Friday, February 14, 2014

ဂဠုန်ဦးစော မြေးမဟုတ်ဟု ဦးရဲထွဋ် တုံ့ပြန်

ပုဂ္ဂိုလ်ရေးရာ ထိုးနှက်ချက်များ
ရှိလာသည့်အတွက် မိမိမှာ 
ဂဠုန်ဦးစော၏မြေးမဟုတ်ဟု
 ပြန်ကြားရေးဝန်ကြီးဋ္ဌာန 
ဒုတိယ၀န်ကြီးနှင့် နိုင်ငံတော် 
သမ္မတပြောရေးဆိုခွင့်ရှိသူ 
ဦးရဲထွဋ်က ရှင်းလင်းပြောကြား
လိုက်သည်။
အင်တာနက်ပေါ်၌ ချက်အောက်ထိုးတဲ့ လုပ်ရပ်တစ်ခုကြောင့် ယခုကဲ့သို့ ပြန်လည်ဖြေရှင်းရခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။ 
“ ကျွန်တော် ဦးစောရဲ့ မြေးမဟုတ်ပါ။ ဦးစောမြေး အရင်းတွေက ×× ရင် ပါတဲ့ နာမည်နဲ့ ဆုံးပါ တယ်၊ 7 Day ဂျာနယ်က လီလီပန်းလေးများ ဆောင်းပါးကို ဖတ်ကြည့်ပါ။ အခု သတင်းကတော့ ကျွန်တော့်ကို ပုဂ္ဂိုလ် ရေးတိုက်ခိုက်မှု၊ ချက်အောက် ကိုထိုးတဲ့ အကွက်တွေပါ။ နောက်လည်း ဒါ မျိုးတွေလာဦးမှာပဲ” ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၄င်း၏ လူမှုကွန်ယက် စာမျက်နှာ မှတဆင့် အသိပေးပြောကြားလိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့ သတင်းများထွက်ပေါ်လာခြင်းမှာ ယခုအပတ်ထုတ် Messenger ပါ ၄င်း၏ အင်တာ ဗျူးကြောင် ဟု ထင်ကြောင်း၊ ယခင် အင်တာဗျူး ပါဝင်ပြီးနောက်ပိုင်းအချိန်များကလည်း မဟုတ် မမှန် သတင်းများထွက်ပေါ်ခဲ့ဖူးကြောင်း သိရသည်။
“ ဦးစောမြေးအရင်းဆိုရင်လည်း ကျွန်တော်ဘာမှ ကွယ်ဝှက်စရာအကြောင်းမရှိပါဘူး။ ကျွန်တော့် ကို ဆုံးဖြတ်မှာ ကျွန်တော့် လုပ်ရည်ကိုင်ရည်နဲ့ ကျွန်တော့် ကိုယ်ကျင့်သိက္ခာပါပဲ။ ကျွန်တော်က အဖေ၊ အဖိုး ဂုဏ်ကိုသုံးပြီး လုပ်စားတတ်တဲ့သမိုင်း မရှိ သလို မိမိ အဖေ၊အဖိုး ဘယ်သူဆိုတာကို ကွယ်ဝှက်ထားလောက်အောင်လည်း သတ္တိမနည်းပါဘူး” ဟု ဦးရဲထွဋ်က ဆိုထား သည်။

သမိုင်းကို သင်ခန်းစာယူ၍ ခရီးဆက်ခြင်းကသာ မျိုးဆက်သစ်များအတွက် ကောင်းမွန် သည့်အနာ ဂါတ်ခရီးကို ပေးစွမ်းနိုင် မည်ဖြစ်ကြောင်း၊ ကိုယ့်လူမျိုးအချင်းချင်းအထင်အမြင်သေးအောင် မလုပ် သင့်ကြောင်းနှင့် ထိုကဲ့သို့ပြုလုပ်သူများ၏ အကြံကို လည်း မြင်အောင်ကြည့်စေလိုကြောင်း ပြည်သူ တစ်ဦးက ယခုကဲ့သို လူမှုကွန်ယက်စာမျက်နှာ၌ မှတ်ချက်ပြုထားသည်။

“ ဦးစော ဟာ လူတော် တစ်ယောက်ဆိုတာကို သိမှီဖူးတဲ့သူတိုင်း သိကြပါတယ်...ကိုယ့်အချင်းချင်း အထင်အမြင် မှားအောင် လုပ်ပေးခဲ့တဲ့ နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ အကြံကို မြင်အောင် ကြည့်စေချင် ပါတယ်...ဥပမာအနေနဲ့ ကပ္ပတိန် ဗီဗီယန်း တို့လို ပေါ့...ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ရဲ့ ကံကြမ္မာလို့ပဲ သဘောထားပြီး ဗိုလ်ချုပ်မှာခဲ့တာတွေကို လေးလေးစားစား လိုက်လုပ်ပေးကြ တာက တကယ် လက်တွေ့ကျမယ်ထင်ပါတယ်...” ဟု ကိုအောင်ကျော်က မှတ်ချက်ပြုပြောကြားထားသည်။

ဂဠုန်ဦးစော၏ မြေးများမှာ ရန်ကုန်၌ပင် သက်ရှိထင်ရှားရှိနေသေးကြောင်း သိရသည်။

Credit to:Myit Ma Kha Media Group

No comments:

Post a Comment