Wednesday, February 19, 2014

အချစ်ဆိုတာ သင်ဇာ့ဘ၀မှာ မရှိလည်းဖြစ်တဲ့အရာတစ်ခုပါလို့ ဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်

ရဲရင့်ပွင့်လင်းပြီး ကိုယ်စိတ်ထဲက ပုံစံအ တိုင်း နေထိုင်ပြုမူတတ်သူလေးကတော့ သင်ဇာဝင့်ကျော်ပါပဲ။ အားလုံးနဲ့ မတူတဲ့ 
ပုံစံမျိုး၊ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်
ရင်ထဲ ၀င်လာခဲ့တဲ့ သူမနဲ့ တွေ့ဆုံခိုက်
 သူမရဲ့ လတ်တလော အနုပညာလှုပ်
ရှားမှုနဲ့ အချစ်ရေး အကြောင်း မေး ကြည့်ဖြစ်တဲ့အခါ ‘ခုရိုက်နေတဲ့ကားလေးက အဆုံး=အစပေါ့။ ဖန်စီ ဟာသလေးပါပဲ။ မင်းသားက ထွန်းကိုကိုပါ။ ဒီကားထဲမှာ သင်ဇာက ခပ်
စွာစွာကောင်မလေးပေါ့။ မင်းသားကိုလဲ အရမ်းနိုင်တယ်။ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းပေါ့။ သူ့အပေါ်လဲ သံယောဇဉ်ရှိရဲ့သားနဲ့ တမင်သက်သက်လုပ်တာပေါ့။ နောက်ဆုံး ညားသွားတဲ့ ကားလေးပါပဲ။ ဒီကားပြီးရင် မင်းသားဇေရဲထက်နဲ့ ဦးဝင်းထွန်းထွန်းနဲ့ ကားရိုက်ပါမယ်’လို့ သူမက ပြောပါတယ်။
ချစ်သူများနေ့ကိုသူမဖြတ်သန်းဖြစ်တဲ့အကြောင်းကိုတော့ သူမက ‘အလုပ်တွေနဲ့ပဲဖြတ် သန်းဖြစ်ပါတယ်။ သင်ဇာအိမ်ထောင်ပြုဖို့လဲ စိတ်ကူးမရှိဘူး။ စဉ်းလဲမစဉ်းစားထားဘူး။ ကိုယ့်အဖေနဲ့ ကိုယ့်အမေကို ဘယ်လို စိတ်ချမ်းသာအောင်ထားရမလဲဆိုတဲ့ အတွေးမျိုးပဲ ရှိပါတယ်။ သူတို့နဲ့ပဲနေဦးမယ်။ အချစ်ဆိုတာ သင်ဇာဘ၀မှာမရှိလဲ ဖြစ်တဲ့အရာတစ်ခုပါ။ ဘာလို့လဲ ဆိုတော့ ဒီဟာမရှိတော့လဲ နေလို့ရတယ်။ ကိုယ့်အတွက် ကိုယ့်အလုပ်ရယ်၊ ကိုယ့်မိသားစုရယ်၊ ကိုယ့်သူငယ်ချင်းတွေရယ်ရှိရင် ပြည့်စုံပါတယ်။ သင်ဇာ့ဘ၀ကို တည်ဆောက်လို့ရတယ်။ ငယ်ငယ်တုန်းကတော့ အချစ်မရှိရင်မနေတတ်ဘူး။ အခုအရွယ်မှာကျတော့ စိတ်ရှု့ပ်ရတယ်ပေါ့။ မရှိမကောင်း၊ ရှိမကောင်းပေါ့။ ငယ်ရွယ်စဉ်က အတွေးနဲ့တော့ နဲနဲကွာသွားတာပေါ့’တဲ့။

Trend Myanmar

No comments:

Post a Comment