Monday, February 10, 2014

The voice ဂျာနယ်နှင့် မိုးသု(မန္တလေး) သို့

ဒီနေ့ the voice ဂျာနယ်မှာ 
(ရင်လေးဖွယ်ရာ အနာဂတ်
သာသနာ} ဆိုတဲ့ဆောင်းပါးကို 
ကိုရင်တွေဘောလုံး ကန်နေတဲ့
ပုံနှင့်တင်ထားတာ ဖတ်ရပါတယ်။

ပထမဆုံးမေးခွန်းထုတ်ချင်တာက
 ဆောင်းပါးရှင်ရဲ့ ရိုးသားမှုကိုပါ။
 တကယ်ပဲ သာသနာအတွက် 
ရင်လေးလို့ ဒီဆောင်းပါးကို
 ရေးတာလား လို့ မေးချင်ပါတယ်။ 
တကယ် ရင်လေးတာပါ ဆိုရင် 
တခြားနည်းနဲ့ သာသနာအတွက် တစ်ထောင့်တစ်နေရာက သန့်ရှင်းတိုးတက်အောင် ပါဝင်ဆောင်
ရွက်နိုင်ပါတယ်။
နောက်မေးခွန်းတစ်ခုက ဆောင်းပါးရှင်ကိုယ်တိုင်ရော ဘယ်လောက်တောင် ဖြူစင်ပြီး အာပတ် ကင်းပါသလဲ..။

မြတ်စွာဘုရား သိက္ခာပုဒ်တစ်ခု ပညတ်တိုင်း
၁။မကြည်ညိုသူတွေ ကြည်ညိုဖို့၊
၂။ ကြည်ညိုပြီးသူတွေ ပိုကြည်ညိုဖို့ ဆိုတဲ့ရည်ရွယ်ချက် အမြဲ ပါပါတယ်။

မိမိလုပ်ရပ်ကြောင့် သာသနာကို မကြည်ညိုသူတွေ ကြည်ညိုသွားလား၊ ကြည်ညိုပြီးသူတွေ တိုးကြည်ညိုသွားလား ဆိုတာ စဉ်းစားရမှာပါ။

အများဖတ်တဲ့ စာမျက်နှာပေါ် တက်ရေးမယ်ဆိုရင် ကိုယ့်စာကြောင့် စာဖတ်သူအပေါ် အကျိုးမယုတ် အဆိပ်မသင့်ဖို့ ဆင်ခြင်ရမှာပါ။ ကိုယ်သာ လူတတ်လုပ် ကိုယ်သာ အားလုံးသိပုံစံမျိုးနဲ့ မရေးစေလိုပါ။ မိသားစုတစ်ခုအကြောင်းကို မိသားစုတွင်းက လူက ပိုသိသလို သာသနာအကြောင်းကို သာသနာတွင်းသား ရဟန်းက ပိုသိပါတယ်။

ကောင်းကောင်း မကောင်းကောင်း လောင်းတဲ့ဆွမ်းကို ကြိတ်မှိတ်စားပြီး စာကျက် စာတက်နေတဲ့ ကိုရင်တွေရဲ့ပုံရိပ်တွေ၊ မန္တလေးမှာ မီးလောင်တိုင်း သက်စွန့်ဆန်ဖျား ကူညီနေကျရဟန်းတွေရဲ့ ပုံရိပ်တွေ အများကြီး ရှိပါလျှက် ဘောလုံးကန်နေတာမှ ရွေးရိုက်ပြီး ဆောင်းပါးရေးရတာက ဘာရည်ရွယ်ချက်ကြောင့်ပါလဲ ။

အဲဒီဆောင်းပါးရေး နေတုန်း ဆောင်းပါးရှင်မှာ ဘာစိတ်တွေ ကိန်းဝပ်နေပါသလဲ။ တခြားသူတွေ အပုပ်ချရမှ ဒီမိုကရေစီဆန်တယ် ပွင့်လင်းတယ်လို့ တလွဲယုံကြည်နေတာလား။

ဒီဆောင်းပါးကြောင့် မကြည်ညိုသူတွေ ကြည်ညိုသွားမယ် ကြည်ညိုပြီးသူတွေ တိုးကြည်ညိုသွားမယ်လို့ ဆောင်းပါးရှင် ယုံကြည်ပါသလား။

ဆောင်းပါးရှင် ရှက်တတ်မယ်ဆို သံဃာထုတစ်ခုလုံး ဂျာနယ်ထဲကနေ လူသိရှင်ကြား ပြန်တောင်းပန်သင့်ပါတယ်။

Ps. ဒီဓာတ်ပုံကတော့ ဒီနေ့လေ့ကျင့်ခန်းစာမေးပွဲမှာ ဖြေဆိုနေတဲ့ ကိုရင်တွေရဲ့ပုံပါ။
အရှင်ဇာဂရာလင်္ကာရ (၆-၂-၂၀၁၄)
Jagara Linkara

No comments:

Post a Comment