Monday, February 10, 2014

ပြောင်းလဲသွားသော စင်္ကာပူမြန်မာသံရုံး

        ယခင်မြန်မာသံရုံးကို သွားဖူး အခွန်ဆောင်ဖူးသူတွေအဖို့ အဲဒီခေတ်က ဘယ်လိုဘယ်ညာဆိုတာ အသည်းထဲ စွဲနေအောင် မှတ်မိနေကြသလို ကွယ်ရာ
ကနေ ကလော်တုတ်ခဲ့ကြတာလည်း မိုးကိုမွန်နေတာပါပဲ။ ဒါ့ကြောင့် အခုလို ပြောင်းလဲကောင်းမွန်လာတဲ့
အခါမှာလည်း ချီးမွမ်းကြိုဆိုကြဖို့ လို
တယ်လို့ ယူဆလို့ ဒီစာကို ရေးဖြစ်ပါ
တယ်။ (ပြောင်းလဲမှုတွေဟာ အရင်နှစ်ကတည်းက စတင်ခဲ့တယ်
လို့ သူငယ်ချင်းတွေကဆိုပါတယ်။)
ယခင်နဲ့ ယခုကွာခြားချက်များကို ပြောပြပါ့မယ်။လက်ရှိဝန်ထမ်းထဲမှာလည်း အရင်တုန်း ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ဝန်ထမ်းတွေ ရှိကောင်းရှိမှာပါ။သူတို့ကိုယ်တိုင်လည်း အရင်စနစ် အနေအထားထက် ယခုစနစ် ယခုအနေအထားကိုပိုပြီး နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
၁။ ယခင်။ ။ တုံကင်နံပါတ်ယူခြင်း။ယခင်တုန်းက မနက် အစောကြီး သုံးလေးနာရီထပြီး သံရုံးကိုပြေး မနက် ငါးနာရီမတိုင်ခင်ကတည်းက တန်းစီပြီး တုံကင်ယူရပါ တယ်။စာမေးပွဲရာ သီဆိုရင် ည၁၂နာရီသွားယူရပါတယ်။ (ကိုယ်တွေ့တွေပါ။)

၁။ ယခု။ ။ အခုတော့ Singapore Government နဲ့ အပြိုင်Online Appointment System နဲ့ Appointment ယူလို့ရပါပြီ။Appointment Canel လုပ်တာ Redo လုပ်တာ အကုန် Online ကနေ လုပ်ရုံပါပဲ။
၂။ ယခင်။ ။ လိုအပ်သည့် စာရွက်စာတမ်းများ။အရင်တုန်းက သံရုံးသွားရတော့မယ်ဆိုရင် ကူကြပါ ဦး ကယ်ကြပါဦး ဘာစာရွက်တွေယူသွားရမှာလဲ ဆိုပြီး အချင်းချင်း သိုင်းကြဝိုင်းကြရပါတယ်။ တခုခုလိုနေရင်တရက်ပုတ်တာမို့ အလွဲအကျန်မခံနိုင်ကြပါဘူး။ဟိုရောက်လို့ရှိရင်လည်း ဘယ်သူ့ အဖေခေါ်ရမှန်းမသိမျက်စိသူငယ်နားသူငယ်နဲ့ ဘေးကလူတွေပဲ မေးမြန်းပြီး တွေ့တဲ့တန်းဝင်တန်း စီတာပါပဲ။
၂။ ယခု။ ။ အခုတော့ လိုအပ်တဲ့ စာရွက်စာတမ်းကို တခါတည်း စာရင်းပြုစုပေးထားတယ်။ ဖြည့်ရ မယ့် ဖေါင်ကိုတခါတည်း Appointment ယူကတည်းက တွဲပြီး ထုတ်ပေးလိုက်တယ်။(ကိုယ့်ဘာသာ Print လုပ်ရုံပဲ။)သံရုံးကိုဘယ်အချိန်ရောက်အောင်လာ ဘယ်ကိုသွားဘာလုပ်ရ မယ်ဆိုတာအကုန် လုံး အဆင့်ဆင့်ရေးထားပါတယ်။
၃။ ယခင်။ ။ ဘာမဆို ကော်ပီကလည်း အစုံလိုက် အစုံလိုက်ရှိကို ရှိမှဖြစ်ပါတယ်။သံရုံး က ကော်ပီ ယာစက်က ဘယ်နှခုနှစ်ကတည်းက ပျက်နေမှန်းမသိပါဘူး။ကော်ပီမရှိရင်အောချတ်ဘက် ကိုပြေး .
(အဲဒီနား ဘယ်မှာကော်ပီစက်ရှိမှန်းမသိလို့ ဘယ်ထိပြေးရသလဲဆိုတာတော့ မသိပါဘူး။)

