Friday, February 14, 2014

မုံရွာ ဘားကမ့် မတ်လတွင် ကျင်းပမည်

မုံရွာ၊ ဖေဖော်ဝါရီ ၁၃
မုံရွာမြို့တွင် ပထမဆုံးအကြိမ် ကျင်းပမည့်
 မုံရွာ ဘားကမ့်ကို မတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် မုံရွာ တောင်ရပ်ကွက်ရှိ ဇက်
ဆိပ်သို့ သွားရာလမ်း သစ်စက်ဝင်း အတွင်းရှိ နှစ်ထပ် အဆောက်အအုံတွင် ကျင်းပမည် ဖြစ်ကြောင်း ယင်းပွဲဖြစ်မြောက်ရေး စီမံရေး ရာ ကော်မတီ အဖွဲ့ ၀င် ဦးအောင်ဆန်းက ပြောကြားသည်။
“မုံရွာ ဘားကမ့်ကို ရန်ကုန်၊ မန္တလေးနဲ့ အခြားနယ်တွေက အဖွဲ့ဝင်တွေအပြင် နိုင်ငံတကာ ဘား ကမ့်တွေပါ လာရောက် ဆွေးနွေးနိုင်ဖို့ ဖိတ်မှာပါ။ ဒီမှာတော့ နည်းပညာ အကြောင်းကိုပဲ အလေးပေး ဆွေးနွေးကြမှာပါ။ နိုင်ငံရေး အမုန်းပွားစရာ Topic တွေ၊ ဘာသာရေး အမုန်းပွားစရာ Topic တွေကို ဆွေးနွေးခွင့် မပြုပါဘူး” ဟု မုံရွာဘားကမ့် ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် တစ် ဦး က ပြောဆိုသည်။

ဘားကမ့် ဖြစ်မြောက်ရေးအတွက် ကူညီလုပ်ကိုင်ပေးမယ့် လူငယ်စေတနာ့ ၀န်ထမ်းများကို ဖေဖော် ၀ါရီ ၁၂ ရက်နေ့မှ စတင်၍ ဖိတ်ခေါ်ထားပြီး ဖြစ်ကာ၊ ဘားကမ့်သို့ လာရောက်မည့်သူများ ၏ မော်တော် ကား၊ မော်တော် ဆိုင်ကယ်များ အဆင်ပြေစွာ ရပ်နားနိုင်ရန် ကားပါကင်များလည်း စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ တောင်ကြီး၊ ပြည်၊ လားရှိုး၊ ပုသိမ်၊ လွိုင်ကော်နှင့် မိုးကုတ်မြို့များတွင် ဘားကမ့် ပွဲတော်များ ကျင်းပခဲ့ပြီးဖြစ်ရာ ယခု ဘားကမ့်သည် မုံရွာမြို့တွင် ကျင်းပသည့် ပထမဆုံးသော ဘားကမ့် ဖြစ်သည်။

No comments:

Post a Comment