘူး။ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့တာ ကျွန်တော့်ဘာသာ အရည်အချင်းရှိလို့ လွှတ်တော်အမတ် ဖြစ်လာခဲ့တာပဲ။ သူများတွေလို NLD ပါတီထဲ ၀င်ပြီးမှ လွှတ်တော်ထဲ ရောက်တာ မဟုတ်ဘူး" ဟု NLD ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ပြောဆိုသည်။ 

ယခုနောက်ပိုင်းတွင် NLD ပါတီအတွင်း၌ ဒေါက်တာမြတ်ဥာဏစိုးနှင့် ဦးဝင်းမြင့် ဦးဆောင်သော မြင့်မြတ်ဂိုဏ်းနှင့် ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း ဦးဆောင်သော ၀င်းဝင်းဂိုဏ်းအတွင်း အားပြိုင်မှုများ ပြင်းထန်လာခဲ့ကြောင်း သိရသည်။ 

P-94082074
မကြာသေးခင်က အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်နှင့် တွေ့ဆုံမေးမြန်းရာတွင်
 ၂၀၁၅ ၌ ဒေါ်စု သမ္မတ မဖြစ်နိုင်တော့ကြောင်း ဦးဝင်းတင်က ထုတ်ဖော်ပြောကြားခဲ့၍ ဒေါ်စုနှင့် နေပြည်တော်အဖွဲ့က မကျေမနပ် ဖြစ်နေ ကြောင်း သိရသည်။
" ဘဘ ဦးဝင်းတင်က ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်ရှိတယ်။ ပါတီဝင်တွေ ၊ ပါတီဝင်တွေရဲ့ မိသားစုတွေ နစ်နာတယ် ဒုက္ခခံကြရတယ်ဆိုတဲ့ စာနာစိတ်ရှိတယ်၊ ကိုယ်ချင်းစာ တယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဆိုလဲ ပြန်ကြည့်ပေး


တာ ဘဘ ဦးဝင်းတင်ပဲ။ ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေကို ကြည့်ပါ၊ ဒေါ်စုကို ကျွန်တော် တို့ က ခေါင်းဆောင်အဖြစ် လက်ခံထားတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ တစ်သားတည်း ဖြစ်တာက ဦးဝင်းတင်ပဲ" ဟု ရန်ကုန်တိုင်း NLD စည်းရုံးရေးမှူးတစ်ဦးက ပြောသည်။
"ဦးဝင်းတင်ရဲ့ စကားက ကျွန်တော်တို့ ဥက္ကဌကို စော်ကားတာပဲ။ ပါတီကူးလာတဲ့သူတွေကို သာကူး လို့ ပြောတာ အတော်ရိုင်းပါတယ်။ ကိုယ်ယုံကြည်လို့ ကိုယ် ပါတီပြောင်းတာ။ လက်မခံရင်လဲ အစက တည်းက လက်မခံနဲ့ပေါ့။ သူများတွေလို လွှတ်တော်ထဲ မရောက်လို့ ဘုကလန့် လုပ်နေတဲ့အထဲမှာ ကျွန်တော် မပါဘူး။ ကျွန်တော်က NLD အရှိန်နဲ့ လွှတ်တော်ထဲ ရောက်လာတာ မဟုတ်ဘူး။ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့တာ ကျွန်တော့်ဘာသာ အရည်အချင်းရှိလို့ လွှတ်တော်အမတ် ဖြစ် လာ ခဲ့တာပဲ။ သူများတွေလို NLD ပါတီထဲ ၀င်ပြီးမှ လွှတ်တော်ထဲ ရောက်တာ မဟုတ်ဘူး" ဟု NLD ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ပြောဆိုသည်။
ယခုနောက်ပိုင်းတွင် NLD ပါတီအတွင်း၌ ဒေါက်တာမြတ်ဥာဏစိုးနှင့် ဦးဝင်းမြင့် ဦးဆောင်သော မြင့်မြတ်ဂိုဏ်းနှင့် ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း ဦးဆောင်သော ၀င်းဝင်းဂိုဏ်းအတွင်း အားပြိုင်မှုများ ပြင်းထန်လာခဲ့ကြောင်း သိရသည်။ 
ပြည်သူ့အာဏာ

No comments:

Post a Comment