Saturday, February 22, 2014

လူကြီး မင်း's photo.  ကျွန်တော်တို့ ဟာ မြို့ တွင်းအလုပ်ကိုင်
သွားလာရေးအတွက် ဘတ်စ်ကားကိုပဲ
 မှီတွယ်အားထားသွားလာနေရသူခရီး
သည်တွေပါ...
ကိုယ်ပိုင်ကားလည်း ဝယ်မစီးနိုင်ပါဘူး..

.နေ့ စဉ်ဓူဝလက်လုပ်လက်စားတွေပါ...
တစ်နေ့ က ညပိုင်း ၇နာရီခွဲလောက်က

အလုပ်ပြန် လှည်းတန်း ကားမှတ်တိုင်ကနေ သင်္ဃန်းကျွန်း စံပြဈေးဘက်သို့  အဓိပတိမော်တော်ယာဉ်လိုင်းမှပြေးဆွဲသော
(၁၇၄)နံပါတ်ဘတ်စ်ကားကိုစီးမိပါတယ် ရွှေဂုံတိုင်လည်းကျော်ရော ရှေ့ မှလိုင်းတူကားကို ပွတ်ကာ သီကာ တိုက်ခါလုနီးပါး သူနိုင် ငါအယင် ကျော်တက်လိုက် ဟွန်းတီးလိုက် ဘရိတ်ကိုဆောင့် အုပ် လိုက် ပွတ်ကာသီကာကွေ့  ဝိုက်မောင်းလိုက်နှင့်။။။
ကားပေါ်တွင်ပါရှိသော အသက်အရွယ်ရှိ ။လူကြီးမိန်းမသားများပါမကျန် ဘုရားဘုရားတ၍စီးနေ ရပြီး မောင်းတာမြန်တာကတော့ ဟုတ်ပါရဲ့ အခုသေမလား တော်ကြာသေမလား
စိုးရိမ်စွာ မျက်နှာတွေနှင့်  ယာဉ်မောင်းဒရိုင်ဘာအား...
မြှောက်ပင့် ပေးသော စပါယ်ယာ၏စကားသံ...ဘတ်စ်ကားမှာ.. ဂျက်လေယာဉ် ပမာစီးနင်းခံစားနေရပြီး....

ထိုအထဲမှ အသက်၆၀ နီးပါးခန့်  ဦးကြီးတစ်ဦးမှ ဟေ့ကောင်တွေ....
မင်းတို့ ကားကိုဆင်ခြင်မောင်းနှင်ကြပါကွာ အထဲမှာလည်း ခရီးသွားပြည်သူတွေပါတယ် မင်းတို့ ချည်းပဲမဟုတ်ဘူး မင်းတို့ ပြိုင်တာအရေးမကြီးဘူး
အကုန်သေကုန်မယ်ကွ ပြောဆိုရာ....
ထိုဦးလေးကြီးမှာတောင်ဥက္ကလာပ မြင်သာဈေး မှတ်တိုင်တွင်ဆင်းသွားသောအခါ....
(ယာဉ်မောင်းကားစပါယ်ယာမှ ...ခုနကပြောတာဘယ်သူလည်းကွ..ငါတို့ က...ထောင်နုတ်ခမ်းနင်းပြီး လက်ထိပ်စော်နံခံပြီးမောင်းနေတာကွ...
ငွေကလေး၂၀၀နဲ့  ကြောက်ယင်မစီးနဲ့  ဆင်းသွားပေါ့ ကွာဟု ပြောဆို မြည်တွန်စဉ်...ယာဉ်စပါယ်ယာမှလည်း ...ထိုကဲ့ သို့ ပြောသည်..

အလကားအဘိုးကြီးပါကွာ... အသက်ကြီးမှ သေမှာကြောက်နေတယ်....
ဟေ့ကောင်မောင်းသာမောင်း ...လူတစ်ယောက်မှမလိုက်လည်း ပြသနာမရှိဘူး အခေါက်ရေပြည့် ဖို့ အဓိကပဲ..
ဟုပြော၍စပါယ်ယာမှ.. ဝုံးကနဲဆို ..လူအဆင်းတက်တံခါးပိတ်၍ ဆက်မောင်းခိုင်းလေသည် )
သိရှိလေ့လာမိရာ ....ယာဉ်မောင်းများမှာ အညာဒေသဘက်ကလာရောက်မောင်းနှင်သူများ အများဆုံးဖြစ်ရပြီး
ယာဉ်စပါယ်ယာများမှာ...ရန်ကုန်သားများဖြစ်ကြပြီး...ငွေကြေးထက် အခေါက်ရေ ပိုရ...ယာဉ်မောင်းစက်သုံးဆီ သတ်မှတ်ချက်ထက်ပိုရစေဖြစ်သည်..
အုံနာခကြေတာနှင့် ...နောက်ထပ်ပါစင်ကျယ် ခရီးသည်ထံမှာငွေရမည့်  စံချိန်ထက် အခေါက်ရေ များလျှင် ရရှိသော စက်သုင်္းဆီတွက်ချေကပို၍ အားသာခြင်း ငွေပိုရခြင်းကြောင့် 
ဖြစ်ပေသည်၊
ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့ သောယာဉ်များနှင့် လိုက်ပါစီးနင်းရပါစေသတည်း....

လူကြီးမင်းထံခရီးသွားတစ်ဦးလာရောက် ရင်ဖွင့်ပြောပြသွားသည်၊။

ဖေ့စ်ဘုတ်မှကူးယူတင်ပြသည်..

No comments:

Post a Comment