Wednesday, February 19, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဘုံရန်သူမှာ ၀ီ-ဝေ-၀ိုင်း ဟု ဆို

NLD ပါတီအနေဖြင့် အမျိုးသားရေးနှင့်
ပတ်သက်ပြီး သံဃာထုနှင့် ထိပ်တိုက် 
 တွေ့ဆုံလာရာမှ ဆန့်ကျင်ဘက်အနေ
အထားသို့ တဖြည်းဖြည်းချင်း
 ရောက်ရှိလာနေပြီး ထိုသို့ ရောက်ရှိ
လာရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်
၏ လူယုံတော် များကြောင့် ဖြစ်ကြောင်း 
သုံးသပ်ပြောကြားခဲ့သည်။
"ဒေါ်စုကို နာမည်ဖျက်တာ၊ ဒေါ်စုကို
 ပြန်ပြီး ဒုက္ခပေးနေတာ အတွင်းထဲကပဲ။ အပြင်က တိုက်ခိုက်တာက ဖြေရှင်းရတာ လွယ်တယ်။ အခုဖြစ်စဉ်က အတွင်းက လှိုက်စားနေတာ။ အခုပဲ ကြည့်။ ၀ီ-ဝေ-၀ိုင်း ဆိုပြီး ဘုံရန်သူ ခေါ်တယ်။ ဦးဝီရသူကို ထိပ်ဆုံးက ပစ်မှတ်ထားတယ်။ ဒီတော့ သံဃာထုနဲ့ ပြေလည်ရေး ဘယ်ရောက်တော့မလဲ။ အထူးသဖြင့် ဒီမိုဖက်တီး၊ ခွန်ဒီးယမ် ဆိုတဲ့ ဒေါ်မေဇင်အေး တို့ အုပ်စု လို့တော့ ပြောကြတာပဲ။ ဆိုရှယ် မီဒီယာမှာ သံဃာတွေကို ဆော် ဟယ်နှက်ဟယ် ဖြစ်နေတာ သံဃာတွေလည်း ရစရာကို မရှိဘူး။ ဒီလို သံဃာထုကို သိက္ခာကျအောင် သူတို့က စပြီးလုပ်၊ ကုလားတွေက အုံနဲ့ကျင်းနဲ့ ၀ိုင်းပြီး ဆွမ်းကြီးလောင်း၊ နောက်ဆုံးကျတော့ နိုင်ငံ bနဲ့ ဘာသာ သာသနာ နာမည် ပျက်ရတာပေါ" ဟု ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတစ်စောင်မှ အယ်ဒီတာ တစ်ဦးက ပြောဆိုသည်။
အမှန်တစ်ကယ်တွင် သံဃာထုနှင့် ပြေလည်ရေးကို သွားရမည့်အစား ရှုတ်ချ တိုက်ခိုက်ခြင်းကြောင့် ယခင်က NLD ကို အပြစ်မမြင် ထောက်ခံသူများပင်လျှင် ဘာသာရေးနှင့်ပတ်သက်ပြီး ဆန့်ကျင် သည့် ဘက်သို့ ရောက်ရှိလာခဲ့ကြောင်း၊ ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းမှ NLD ထောက်ခံ သူများ တွင် ဒေါ်စုနှင့် ရင်းနှီးမှုကို အခွင့်ကောင်းယူ၍ ထိပ်တိုက်တွေ့နေကြခြင်းမှာ ဒေါ်စုအတွက် ကြီးမား လှသော အန္တရာယ် ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

"အမှန်က NLD ဆိုတာနဲ့ ကုလားပါတီ ဆိုပြီး မြင်လာနေတာပဲ။ ဒီလို မြင်လာ အောင်လည်း NLD ပါတီရဲ့ လုပ်ဆောင်ချက်တွေက သက်သေ ပြနေတယ်။ မိတ္ထီလာမှာ မီးလောင်တဲ့ ဒုက္ခသည် ကုလားတွေကို သိန်းနှစ်ထောင်လှူတယ်။ ဒါကလည်း OIC ပေးတာကို NLD က နာမည်ခံပေးတာလို့ သိရတယ်။ ဟုတ်တာ မဟုတ်တာ အပထား၊ အခြား နေရာတွေမှာ ဒီလောက် ငွေများများ တစ်ခါမှ မလှူဘူးတာ သုံးသပ်ကြည့်ရင် NLD ရဲ့ ခြေလှမ်းတွေက သံသယဖြစ်စရာဖြစ်နေတယ်" ဟု မြန်မာ အ မျိုးသားကွန်ရက် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် သံဃာထုနှင့်ကင်းသော နိုင်ငံရေးလှုပ်ရှားမှု မရှိဘူးကြောင်း၊ လွတ်လပ်ရေးကြိုး ပမ်းမှု သမိုင်းတစ်လျှောက်လုံးနှင့် ဒီမိုကရေစီတိုက်ပွဲများ အားလုံးတွင် သံဃာများ ပါဝင်နေကြောင်း၊ NLD ကိုလည်း သံဃာများက အပြည့်အ၀ ထောက်ခံခဲ့ကြောင်း၊ ယခုအခါ NLD ၏ ဘုံရန်သူတွင် သံဃာများကို ထည့်သွင်းထားခြင်းသည် NLD ၏ တင်းမာသော သဘောထား ကို ဖော်ပြနေခြင်း ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