၃။ ယခု။ ။ အခုတော့ ကော်ပီကူးဖို့ကျန်ခဲ့သလား ကိစ္စမရှိဘူးသံရုံးမှာ ကော်ပီကူးပေးတယ်။
ဘေးမှာကော်ပီလာကူးနေတာ တွေ့ရသလောက်တော့ ပြားနှစ်ဆယ်ပေးရတယ်ထင်တယ်။
SG ICA/MOM နဲ့တပုံစံတည်းဖြစ်သွားပြီ။

၎။ ယခင်။ ။ ကော်ပီယာတင်မဟုတ်ဘူး တခြားဟာတွေဆိုလည်း စုတ်တီးစုတ်ပဲ့နဲ့ဘေး က နိုင် ငံခြား သားတွေက တအံ့တသြလာကြည့်ပြီးသနားစရာသတ္တဝါတွေပဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်ခံ ရတာ အမြဲပါပဲ။ဓါတ်ပုံရိုက်တော့ ကင်မရာကတော်တော်စုတ်ချာတော့Passport ထဲက ဓါတ်ပုံက မှုန်ဝါးစုတ်ပြတ်နေတာပါပဲ။

၎။ ယခု။ ။ DSLR ဗျာ 18-55 Kit Lens နဲ့ တခါတည်း PC နဲ့ ချိတ်ထားတယ်။ ဓါတ်ပုံ/လက်ဗွေယူတာ သုံးခန်းရှိတယ်။ မြန်တာမှ ဖျတ်ဖျတ်ဆိုပြီးရိုက်ပြီးသွားပြီ။ လက်ဗွေယူတဲ့စက်ကလည်း ICA ကလို စက်မျိုးဗျ။မြန်တယ် တခါတည်းDigital လက်ဗွေယူလိုက်ရော။အစအဆုံးမှ သုံးမိနစ်လောက်
ပဲကြာ မယ်ထင်တယ်။

၅။ ယခင်။ ။ အရင်တုန်းက အခွန်ဆောင်ရတယ်ဆိုတာသတ်မှတ်နှုန်းထားနဲ့ ဆောင်ရတာပါ။ EP/PR 120 နဲ့ တနှစ်ကို ၁၄၄၀ပါ။စင်္ကာပူအစိုးရကို အခွန်ဆောင်ရတာတောင် တနှစ်ကို ငါးရာ မရှိပါဘူး။
အိမ်ဖေါ် ၂၅၊ သူနာပြု ၃၅၊ အလုပ်ကြမ်းသမား ၄၀၊SPass ၈၀ ဆောင်ရပါတယ်။Double Taxation ဆိုတာကြီးကို စင်္ကာပူအစိုးရကိုယ်တိုင်ကမြန်မာအလုပ်သမားတွေကိုယ်စား ဆွေးနွေးပေးပေမယ့် ဘာမှ အရာမထင်ခဲ့ပါဘူး။


