Saturday, February 22, 2014

နယ်လှည့်ပါးရိုက်ဝေါဟာရက ထိုင်ရှိခိုးရမယ့်သူ ပေါ်ပြီ




မြန်မာပြည်ဖေ့စ်ဘုတ်အသုံးပြုသည့် လူမှုကွန်ရက်တွင် စူ့ထက်စူ လူစွမ်းကောင်းများ တစ်ဦးပြီး တစ် ဦး ပေါ်ထွန်းလာလျက် ရှိရာ ယခုနောက်ဆုံး နယ်လှည့်ပါးရိုက် ဦးအုန်းမြင့်၊ ဗိုက်ကြီးလှန် ဦးအေးမြင် bတို့ ဆလံသ ဆရာခေါ် ထိုင်ရှိခိုးရမည့် အကျော်အမော်တစ်ဦး ပေါ်ပေါက်လာပြီ ဖြစ်ကြောင်း သိရ သည်။
လူမှုကွန်ရက်အသုံးပြုသူများအကြား ရေပန်းစားလာနေသည့် နောက်ဆုံးပေါ် အကောင့်မှာ Ei Shwe Zin Kyaw အမည်ရှိ အကောင့်ဖြစ်ပြီး နူးညံ့ညင်သာ ပျော့ပျောင်း ယဉ်ကျေး ချိုသာလှသော စတေးတပ်စ်များကြောင့် ပုရိသများ ပါးစပ်အဟောင်းသား ဖြစ်ရကြောင်း သိရသည်။

"အင်း...ပြောရရင်တော့ ဆိုရှယ်မီဒီယာရဲ့ ဘေးထွက်ဆိုးကျိုးပေါ့။ ကာယကံရှင်တွေ စိတ်ခံစားမှုကို မထိန်းသိမ်းနိုင်ရင် ဒီလိုပဲ နာမည်ကြီးတာတွေ၊ အရှက်ကွဲရတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခု အိရွှေဇင်ကျော် ဆိုတဲ့နာမည်နဲ့ အကောင့်ကတော့ အတော်လေးကို ကြမ်းတမ်းပါတယ်။ နယ်လှည့်ပါးရိုက်နဲ့ နာမည်ကြီးပြီး ကြမ်းပါတယ် ဆိုတဲ့ ၀န်ကြီးဦးအုန်းမြင့်တောင် နောက်ကောက် ကျသွားတယ်" ဟု ဖေ့စ်ဘုတ်ယူဇာ ကိုလင်းကိုကို က ပြောဆိုသည်။

"ဒါမျိုးက အကောင့်အခိုးခံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး Hack ခံလိုက်ရပြီ ဆိုရင် မိတ်ဆွေတွေကတစ်ဆင့် ဒီအကောင့် ပါသွားတယ် ဆိုတာမျိုးကို အခိုးခံရတဲ့ အကောင့်မှာ သွားပြီး သတင်းပေးဖို့ လိုပါတယ်။ အခု ဖြစ်နေတာကို ကြည့်တော့ အကောင့်ပိုင်ရှင်နဲ့ May Zwal ဆိုတဲ့ အကောင့်ပိုင်ရှင်နဲ့ ပြဿနာတစ်စုံတစ်ရာ ရှိထားတယ် ထင်တယ်။ အဲဒီကမှ စပြီး ထိမိတဲ့စကား လုံးလေးတွေ ထွက်ပေါ်လာတယ် ထင်ပါတယ်။ အခုဟာက အကောင့် ခိုးခံရတာ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး ပြဿနာနဲ့ ပြောတာ ဖြစ်နိုင်တယ်" ဟု ဖေ့စ်ဘုတ်ကျွမ်းကျင်သူ တစ်ဦး က ပြောသည်။

"မြန်မာနိုင်ငံမှာက ဒါမျိုးဆိုရင် ပြောချင်ကြတာ။ ဒါ့ကြောင့် အသုံးပြုသူတွေ အနေနဲ့ ဒါကို သင်ခန်း စာယူပြီး ဆင်ခြင်သင့်တယ်။ ဆိုရှယ်မီဒီယာ ဆိုတာက တရားဝင် သဘော မျိုး ဖြစ်လာနေ တဲ့အ တွက် ကိုယ့်မိသားစု၊ အလုပ်အကိုင်၊ ပတ်ဝန်းကျင်၊ လူမှုဆက်ဆံရေးအထိပါ ထိခိုက်နိုင်ပါတယ်" ဟု မြန်မာ့ဖေ့စ်ဘုတ်ရေးရာလေ့လာသူတစ်ဦးက ပြောဆိုသည်။

နယ်လှည့်ပါးရိုက်၊ဗိုက်ကြီးလှန်အစရှိသည့် ခေတ်ပေါ် ဝေါဟာရများကိုအလဲထိုးလိုက်သည့်အကြောင်း  အရာများ မည်သို့ ရှိသည်ကို
https://www.facebook.com/eishwezin.kyaw?fref=ts နှင့်https://www.facebook.com/ya.khee.7?fref=ts
တို့တွင် ၀င်ရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
မြန်မာ့ဖေ့စ်ဘုတ်အသိုင်းအ၀ိုင်း၌ အဓိကပြိုင်ဘက်ကြီးများအဖြစ် တည်ရှိနေသော NLD ထောက်ခံ သူများ၊ ဘင်္ဂလီထောက်ခံသူများ အုပ်စုနှင့် စစ်တပ်ထောက်ခံသူများ၊ အစိုးရထောက်ခံသူများ၊ အမျိုးဘာသာစောင့်ရှောက်သူများအုပ်စုကြီး နှစ်စုမှပါဝင်သူများပင်လျှင်အရှုံးပေးရမည့်စံတင်လောက်သော အသုံးအနှုံးများ ဖြစ်ကြောင်း သိရှိရသည်။
From:ပြည်သူ့အာဏာ

No comments:

Post a Comment