Saturday, February 8, 2014

NLD ပါတီတွင် သာကူးတွေ၊ သူခိုးတွေ ရှိ ဟု ဦးဝင်းတင် ပြောပြီ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇
NLD ပါတီတွင် သာကူးများ ရှိကြောင်း၊ သူခိုးများ

ရှိကြောင်း NLD ပါတီ ဗဟိုနာယကအဖွဲ့ဝင်
 ဟံသာဝတီ ဦးဝင်းတင်က ပြောကြားလိုက်ကြောင်း သိရှိရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်

အနေဖြင့် သမ္မတဖြစ်လာရန် အလားအလာ ရှိမရှိကို ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်က ဦးဝင်းတင်အား မေးမြန်းရာတွင် ဒေါ်အောင်ဆန်း
]စုကြည် ၂၀၁၅ တွင် သမ္မတ မဖြစ်နိုင်ကြောင်း ပြန် လည်ဖြေကြားရာ၌ ထိုသို့ ထည့်သွင်း ပြော ကြား ခဲ့ခြင်း ဖြစ်သည်။

"မဖြစ်ပါဘူး။ ဖြစ်မှာ မဟုတ်ပါဘူး။ အခုက ရှင်းနေပြီလေ။ ၅၉(စ)တို့ ဘာတို့ မပြင်နိုင်ဘူး ဆိုကတည်းက ရှင်းနေပြီလေ။ NLD က ရွေးကောက်ပွဲ အနေ အထား

အရကြည့်မယ် ဆိုရင် အောက်လွှတ်တော်မှာ ရနိုင်တယ်။ ပြည်သူ့လွှတ်တော်မှာ မဲရနိုင် တယ်။ သူတို့ လို လူ ၁၀၀၊ ၂၀၀ နဲ့ လုပ်ပြီး ဗဟိုကော်မတီဖွဲ့တာ မဟုတ်ဘူး။ NLD က ညီလာခံတွေလုပ်ထား တဲ့ ပါတီ။ NLD မှာ ရပ်ကျေးပေါင်း ၆ သောင်းနီးပါး ရှိတယ်။ ရပ်ကျေးတွေမှာ အကျန်တွေလည်း ရှိ တယ်။ NLD ထဲမှာ စုတ်ပြတ်သတ်နေတာလည်း ရှိတယ်။ အချောင်သမားတွေ ၀င်လာတယ်။ ကြံ့ဖွံ့ ထဲ ကလည်း ၀င်လာတယ်။ ဘယ်လောက်ပဲ ရှိရှိပါ။ သူတို့လို အပိုင်စီးပြီးတော့ ဒီရွာက ကြံ့ဖွံ့ရွာတို့၊ ကြံ့ဖွံ့လမ်းတို့ ဆိုတာမျိုး ပြောတာ မရှိဘူး။ NLD မှာလည်း သာကူးတွေ ရှိတယ်။ သူခိုးတွေလည်း ရှိမှာပေါ့။ ဘာပဲပြောပြော NLD က အောက်ခြေက တက်လာတဲ့သူတွေနဲ့ ဖွဲ့စည်းထားတာလေ" ဟု ဦးဝင်းတင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းအပြင် NLD ပါတီအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ြ ပိုင်ရေး တို့တွင် ထိပ်ပိုင်းခေါင်းဆောင်များအကြား တင်းမာမှု ဖြစ်ပွားနေသည်ကိုလည်း ၀န် ခံပြောကြားခဲ့သည်။
"အခြေခံဥပဒေ မပြင်ရင် ရွေးကောက်ပွဲ မ၀င်ဘူး ဆိုတဲ့ သဘောထား ၂၀၁၀ တုန်းက ရှိတယ်။ ၅၉(စ)တို့ကို တစညက လက်မခံဘူး။ အဲဒီလိုဆို သပိတ်မှောက်ဖို့ပဲ ရှိတယ်။ ဒီလိုလည်း လုပ်လို့ မရပြန်ဘူး။ ပါတီထဲမှာလည်း အသံတွေ ကြားမှာပေါ့။ ဦးဥာဏ်ဝင်းတို့ ပြောတာ ပြင်ပြင် မပြင်ြ ပင် ရွေးကောက်ပွဲ ၀င်ကိုဝင်မယ်ပေါ့။ ဒါကို မကြိုက်တဲ့သူကလည်း မကြိုက်ဘူး။ ဒေါ်အောင် ဆန်း စုကြည်  က ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ရင် အခြားနည်း သုံးမယ်ပေါ့" ဟု ဦးဝင်းတင်က ပြော ကြား ခဲ့ သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီးလည်း နဂိုကတည်းက လွှတ်တော်ပြင်ပလှိုင်းကို သဘောတူခဲ့ကြောင်း၊ လွှတ်တော်ထဲတွင် ဘာမှ လုပ်လို့ မရကြောင်း၊ ဦးသိန်းစိန်၏ ပထမဆုံးမိန့် ခွန်းထဲတွင် တရားဝင်ပါတီ ဖွဲ့စည်းပါ၊ မှတ်ပုံတင်ပါ၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲလာပါ၊ လွှတ်တော်ထဲမှာ နိုင်ငံရေုးပြဿနာတွေ ဖြေရှင်းကြပါ ပြောကြားခဲ့ကြောင်း၊ ကော်မရှင်ကို ပါတီ များနှင့်ဖွဲ့ထား၍ အားကို ယူထားပြီး ဖြစ်ကြောင်း၊ မဲခွဲတော့ မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ အလိုလို ရှုံးနေပြီ ဖြစ်ကြောင်း၊ လွှတ်တော်ထဲတွင် ပြင်ဆင်ခြင်းကြောင့် မည်သို့မျှ ထူးခြားမလာနိုင်ကြောင်း လည်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