၅။ ယခု။ ။ အစိုးရအသစ်/ဥပဒေအသစ်တွေထွက်လာပြီးသင့်လျှော်တဲ့ အခွန်နှုန်းထား လည်း ဖြစ် သွားပါပြီ။
စင်္ကာပူအစိုးရကို အခွန်ဆောင်ထားတဲ့ အထောက်အထားများ သေချာပြနိုင်တယ်ဆိုရင်၂၀၁၁ အတွင်းမှာ အခွန်ကင်းလွတ်ခွင့် ပေးမယ်လို့လည်းဆိုပါတယ်။(ကျွန်တော့်စာရွက်စာတမ်းများ Process လုပ်ဆဲပါ။) ဒီလိုနဲ့ Double Taxationကိစ္စလည်း အဆင်ပြေသွားပါပြီ။၂၀၁၂ ဇန်န၀ါရီက စပြီး အခွန်ကင်းလွတ်ခွင့်လည်း ရသွားပါပြီ။

၆။ ယခင်။ ။ ပူလောင်အိုက်စပ် ထိုင်စရာမရှိသဖြင့်သံရုံးခြံဝင်းထဲမှာ မတ်တပ်ရပ်နေ ကြသော မြန် မာလူမျိုးသံရုံးဒုက္ခသည်များရုံးဖွင့်ရက် နေ့တိုင်းလိုလိုမြင်ရပါတယ်။မိုးရွာအစို နေပူအခြောက် ပေါ့ ခင်ဗျာ။ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။နေ့လည်မှာ ကောင်တာ ပိတ်ပြီ   ပြန်တော့ဆိုလို့တနေကုန် နေပူထဲရပ်ပြီးဘာမှမပြီးမြောက်ဘဲ ပြန်ရတာမျိုးလည်းဖြစ်ဖူးပါတယ်။
 နောက်နေ့ထပ်လာပေါ့။

၆။ ယခု။ ။ အတွင်းမှာ အဲယားကွန်းကလည်း အေးလို့အပြင်မှာလည်း အမိုးနဲ့ ထိုင်ခုံနဲ့။Queue system board ကို ကြည့်ပြီး အဲဒီက ညွှန်တဲ့ Counter ကို သွားရုံပဲ။Queue ကလည်း မြန် သလားမမေးနဲ့။ ၉နာရီခွဲပဲရှိသေးတယ် ၁၀၀ ကျော်နေပြီ။

၇။ ယခင်။ ။ အရင်တုန်းက သံရုံးမှာ ငေါက်တတ်တဲ့သူက တဝက်လောက်ရှိပါတယ်။ ကျန်တဲ့တ ဝက်လောက်ကတော့ သဘောကောင်းပါတယ်။ဒါပေမယ့် သူတို့လည်း ကိုယ်တွေလိုပဲ အငေါက် ခံရတဲ့လူတန်းစားများဖြစ်နေသလားတော့မပြောတတ်ဘူး ပြုံးပြုံးရွှင်ရွှင်/ရွှင်ရွှင်ပျပျဖြစ်မနေ  တာတော့ သတိထားမိတယ်။ကိုယ့်ရှေ့က လူကို ငေါက်နေပြီဆိုရင် တခန်းလုံးကလူတွေမ သာအိမ် လာတဲ့ပရိတ်သတ်လို မျက်နှာသေလေးတွေနဲ့ပေါ့ဗျာ။တခေါက်တော့ အန်တီကြီးတယောက်နဲ့
ဝန်ထမ်းတယောက်အော်ကြီးဟစ်ကျယ်တွေ စကားများကြတာကြုံခဲ့ဖူးပါတယ်။


