Tuesday, February 11, 2014

ဘက်လိုက်မီဒီယာများ အမျိုးသားရေးသစ္စာဖောက် ဟု ဆို

မြန်မာပိုစ့်မှ လိမ်ညာဖော်ပြခဲ့သော လုပ်ရပ်
ဖေဖော်ဝါရီလ ၉ ရက်နေ့က ရွှေပြည်သာ 
သရဖီကွင်းတွင် ပြုလုပ်ခဲ့သော မြန်မာ 
အမျိုးသားကွန်ရက်၏ ပုဒ်မ ၅၉(စ
)ထောက်ခံပွဲတွင် အမျိုးသားသစ္စာဖောက်
မီဒီယာများ ကွင်းတွင်းမှ ထွက်သွားရန်
 ပြောကြား၍ မောင်းထုတ်ခဲ့ကြောင်း 
သိရသည်။

ရဟန်းရှင်လူ ပြည်သူပေါင်း တစ်သိန်းကျော် 

တက်ရောက်ခဲ့သည့် ယင်းအခမ်းအနားတွင်
 ဗိုလ်စိန်မှန်ကွင်း၌ အခမ်းအနားမစတင်မီ 
လူလွတ်နေသော ထိုင်ခုံများကို ဓါတ်ပုံရိုက်
ယူ၍ လူမရှိသည့် အသွင်ဖြင့် သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သော 7Day သတင်းစာ၊ အပုပ်ချရန် ကြိုတင် စီစဉ်ထားသော ဘောလုံးကန်သည့် ဓါတ်ပုံအား
ထည့်သွင်းဖော်ပြခဲ့သော မြန်မာပို့စ်သတင်းဂျာနယ်၊ လူ ၃၀ ခန့်သာ တက်ရောက်ခဲ့သည့် NLD ပါတီ ၏ အခမ်းအနားတစ်ခုကို လူ ၃၀၀ ဟု လိမ်ညာ ဖော်ပြခဲ့သော သတင်းစာ၊ ဂျာနယ်များကို အမျိုး သားသစ္စာဖောက် ဟု အမည်ပေးခေါ်တွင်ခဲ့ပြီး ရှိနေလျှင် ကွင်းတွင်းမှ ထွက်ခွါသွား ရန် ကြေ ညာခဲ့သည်။

"ဒီကနေ့ ပြည်တွင်းမီဒီယာတွေ လွတ်လပ်ခွင့်တွေ ရရှိလာပြီး အတော်ကလေး ဘက်လိုက်မှုတွေ ရှိလာတယ်။ ဘုန်ကြီးတို့ တက်တဲ့ ပွဲဆိုရင် သတင်းထဲ မထည့်ဘူး။ ထည့်ရင်တောင်မှ နှိမ့်ချပြီး ထည့် တယ်။ NLD ပါတီက လုပ်တဲ့ သတင်းဆိုရင် မျက်နှာလိုမျက်နှာရ ပိုပိုသာသာလေးတွေ ဖော်ပြ တာ တွေ့ရတယ်။ အင်း...မီဒီယာတွေထဲမှာလည်း ပိုင်ရှင်တွေက ဘယ်လိုနောက်ခံတွေ ရှိသလဲ မသိ ဘူးပေါ့။ ဒါပေမယ့် ဆက်ပြီး ဖြစ်လာမယ့် အနေအထားက အမျိုး ဘာသာ သာသနာကို မီဒီယာတွေ က ဖောက်ဖျက်တော့မလား တွေးမိပါတယ်။ ဘုန်းကြီးတို့ကို NLD ပါတီက ပစ်ပစ်ခါခါ စော်စော် ကား ကား ပြေတယ်။ ငရဲ ငအုံကြီးအောင် ဝေဖန်တယ်။ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီနိုင်ငံက ဘာ သာ သာသနာကို အထွဋ်အမြတ်ထားတဲ့ နိုင်ငံလေ။ ကမ္ဘာမှာ မြန်မာနိုင်ငံဆိုတာ ဘာသာတရားနဲ့ ပတ်သက်ပြီး အရမ်းကို အလေးထားတဲ့ နိုင်ငံ။ ဒီနိုင်ငံမှာ လူထု ထောက်ခံတဲ့ NLD ပါတီဝင်တွေက ဘာသာတရားကို စော်ကားလာတွေက သိပ်ပြီးတော့ မကောင်းတော့ဘူး။ အခု နောက်ပိုင်းမှာဆိုရင် သတင်းစာတွေ၊ ဂျာနယ်တွေကပါ ဘာသာတရား၊ ဘုန်းကြီးတို့တတွေကို တိုက်ခိုက်ပစ်မှားလာတာတွေ များလာပြီ။ ဒါကာ ဒကာမတွေကိုလည်း သိမ်ငယ်အောင်လုပ်တယ်။ NLD ဆိုရင် ကောင်းတယ်။ ဘုန်းကြီးတို့ လုပ်ရင် မကောင်းပြောတယ်။ သေးသိမ်အောင် လုပ်တယ်။ မီဒီယာ ဆိုတာ ဘက်မလိုက်ရဘူး။ ဘက်လိုက်နေရင် မီဒီယာလို့ မခေါ်တော့ဘူး။ ၀ါဒဖြန့်စာစောင်တွေပဲ ဖြစ်သွားမယ်။ လူတစ်ဦးချင်း အကြိုက်တော့ ရှိချင်ရှိမယ်။ ဒါပေမယ့် မီဒီယာတစ်ခုလုံးအနေနဲ့ ဆိုရင် ဒီအကြိုက်တွေကို ဘေးဖယ်ထားဖို့ လိုမယ် ထင်တယ်" ဟု ရွှေပြည်သာပွဲ တက်ရောက်ခဲ့သော ဦးဆောင်သံဃာတော်တစ်ပါးက မိန့်သည်။

