Monday, February 10, 2014

၁၅၀၀ အချစ်တော့မရှိဘူး ၅၂၈ တော့ရှိတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

ဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ပြီး ပရိ
သတ်တွေ အကြားမှာ နေရာတစ်နေရာ အခိုင် အမာရ
ရှိထားတဲ့ အနုပညာရှင်က တော့ သင်ဇာဝင့်ကျော်
ပဲဖြစ်ပါ တယ်။ အခုနောက်ပိုင်းမှာ ကာရိုက်တာမျိုးစုံ ရိုက်ဖြစ်နေတဲ့ သင်ဇာဝင့်ကျော်က ဇာတ် ကားတွေ ထွက်လာရင်လည်း အမြဲတမ်း ပြန် ကြည့်ပြီး ဝေ ဖန် ဖြစ်ကြောင်းကို…“အခုနောက်ပိုင်းရိုက် လိုက်တဲ့ 
ဇာတ် ကားတိုင်းက ဆင်းန်၃ဝ ကျော်လောက် ရှိတယ်။လူကတော့ တော်တော်ပင်ပန်း တယ်။  ဒါပေမဲ့ ဇာတ်ကားတွေထွက် လာတဲ့အခါ ကျတော့ ကိုယ့်အတွက် အနုပညာမှတ် တိုင်အဖြစ် ကျန်တယ်။ သင်ဇာ့ဇာတ်ကားလေးတွေထွက်လာ ရင်လည်း ပြန်
ကြည့်ဖြစ်ပြီး ကိုယ့် ရဲ့ အားသာချက်၊ အားနည်းချက်ေ တွ
ကိုဝေဖန်ဖြစ်တယ်” လို့ပြောပါ တယ်။ အဲဒီနောက်မှာတော့ ချစ်ခြင်း မေတ္တာနဲ့ ပတ်သက်လို့ ၁၅ဝဝ အချစ်တော့ မရှိကြောင်း ပြော လာတဲ့ သင်ဇာဝင့်ကျော်ကို လက် ရှိနှလုံးသားရေးရာ စိတ်ခံစားမှု အကြောင်း မေးကြည့်တော့.. “သင်ဇာ့မှာ ၁၅ဝဝအချစ်တော့ မရှိ ဘူး။ ၅၂၈အချစ်တွေပဲရှိတယ်။ မိသားစု အချစ်၊ မိဘအချစ်၊ ဆွေမျိုးအချစ်၊ သူငယ် ချင်းအချစ်တွေရှိတယ်။ အခုအရွယ်မှာ အဖေ၊အမေတွေနဲ့ပဲ နေပြီးတော့ မိဘကို လုပ် ကျွေးချင်တယ်။အပူရှာဖို့ စိတ်ကူးမရှိသေးပါဘူး” လို့ ပြောပါတယ်။ ဒါ့အပြင် အခုအရွယ်ချစ်နဲ့ ဆယ်ကျော်သက် အရွယ်တုန်းက ခံစားဖူးတဲ့အချစ်ရဲ့ ကွာခြားချက်နဲ့ပတ် သက် ပြီး သင်ဇာဝင့်ကျော်က..

“အရင်တုန်းကတော့ အချစ်မရှိ ရင် မနေနိုင်တာ် တွေ ဆယ်ကျော် သက်ဘဝမှာရှိခဲ့ဖူးတယ်။ မရှိရင် လည်း နေနိုင်တာပဲ။ အချစ်မရှိရင် ပိုကောင်းသေးတယ် လို့ တော င်ပြောရင်ရတယ်။ ဆယ်ကျော် သက်တုန်းက ရူးမိုက် တဲ့အတွေး အခေါ်နဲ့ အခုအတွေးအခေါ်က တခြားဆီ ဖြစ်နေတယ်။ ရင့်ကျက်တဲ့ အချိန်မှာ အချစ်ဆိုတာ ဒီလိုမျိုး ဖြစ် တာလားဆိုတဲ့ အသိတွေရှိလာတယ်” လို့ ပြောပါတယ်။

No comments:

Post a Comment