NLD ကို ပခုံးဖြင့် ထမ်းတင်ခဲ့သည့်အထဲတွင် သံဃာများလည်း ပါဝင်ကြောင်း၊ ဒေါ်စု အကျယ် ချုပ်ဘ၀တောက်လျှောက်တွင်လည်း သံဃာများ အခိုင်အမာ ထောက်ခံမှု ပေးခဲ့ကြောင်း၊ ၈၈ အရေးအခင်းတွင်လည်း သံဃာထု၏ အခန်းကဏ္ဍ ရှိခဲ့ကြောင်း၊ ဤသည်ကို ကျေးဇူးစွပ်ပြီး သံဃာ ထု ကို တိုက်ခိုက်နေလျှင် NLD အနေဖြင့် ဆုံးရှုံးမှုများသာ တွေ့ကြုံနိုင်ကြောင်း၊ ယခုနောက်ပိုင်း တွင် NLD ပါတီ၏ တိုက်ခိုက်မှုများမှာ ပို၍ ဆိုးရွားလာခဲ့ကြောင်း၊ ယင်းတို့နှုတ်ဖျားတွင် သံဃာများ ရစရာ မရှိ ဖြစ်လာနေကြောင်း၊ ဤပုံအတိုင်းဆိုလျှင် NLD ပါတီ၏ အမျိုးသားရေးရပ်တည်ချက်ကို သိရှိနိုင်ပြီ ဖြစ်ကြောင်း၊ သံဃာများ အလကား နေရင်း နိုင်ငံရေးထဲ ၀င်မပါကြောင်း၊ ပါရပြီ ဆိုလျှင်လည်း နိုင်ငံ အတွက် အရေးကြီးသည့် အချိန်မှသာ ဖြစ်ကြောင်း ရွှေဝါရောင် သံဃာတော် တစ်ဦးက မိန့်သည်။

"ဘုန်းကြီးတို့က ဒေါ်စုကို တိုက်ခိုက်တာ မဟုတ်ဘူး။ ဘာသာ သာသနာကို ကာကွယ်ဖို့ ကြိုးပမ်းတာ။ နှိုးဆော်တာ။ ဒါပေမယ့် NLD ထဲက ဘင်္ဂလီတွေက ဘုန်းကြီးတို့ကို ပစ်မှတ်ထားတယ်။ ဦးဝီရသူလည်း သူတို့ကြောင့် ကမ္ဘာမှာ နာမည်ပျက်ရတယ်။ သာသနာတော်လည်း သိက္ခာညိုးနွမ်းရတယ်။ ဒီထဲမှာ NLD ပါတီရဲ့ ထိုးနှက်တိုက်ခိုက်မှုတွေလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ပါတယ်။ အခုဆိုရင် ၀ီေ၀၀ိုင်း ဆိုပြီး ပေါ်တင် တိုက်ခိုက်တာတွေ လုပ်လာတယ်။ ဘုန်းကြီးတို့ထဲမှာလည်း ဒုလ္လဘတွေရှိတယ်။ စာသင်သားတွေ ရှိတယ်။ တချို့က ၀ိနည်းအရ ပြောစရာတွေ ဖြစ်နေတာ ရှိတယ်။ ဒါတွေကို အခွင့်ကောင်းယူပြီး အပုပ်ချတာဟာ သာသနာတော် ညိုးနွမ်းအောင် လုပ်တာပဲ။ NLD ပါတီဝင်တွေ၊ NLD ထိပ်ပိုင်းက တချို့လူကြီးတွေ ဒီလို တိုက်ခိုက်နေတာတွေနဲ့ ပတ်သပ်ပြီး ဒေါ်စု အနေနဲ့ ဟန့်တာ၊ သတိပေးတာ တခါမှ မရှိခဲ့ဘူး။ ဒီတော့ ဒီလို ဘုန်းကြီးတို့ကို တိုက်ခိုက်ဝေဖန်နေတာတွေဟာ ဒေါ်စုရဲ့ သဘောထား မပါဘူး လို့ ဘုန်းကြီး တို့ အပြတ် မပြောနိုင်ဘူး။ ဒါတွေဟာ အကြောင်းရှိလို့ အကျိုး ဖြစ်လာနေတာ။ ဒီအကြောင်းတွေ အတော်များများကိုလည်း ဘုန်းကြီး တို့ သိထားပါတယ်" ဟု အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်သံဃာတော်တစ်ပါးက မိန့်ကြားသည်။

NLD ပါတီက ဘုံရန်သူအဖြစ် သတ်မှတ်ထားသော ၀ီ-ဝေ-၀ိုင်း ဆိုသည်မှာ ဦးဝီရသူ၊ ဦးနေမျိုးဝေ နှင့် ဒေါ်ခင်ဝိုင်းကြည်တို့ကို ရည်ညွှန်ခြင်း ဖြစ်ကြောင်း သိရသည်။
From:ပြည်သူ့အာဏာ

No comments:

Post a Comment