၇။ ယခု။ ။ အပေါ်က လို အပြောင်းအလဲတွေကြောင့်လာတဲ့သူတွေလည်း လိုအပ်တာတွေ အကုန်လုံး အဆင်သင့်ယူလာကြလို့ အဆင်မပြေဖြစ်မှုတွေ အများကြီးလျော့နည်း သွားမှာသေချာ သလောက် ပါပဲ။ ပြီးတော့ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးဟာအရင်နဲ့ မိုးနဲ့မြေလောက် ကွာခြား သွားတာလည်း ကိုယ်တွေ့မြင်ခဲရပါတယ်။(အခုလိုကျပြန်တော့ Officer ကစကားပြောနေတာကိုဖုန်းကို ကလိနေတဲ့ သူက ရှိသေး။ ဘေးကနေ နားရင်းတောင်ဝင်ရိုက်ချင်မိတယ်။) ဝန်ထမ်းတွေကိုယ်တိုင်လည်း အရင် လိုမဟုတ်ဘဲ စိတ်ချမ်းချမ်းသာသာရှိကြမယ်ထင်တယ်။

အခုကြုံခဲ့တာဟာ ကျွန်တော့်ကို ဆက်ဆံတဲ့အတွေ့အကြုံထက်ဘေးက အလုပ်ကြမ်းသမားတွေ အိမ်ဖေါ်တွေရဲ့ အတွေ့အကြုံကိုကြည့်/မြင်/ခံစားပြီး ရေးဖြစ်တာပါ။မနက်ကတင် အိမ်ဖေါ် တစ်ယောက်ကို လိပ်စာတို့ ဘာတို့အင်္ဂလိပ်လို ကူဖြည့်ပေးခဲ့ပါသေးတယ်။အရင်က ကျွန်တော်တို့ လို Educated Office Worker တွေမဟုတ်တဲ့အဲဒီလူတွေ မြန်မာသံရုံးထဲမှာ ဘာလုပ်ရမှန်းမသိဘာမှ လည်း မလုပ်တတ် ဘယ်သူ့အကူအညီတောင်းရမှန်းမသိမျက်ရည်လေး ကလည်ကလည်နဲ့ ငိုမဲ့ငို မဲ့ဖြစ်နေတာ ကြုံဖူးပါတယ်။

နိဂုံးချုပ်အနေနဲ့ ....
မြန်မာသံရုံးဟာ အခုလို ကြီးမားတဲ့ ပြောင်းလဲမှုကြီးလုပ်လိုက်တာဟာ စင်္ကာပူကဝန်ကြီးဌာနတွေနဲ့
တောင် နှိုင်းယှဉ်လို့ရပါတယ်။မြန်မာနိုင်ငံသားတွေအနေနဲ့လည်းမြန်မာသံရုံးဆိုတာ စိတ်ဆင်း ရဲစရာနေရာကြီးမဟုတ်တော့ဘူးဆိုတဲ့အချက်တစ်ချက်နဲ့တင် တော်တော်ပျော်ဖို
့ကောင်းနေ ပါပြီ။ စင်္ကာပူရောက်မြန်မာနိုင်ငံသားများ အခုလိုစိတ်ချမ်းသာ အဆင်ပြေအောင်ပြောင်းလဲပေးခဲ့ တဲ့ သံရုံးတာဝန်ရှိသူများ အားလုံးကိုစင်္ကာပူရောက် မြန်မာများကိုယ်စား ကျေးဇူးတင်ပါ တယ်။မြန် မာပြည်က ရုံးတွေလည်း ဒီလိုပဲစနစ်တကျနဲ့ အဆင်ပြေပြေတွေဖြစ်ကုန်ရင်သိပ်ကောင်းမှာပဲ
လို့လည်း တွေးမိကြောင်းပါခင်ဗျာ။
Kal
Note : ၂၀၁၄-ဖေဖေါ်ဝါရီ ၁ရက်နေ့မှစပြီးမြန်မာ Passport အသစ်ထုတ်ပေးတဲ့ ၀န်ဆောင်ခ
ဒေါ်လာ ၁၅၀ ကနေ ၃၅ ဒေါ်လာလို့ပြောင်းလဲလိုက်ပြီဖြစ်ကြောင်းလည်း အသိပေးပါရစေ။
( Credit to Kalvin Alexander )

No comments:

Post a Comment