"ဦးဝင်းတင် ပြောတဲ့ သာကူး ဆိုတာကတော့ အမျိုးမျိုးရှိတာပေါ့။ ကြံ့ဖွံ့က ပြောင်းလာတဲ့သူတွေကို လည်း ထည့်ပြောထားတယ်။ ပါတီပြောင်းလာပြီး နေရာ ရနေတဲ့ ဒေါက်တာမြတ်ဥာဏစိုးတို့ကို ဦးဝင်းတင်က သိပ်ပြီး ကြည့်ရတာမဟုတ်ဘူး။ ပါတီပြောင်းတယ် ဆိုတာ ခြံခုန်ကူးတဲ့ နွားပဲကွ၊ ဒီနွားတွေက သာရာ ကူးမယ့်ကောင်တွေ။ ပါတီပေါ်လည်း သစ္စာ ရှိမှာမဟုတ်ဘူး ဆိုပြီး အဘဦးဝင်း တင် ပြောဖူးတယ်ဗျ။ ကျန်တဲ့ သာကူးတွေကတော့ အခုကျမှ NLD နားကပ်လာပြီး နေရာယူနေတဲ့ သူတွေပေါ့ဗျာ။ ဦးကိုနီတို့ ဘာတို့လည်း ပါတာပေါ့။ အခုက ကွန်ရက်တွေ အကြံပေးအဖွဲ့တွေ အများ ကြီးဖြစ်လာတာလေ။ သာကူးတွေကိုတော့ အဘ ဦးဝင်းတင်လိုပဲ ကျွန်တော်တို့က သိပ်မယုံဘူး။ ကျန်တဲ့ပါတီတစ်ခုခုက သာတယ် ထင်ရင် ထပ်ပြီး ခြံခုန်ကြဦးမှာလေ။ စကားပုံတောင် ရှိတယ်။ တစ်ခါ ခြံခုန်ဘူးတဲ့နွား နောင်လည်း ခြံခုန်ဦးမှာပဲ ဆိုတာ။ သာကူးနဲ့ ခြံခုန်ကူး ပေါ့ဗျာ" ဟု NLD ဗဟိုရုံးချုပ်မှ ပါတီဝင်တစ်ဦးက ပြောသည်။

