(၁) ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၅၉
)အောက်ရှိ ဥပဒေပုဒ်မများသည် သာမာန်နိုင်ငံသားတစ်ဦးအတွက်
ပြဌာန်းချက်မဟုတ်ဘဲ နိုင်ငံဦးသျှောင် သမ္မတတစ်ဦး အတွက် ပြဌာန်းထားခြင်းဖြစ်ရာ အရှည်မျှော်ကိုး၍ ရှိရင်းစွဲ အတိုင်းသာ တည်ရှိနေသင့်ပါသည်။
(၂) ပုဒ်မ (၅၉/စ) သည် ပြည်ထောင်စုအတွင်းရှိ
တိုင်းရင်းသားညီနောင်များ မျိုးရိုးအစဉ်လာမပျက် နိုင်ငံတော် အကြီးအကဲနေရာတွင် တာဝန် ထမ် ဆောင်နိုင်ရန် အဓိကကျသည့်အချက် ဖြစ်ပါသောကြောင့် ဆက်လက်တည် ရှိစေချင်ပါသည်။
(၃) နိုင်ငံတော်အကြီးအကဲတာဝန်ကို ထမ်းဆောင်မည့် ပုဂ္ဂိုလ်များသည် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများကို ပြောဆိုဆောင်ရွက်ရာတွင် ပြည် ထောင်စုအတွင်းရှိ မူရင်းတိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေးကို အဓိကထား အလေးမူ၍ ဆောင်ရွက်သင့်ကြောင်း သိစေအပ်သည်။
(၄) မြန်မာတိုင်းရင်းသား (၁၃၅)မျိုးအား အမျိုးမပျောက်စေရန် ကာကွယ် ပေးမည့် “မျိုးစောင့် ဥပဒေ” ကို စောလျင်စွာ ရေးဆွဲပြဌာန်းပေးရန် လွှတ်တော်အသီးသီးအား တောင်းဆိုသည်။
(၅) ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးစွဲရေးဆိုင်ရာ ကိစ္စရပ်များ လုပ် ဆောင်ရာတွင် တိုင်းရင်း သား လူမျိုးစုများ၏ တောင်းဆိုချက်များကို ရှေ့တန်းတင်၍ စစ်မှန်သော တိုင်းရင်းသားပေါင်းစုံ လက်ခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး မျှော်လင့်ပါသည်။
(၆) ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းတွင် သာသနာ့ဦးသျှောင် ဆရာ တော်ကြီးများ၏ လမ်း ညွှန် တိုက်တွန်း ချက်များကို အစဉ်အဆက် အလေး ပေးဆောင်ရွက်ခဲ့ကြသည်ဖြစ်ရာ အထက်မြန် မာပြည် သံဃာ့ညီလာခံကြီးမှ ထုတ်ပြန်ကြေညာသော အချက်(၁၀)ချက်ပါ အမျိုးသားရေး လမ်း ညွှန် တိုက်တွန်းမှုများအပေါ် အလေးအနက် ထောက်ခံပါသည်။
(၇) ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များက အညီအ ညွတ်ဆောင် ရွက်ခြင်း အားဖြင့် နိုင်ငံသား ၊ နိုင်ငံသားပြုခွင့်ရသူ ၊ ဧည့်နိုင်ငံသား ဟူသော အဆင့် အလိုက်သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်နိုင်ရေး တိုက်တွန်းသည်။
(၈) ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေပါ တိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ် သတ်မှတ်ခြင်းကိစ္စ တွင် နိုင် ငံတော် ကောင်စီကို အပြည့်အ၀ အပ်နှင်းထားသည်ဖြစ်ရာ တည်ရှိပြီးဖြစ်သော လူမျိုးစုများ အပြင် ထပ်မံတိုးပွားလာ မည့်ကိစ္စများကို လုံးဝလက်မခံပါ။
(၉) ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံသားတို့အား ပေးအပ်ထားသည့် အခွင့်အရေး နှင့် ထပ် မံပေါ်ပေါက် လာ သော ဥပဒေများ ကွဲလွဲမှုမဖြစ်စေရန် အလေးထားဆောင်ရွက်ကြပါရန် တိုက် တွန်းသည်။
(၁၀) ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ကိစ္စတွင် အနာဂတ်အမျိုးသား အကျိုးစီးပွားကို ရှေ့တန်းတင် ၍ စီ စဉ် ဆောင်ရွက်ကြပါရန် အနူးအညွတ်မေတ္တာရပ်ခံသည်။
(၁၁) မြန်မာ့အမျိုးသားရေးကွန်ရက် (Myanmar National Network) သည် အမျိုးသားရေး ကို ရှေးရှု ၍ အမျိုး ဘာသာ သာသနာအတွက် ရာသက်ပန်ရပ်တည်သွားရန် သန္ဓိဌာန်ချသည်။
မြန်မာ့အမျိုးသားရေးကွန်ရက် (Myanmar National Network)
No comments:
Post a Comment