"ကျွန်တော်တို့က NLD ပါတီကို ရည်ရွယ်တိုက်ခိုက်နေတာ မဟုတ်ဘူး။ ဒါပေမယ့် NLD ပါတီက ကျွန်တော်တို့ လှုပ်ရှားမှုကို လိုက်ပြီး တိုက်ခိုက်တယ်။ ဗိုလ်စိန်မှန်ကွင်းမှာ အောက်တန်းကျတဲ့ အလုပ်တွေ လုပ်ပြီးပြီ။ အခု ရွှေပြည်သာပွဲကျတော့ သတင်းမီဒီယာတွေက ပညာပြတယ်။ သတင်းမီဒီယာဆိုတာ ပြည်သူဖတ်လို့ ရပ်တည်နေတာ။ အခု ဆိုရင် အမျိုး ဘာသာ သာသနာကို စော်ကားတဲ့ မီဒီယာတွေ များလာပြီ။ ကမာရွတ်မီဒီယာ ဆိုရင် OIC အထောက်အပံ့နဲ့ လုပ်နေတာ။ မွန်းတည့်နေ၊ အာရှအလင်း ဒီဂျာနယ်တွေနောက်မှာ ဘယ်သူတွေလဲ။ စဉ်းစားသာကြည့်။ အခု ဆိုရင် မြန်မာပို့စ်နဲ့ ဆဲဗင်းဒေးကလည်း ဘင်္ဂလီဂျာနယ်တွေ ဖြစ်လာနေပြီ။ သံဃာထုနဲ့ လူထုကို စော်ကားတာ များလာရင် တန်ပြန် ဒဏ်ခတ်တာ ခံရမှာပါ။ ကျွန်တော်တို့ကတော့ ကိုယ်လုပ်စရာ ရှိတာကိုပဲ ဆက်ပြီး လုပ်သွားမှာ။ ဒါက ဘယ်သူ့ တိုက်တွန်းချက်၊ ဘယ်သူ့ပံ့ပိုးမှုမှ မပါဘူး။ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် လုပ်တာ။ ဆက်ပြီးတော့လည်း တစ်နိုင်ငံလုံး ဆက်လုပ်သွားမယ်။ မန္တလေးမှာ ဆက်တိုက်လုပ်မယ်။ မီဒီယာတွေကို ကျွန်တော် ပြောချင်တာက အမျိုး ဘာသာ သာသနာကို မကာကွယ်ချင်နေပါ၊ ကာကွယ်နေတဲ့သူတွေကို မစော်ကားနဲ့ ဆိုတာပါပဲ" ဟု မြန်မာအမျိုးသား ကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ဒီအတိုင်းဆိုရင် NLD နဲ့ မီဒီယာတွေကတစ်ဘက်၊ သံဃာတွေနဲ့ လူထုက တစ်ဘက် ဖြစ်လာတော့မယ် ထင်တယ်။ အမျိုးသားရေးသစ္စာဖောက် ဆိုတာ ထရိုဂျင်မြင်းလိုပဲ မသိမသာ ၀င်ယူတာ။ ပြီးမှ ဆော်တာပေါ့။ ထရိုဂျင် ဆိုတာ အသားထဲက လောက်၊ သစ္စာဖောက်ဗျ။ အခု မီဒီယာတွေက ထရိုဂျင် ပုံ ပေါက်လာနေပြီ" ဟု လေ့လာသူတစ်ဦးက ပြောဆိုသည်။

မြန်မာအမျိုးသားရေးကွန်ယက်၏ လှုပ်ရှားမှုများကို ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် ကြားဝင်နှောက်ယှက်ရန် ကြိုးပမ်းခဲ့သော NLD ပါတီဝင်များ၊ ပြည်တွင်းမီဒီယာများ ပါဝင်နေပြီး အမျိုးသားရေးဝါဒီများနှင့် ထိပ်တိုက်တွေ့ဆုံနိုင်သည့် အလားအလာများလည်း အားကောင်းလာနေကြောင်း သိရှိရသည်။


MEG

No comments:

Post a Comment