Tuesday, February 11, 2014

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့ဆုအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ(၂၈)မြို့နယ်အတွင်းပြည်မြို့က ဇကာတင်ရွေးချယ်ခံရ

တိုင်းနဲ့ ပြည်နယ်(၁၄)ခုနှင့်
 နေပြည်တော်ကောင်စီနယ်မြေပါ
(၁၅)ခုမှာ ဖွံ့ဖြိုးတိုးတက်မှု
အကောင်းဆုံးမြို့ အဖြစ်ရွေးချယ်
မှာပါ ပဲခူးတိုင်းဒေသကြီးမှာ 
(၂၈)မြို့နယ်ရှိပါတယ်။အဲဒိအထဲမှ 
ကျွန်တော်တို့ ပြည်မြို့နယ် ကို 
ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့
အဖြစ် ဇကာတင်ရွေးချယ်ခြင်းခံ
ခဲ့ရပါတယ်။အဲဒီရွေးချယ်မှုကို ပဲခူး 
တိုင်းဒေသကြီး အစိုးရအဖွဲ့ကရွေး
ချယ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီရွေးချယ်မှုနဲ့ပတ်သတ်ပြီး
အမှန်တကယ်ဖွံ့ဖြိုးတိုးတက်မှုရှိမရှိ
ကို နေပြည်တော်မှ ကျေးလက်ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး နှင့်အဖွဲ့ဝင်(၁၃)ဦးပါလာရောက်ကိုယ်တိုင်ကွင်း ဆင်းစစ်ဆေးခဲ့ပါတယ်။ပြည်မြို့အပြင် ၀က်ထီးကန်၊ပေါင်းတလည် နှင့် ကျေးရွာအုပ်စု၏ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း သွားရောက် စစ်ဆေး ခဲ့ပါတယ် ဟု ပြည်မြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်မြို့ဒေသခံဖြစ်သူကိုရဲမင်းဦးမှ ပြည်သတင်းကိုယခုလိုပြောကြားခဲ့ပါသည်။

ကျွန်တော့အနေနဲ့ကတော့ အတိုင်းမသိဝမ်းသာပါတယ်။ဘာလို့လည်းဆိုတော့ ပဲခူးတိုင်းဒေသကြီးမှာ (၂၈)မြို့နယ်ရှိတဲ့အထဲကကျွန်တော်တို့နေထိုင်တဲ့ ပြည်မြို့ကိုဇကာတင်ရွေးချယ်ခံရတဲ့အတွက် ပြည်မြို့သား/
သူတွေကိုယ်စားအတိုင်းမသိဝမ်းသာဂုဏ်ယူမိပါတယ်။အကယ်လို့ဒီဆုသာရခဲ့ရင်ကျွန်တော်တို့ ပြည်မြို့နယ်အ တွင်းမှာနေထိုင်တဲ့လူထုအတွက်စီးပွားရေး၊ကျန်းမာရေး၊ပညာရေးတွေစတဲ့ကိစ္စတွေပိုမိုတိုးတက်လာမယ်လို့ယုံ ကြည်မိပါတယ်။ 

အခုလက်ရှိအနေအထားမှာလည်း ကျွန်တော်တို့ပြည်မြို့ဟာအရင်ကနဲ့မတူတော့ဘဲအစစအရာရာတိုးတက် လာတယ်လို့မြင်တွေ့ရပါတယ် ။ တကယ်လို့ဒီဆုသာရခဲ့ရင်အတိုင်းထက်အလွန်ပေါ့ဗျာ။မရခဲ့ရင်လည်း
ကျွန်တော်တို့ ပြည်မြို့အုပ်ချုပ်ရေးအာဏာပိုင်များနဲ့ ပြည်မြို့သူ/သားများကလည်း ပြည်မြို့ကြီးကိုအစစအရာ ရာတိုးတက်လာအောင် ကြိုးစားသွားဖို့လိုပါလိမ့်မယ်လို့ပြောချင်ပါတယ်ဗျာ ဟု ပြည်မြို့ဒေသခံဖြစ်သူ ကိုရဲမင်းဦး မှ ပြည်သတင်းကို ပြောကြားသွားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်မြို့ မြို့မိမြို့ဖတဦးကိုမေးမြန်းခဲ့ရာ ယခုလိုပြန်လည်ဖြေကြားခဲ့ပါသည်။

ဆုရဖို့ကတော့သေချာသလောက်ဖြစ်နေပါတယ်။ပြည်မှာသိရသလောက်ကတော့(၁၀၀)ကိုအမှတ်(၈၂)မှတ် ရနေပါပြီ။ဒီကတင်ထားတဲ့အမှတ်ထက်ပိုရပါတယ်။ဒီကတင်လိုက်တာ(၇၀)ကျော်ပါ။ဆုကရတော့မရသေးဘူး။ ရခဲ့ရင်တော့အတိုင်းမသိဝမ်းသာမိပါတယ်။ပြီးတော့ မြို့မှာရော မြို့နားဝန်းကျင်က ကျေးရွာအုပ်စုတွေမှာပါ
ရေ၊မီးမရသေးတာတွေ ရလာမှာပါ။
 
မနက်ဖြန်သဖက်ခါအစည်းဝေးပြီးရင်တော့ပြောရတာပိုကောင်းပါတယ်။လက်ရှိရဖို့တော့သေချာသလောက်
ဖြစ်နေပါပြီ။(၈၂)မှတ်ဆိုတာတော့အတော်ကလေးကိုရနေပါတယ်။ပြီးတော့ မှော်ဇာဘက်က ရှေးဟောင်းဇုံ
ကြောင့်အမှတ်တွေပိုရခဲ့တယ်။အဲဘက်မှာလည်းတိုးတက်ကောင်းမွန်စရာအလုပ်တွေအများကြီးလုပ်ဖို့ရှိနေပါ
သေးတယ် ဟုပြောကြားသွားခဲ့ပါတယ်ဟုပြောကြားသွားခဲ့ပါသည်။
 
ပြည်သတင်းလူငယ်(ပြည်သတင်း)

No comments:

Post a Comment