"ဦးဝင်းတင် ပြောတဲ့ သူခိုး ဆိုတာကတော့ အကြီးစား၊ အလတ်စား၊ အသေးစား ရှိမယ်ဗျ။ ဒီလှိုင်း ဂျာ နယ် သိန်း၁၅၀၀ ဘုံးတဲ့အမှု ဆိုရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ စဉ်းစားကြည့်။ နေရာလေးတွေ ရလာတော့ ခိုးချင်တဲ့သူတွေအတွက်လည်း ခေတ်ကောင်းကြီး ရောက်နေတာပေါ့။ မိတ္ထီလာ မီးဘေး ဒုက္ခသည် ဘင်္ဂလီတွေကို သိန်း ၂ ထောင် လှူတဲ့ကိစ္စကတော့ ဦးဝင်းထိန် ဦးစီးပြီး လုပ်တာဗျ။ ခရို နီတွေပေးတာလား၊ OIC ပေးတာလား ဆိုတာ တိတိကျကျ ရှင်းတာ လင်းတာ မရှိဘူး။ ပါတီရန်ပုံငွေ လို့ အကြမ်းဖျင်းတော့ ပြောကြပါတယ်။ ပါတီရန်ပုံငွေကလည်း ခိုးတာ ၀ှက်တာ သိပ်မရှိလောက် ပါဘူး။ စာရင်းတွေ ဘာတွေ စစ်တာကိုး" ဟု ၄င်းက ပြောဆိုသည်။

"ဒေါ်စုကိုတော့ ယုံပါတယ်။ ဦးဥာဏ်ဝင်းတို့ သဘောက ၂၀၁၅ ကို ၀င်ကို ၀င်ရမယ် ဆိုတဲ့သဘော။ ဦးဝင်းမြင့်က ဦးဥာဏ်ဝင်းကို ကျော်ပြီး ပြောတာ တရားမ၀င်ဘူးဗျ။ ကျွန်တော်တို့က ဦးဥာဏ်ဝင်း ဘယ်လို ဦးဝင်းမြင့် ဘယ်လို ဆိုတာ အတွင်းသိ အစင်းသိတွေ။ ဦးဥာဏ်ဝင်းက တစ်ကယ် အနစ်နာခံပြီး ဒေါ်စု သက်တမ်းတစ်လျှောက်လုံး လုပ်ကိုင်ခဲ့တာ။ ဦးဝင်းတင်ကလည်း ၀င်ရမယ် ဆိုတာကို လက်ခံတဲ့ သဘောတော့ ပြောထားတာပဲ။ ဒေါ်စုကတော့ မပြင်ရင် အခြားနည်း သုံးမယ် ဆိုတာကတော့ တစ်မျိုးဗျ။ ဟိုတစ်နေ့ကကျတော့ လွှတ်တော်ထဲမှာပဲ ရအောင် ပြင်မယ် ပြောပြန်ရော။ ရည်ရွယ်ချက်က မှန်းလို့ မရဘူး။ နေပြည်တော်အဖွဲ့ထဲမှာ ဦးဝင်းမြင့်တို့ မြတ်ဥာဏစိုးတို့ကတော့ နောက်ပေါက်လေးတွေပါ။ ပါတီထဲမှာတော့ ဦးဝင်းတင်နဲ့ ဦးဥာဏ်ဝင်းတို့ကို ဘယ်ကျော်လို့ ရမလဲ။ ကျော်ရင် ကွဲသွားမှာပေါ့။ ပါတီထဲက ထွက်သွားရမှာပေါ့။ NLD က ဒေါ်စုခေါင်းဆောင်ပြီး ဒီလူကြီးတွေနဲ့ ဖွဲ့စည်းထားတာပဲ။ သူတို့ကြောင့်တော့ ပါတီအကွဲမခံနိုင်ဘူး။ ဦးကိုနီလည်း အတူတူပဲလေ" ဟု ပြည်နယ် NLD ပါတီခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

NLD ပါတီအတွင်း လူသစ်လူဟောင်း ပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်၏ အားကိုးယုံကြည်မှု၊ စီမံခန့်ခွဲနိုင်မှုတို့အပေါ် မူတည်နေကြောင်း သိရှိရသည်။

Hot News

No comments:

Post a Comment