Wednesday, February 19, 2014

ပြိုင်ကားအုပ်စုမှ ၀ိုင်းဝန်းရိုက်နှက်သဖြင့် အငှားယာဉ်မောင်းနှင့် ခရီးသည်တို့ဒဏ်ရာရသည့်အပြင် အငှားယာဉ်ပျက်စီး

၁၆.၂.၂၀၁၄ ရက်နေ့ ၀၁၁၅ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အငှားယာဉ်မောင်း ကိုသက် ဇင် ၀င်း သည် ၎င်း၏ စူပါရုဗင်အငှားယာဉ်ဖြင့် ခရီးသည်အမျိုးသား(၃)ဦးအား တင်ဆောင်ကာ မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ် သို့ ပို့ဆောင်ရန်အ တွက် ပြည်လမ်း အတိုင်းမောင်းနှင် လာခဲ့ပါ သည်။
ထိုသို့မောင်းနှင်လာရာ (၇)မိုင် ကားမှတ်တိုင်အနီးအရောက် ယာဘက် ပလက်ဖောင်းဘေး ကပ် လျက် ယာဉ်ကြော၌ ရပ်ထားသော ဟွန်ဒါစီဗစ်(နံပါတ်မမှတ်မိ)ယာဉ်အား ကျော် တက်မောင်းနှင် လာခဲ့ရာ လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ (၆)မိုင်ခွဲမှတ်တိုင်အနီးအရောက်၌ ပြိုင်ကား(၁)စီး(နံပါတ် မမှတ်မိ)မှ ကျော်တက်ပြီး ရှေ့မှပိတ်ရပ်ခဲ့သဖြင့် ကိုသက်ဇင်ဝင်းမှ ပြန်လည်ကျော်တက်ကာ ဆက် လက်မောင်းနှင်စဉ်အခြားပြိုင်ကားတစ်စီး(နံပါတ်မမှတ်မိ)မှ ရှေ့မှထပ်မံပိတ်ရပ်ခဲ့သဖြင့်ထပ်မံကျော် တက်ရန်ပြုစဉ် ဟွန်ဒါ စီဗစ်ယာဉ်မှ ဘေးဘက်မှ ပိတ်ရပ် ခဲ့သောကြောင့် ဆက်လက်မောင်းနှင် ၍မရတော့ သဖြင့် ယာဉ်အား ရပ်တန့် ခဲ့ရပါသည်။
ထိုစဉ် နောက်ထပ် ပြိုင်ကား(၂)စီးထပ်မံရောက်ရှိလာပြီး ၎င်းတို့ပြိုင်ကား (၅)စီးမှာ ၀ိုင်းရံထားခဲ့ သဖြင့် ကိုသက်ဇင်ဝင်း က ယာဉ်ပေါ်မှဆင်းကာ တောင်းပန်ပြောဆိုစဉ် အဆိုပါပြိုင်ကားများပေါ်မှ အသက်(၂၀)ကျော်ခန့်ရှိ အမျိုးသား(၅)ဦးတို့မှာ ဘေ့စ်ဘောတုတ်များ ကိုင်ဆောင်ဆင်းလာကြကာ တစ်ဦးမှ ကိုသက်ဇင်ဝင်းအား ရိုက်နှက်ခဲ့ပြီး၊ကျန်(၄)ဦးမှကိုသက်ဇင်ဝင်း၏ အငှားယာဉ်အား ၀ိုင်းဝန်းထုရိုက်ကြ ပြီးနောက် ပြိုင်ကားများအား မောင်းနှင်ထွက်ခွာသွားကြပါသည်။
ပြိုင်ကားမောင်းသူများ၏ ရိုက်နှက်မှုကြောင့် ကိုသက်ဇင်ဝင်းတွင် ယာပခုံး အရေပြားပွန်းစုတ်၊ ဦးခေါင်း ယာဘက် နှင့်ဝဲလက်ခုံတို့နာကျင်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ယာဉ်ပေါ်ပါခရီးသည်(၃)ဦး အနက် အခင်း ဖြစ်ပွားနေစဉ် က (၂)ဦးမှာထွက်ပြေးသွားကြသော်လည်း ကျန်နေခဲ့သည့် ခရီးသည် ကိုအင်ထိတ်ကြန့်တွင်ဝဲပေါင်နှင့်ဝဲတံတောင်တို့၌နာကျင်ဒဏ်ရာများ ရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေး ရုံကြီးတွင် ပြင်ပလူနာများ အဖြစ်ဆေးကုသ ခဲ့ရပါသည်။
ပြိုင်ကားမောင်းသူများ၏ ရိုက်နှက်မှုကြောင့် ကိုသက်ဇင်ဝင်း၏အငှားယာဉ်မှာ ရှေ့ဘောနက်၊ ၀ဲပါးခြမ်း၊ ၀ဲ/ယာ ရှေ့တံခါး၊ နောက်ဖုံးများပိန်ချိုင့်ကာ ရှေ့လေကာမှန်၊ နောက်လေကာမှန်၊ နောက်ခန်းဝဲ/ ယာ တံခါးမှန်၊ ယာဘက် နောက်ကြည့်မှန်တို့ကွဲအက် ပျက်စီးခဲ့ပါသည်။

ယင်းသို့ကျူးလွန်ခဲ့ကြသည့်ပြိုင်ကားမောင်းသူ(၅)ဦး(စုံစမ်းဆဲ)အားအရေးယူပေးပါရန် ကိုသက်ဇင် ၀င်းမှတိုင်တန်းခဲ့သဖြင့်လှိုင်မြို့မရဲစခန်း(ပ)၇၆/၂၀၁၄၊ ပုဒ်မ ၄၄၀၊၃၂၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့် ကာ စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit : Yangon Police

No comments:

Post a Comment