Tuesday, February 4, 2014

ရခိုင်ပြည်နယ် လုံခြုံရေး နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ကြိုးပမ်းတော့မည်

ရခိုင်ပြည်နယ်၊ မောင်းတော မြို့နယ်၊ ဒုချီးရားကျေးရွာတွင် ဖြစ်ပွားခဲ့သည့်
ရဲတပ်ဖွဲ့ဝင်များတိုက် ခိုက်ခံရ၍ အင်္ဂါလီများပျောက်ဆုံး နေ
သည့်ဖြစ်စဉ်ကို နိုင်ငံတကာ မီဒီယာ
အချို့က ဘင်္ဂါလီ (၄၀) ခန့် သတ်ဖြတ်ခံရသည်ဟုမှားယွင်းစွာ ထုတ်ပြန်ခဲ့မှုသည် ရခိုင်ပြည်နယ် တွင် ပဋိပက္ခထပ်မံဖြစ်ပွားနိုင်စေ သောကြောင့် ထုတ်ပြန်ချက်များ ကို ပြန်လည်ရုပ်သိမ်းပေး ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ် ချင်းထိစပ်နေသော ရခိုင်ဒေသ များတွင် ရခိုင်တပ် (AA) နှင့် ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ (ALP) တို့ကိုနယ်ခြားစောင့်တပ် အဖြစ်ထားရှိနိုင် ရန်ကြိုး ပမ်းသွား မည်ဟုရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးအေးသာအောင်ကပြော သည်။

အဆိုပါတပ်များဖွဲ့စည်းနိုင်ရန် အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မှ (AA) နှင့်(ALP) တို့ ယခုလ အကုန်တွင် ဆွေးနွေးသွားမည်ပြီး၎င်းကိုငြိမ်းချမ်းမှုဖော်ဆောင်ရေး ကော်မတီထံတင်ပြသွားမည်ဖြစ်
 ကြောင်း ၎င်းကဆိုသည်။

“နယ်ခြားစောင့်တပ်တွေထား လိုက်ရင်အစိုးရတပ်တွေတိုးချဲ့စရာ မလိုတော့ဘူး။ နယ်ခြားစောင့် တပ်တွေရှိတဲ့အတွက် ရခိုင်ပြည် နယ်ရဲ့လုံခြုံရေးကောင်းမွန်လာမှာ ပါ။ အရင်ကတော့ နာမည် မဖော် လိုတဲ့အရာရှိကို ရခိုင်ပြည်နယ် အတွက် လုံခြုံရေးကိုတိုးမြှင့်ပြီးချ ပေးဖို့ပြောခဲ့ပါတယ်။ ဒါပေ မဲ့ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးအတွက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံတစ်နိုင်ငံ လုံးအတွက် အရေးကြီးပါ တယ်။ ကျွန်တော်တို့ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက်ဒေသ ဖြစ်နေတဲ့ အတွက်ကြောင့် နယ်ခြားစောင့်တပ်တွေကိုထား သွားမှာပါ”ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဦးအေးသာအောင်က ထပ်မံပြောသည်။

လက်ရှိတွင်ရခိုင်ပြည်နယ် ပဋိပက္ခဒေသများတွင် ပြည်သူ စစ်များအဖြစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်နိုင်ရန်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

By Hot News

No comments:

Post a Comment