လိုင်ဇာမြို့မှ တရုတ်ပြည်နယ်သို့ ကားစီးကြသော သစ်ပင်များ
ရှမ်းပြည်နယ်မှသစ်ပင်များ ကားစီး ကာထွက်ခွာ
သွားကြသည်မှာကြာဆိုမှ
ကြာ လှပြီ။ ကြာဆိုအတော့်
ကိုကြာပြီ။ ရှမ်းပြည် မှာ
လက်နက်ကိုင်များနှင့်ကိစ်္စ
ကမပြီးသေး။ ကြာဆိုမှကြာ
လှပြီ။ ကြာဆိုအတော့်ကို
ကြာပြီ။ ပဋိပက္ခများ၏ခြေ
ရာကိုခံကြည့် ရာ သဘာဝသယံဇာတကိုမြင်လိုက်မိပါ ၏၊ အစိုးရသစ်ကပြုပြင်ပြောင်းလဲပေးနေ သည်ကိုလည်းမမြင်ရ၍မဟုတ်ရပါ။ နစ် နာသူများကခံစားနေရဆဲဖြစ်ကြောင်းကို လည်းမြင်နေရဆဲသာ။
ပဋိပက္ခများလျော့ကျမသွားရသေး ခြင်းမှာ သယံဇာတများကျန်ရှိနေသေး သေး၍ဟုမြင်မိသည်။ ကျွန်မမှားမည်မ ထင်ပါ။ မတူကွဲပြားသောအင်အားစုများ ၏ နောက်ခံစီးပွားရေးအပေါ်နားလည်
ပေးနိုင်စွမ်းပင်မရှိချင်တော့ပါ။ ငြိမ်းချမ်း ရေးနှင့်တရားဥပဒေစိုးမိုးရေးကိုမျှော်တွေး နေကြရသူ ရှမ်းပြည်သူများကျောက်မဲမြို့ နယ် တပ်ရေကန်စခန်း၌ စစ်ပြေးများအဖြစ် ခိုလှုံလျက်ရှိကြပါသည်။ မည်သူကူနိုင်ပါ သနည်း။ လေကြီးမိုးကြီးဝုန်းဒိုင်းဖြင့်ဟော ပြောနေသူများလာရောက်ကြည့်ရှုစောင် မစေလိုပါသည်။ ကောင်းမှုလုံရွာအနီး ၃ မိုင်အကွာမှာ ၁ နာရီကြာတိုက်ပွဲများဖြစ် ခဲ့ပါသည်။ မည်သူကယ်တင်ပါမည်နည်း။ ရှမ်းမြောက်မှာက တပ်ပေါင်းစုံလှသည်။
ထို့အတူပင်သစ်တွေခုတ်၍ကောင်း နေတုန်းကိုလည်းမြင်ရပါ၏။ တရုတ်ပြည် တွင်ဒေသအစုအဖွဲ့သစ်တောများ၏တိုး တက်မှုပမာဏက ၇၀ ရာခိုင်နှုန်းဖြစ်ပါ သည်။ နီပေါက ၉၀ ရာခိုင်နှုန်းဖြစ်ရာ။ နီပေါပီးလျှင်ဒုတိယလိုက်ပါသည်။ ကိုယ့် ဆီမှာကိုယ့်လူသားတွေတိုးတက်စေဖို့ သူ တစ်ပါးထံမှခိုးယူစိုက်ပျိုးပေးနေခြင်းက မတရားမှုဟုထင်ပါသည်။ ကျွန်မတို့မှာက အသိနှင့်ပညာမရှိကြ၍သာခေါင်းငုံ့ခံနေ ကြရခြင်းဖြစ်မည်ထင်သည်။ အသိချည်း ဆိုလျှင်လည်း ပညာမပါပါ။ အသိလည်း မရှိပညာလည်းမရှိသောအခါဘ၀များက အရောင်မထွက်နိုင်တော့ပါ။ ပညာမရှိဘဲ နှင့်ကုစားမှုမပြုနိုင်ပါ။ ကျွန်မတို့တန်ဖိုး ထားသည်တို့ကိုထောက်ထားကာအသိကို မည်သို့လက်တွေ့ကျင့်သုံးရမည်ကို ပညာ ကထိန်းကွတ်ပေးပါ၏။ အသိသည်ဗဟုသု တဖြစ်ပါ၏။ ဗဟုသုတ နှင့်ပညာမရှိပါ လျှင်အဘယ်အရာသည်အရောင်ထွက်လာ ပါမည်နည်း။ ကျွန်မတစ်ကယ်ပင်မသိတော့ ပါ။ သိသူများစဉ်းစားပေးကြပါသည်။ သို့ပါသော်လည်း ကျွန်မတို့အားလုံး
အတတ် နိုင်ဆုံးလုပ်ပေးကြရပါဦးမည်။ ဆိုးကျိုးများ ကိုလက်ခံရရှိထားပေသည့် ကောင်းကျိုး များရလာသည်အသိဆက်လက်ကြိုးပမ်း ကြရန်သာရှိပါတော့သည်။ သစ်ပင်ခိုးသူ တွေကခိုးသလို စိုက်သူတွေကနောက်က လိုက်ခိုက်ပေးရန်သာရှိပါတော့သည်။
ကျွန်မ၏အသိမှာ စီးပွားရေးဆိုသည့် ဝေါဟာရအပေါ်ဤသို့မြင်မိပါ၏။ ““စီးပွားရေး လုပ်ကိုင်ခြင်းနှင့်စီးပွားရေးလုပ်သူများမှာ လိုအပ်ချက်များအတွက်လိုအင်ဆန္ဒများကို ဖြည့်ဆည်း
ရန်နည်းလမ်းရှာဖွေနေကြသော အလုပ်ခွင့်လုပ်ကိုင်သူများ””ကိုဆိုပါ၏။ ဘ၀များစွာသည်အလုပ်များစွာ
ဆိုကွင်း ဆက်များသဖွယ်လုပ်ဆောင်ပြီးဆုံးဖြတ် ချက်ကွင်းဆက်များ၊ ပဋိပက္ခများကိုကျော် လွှားပြီးကာမှနေ၀င်ချိန်သို့ရောက်ရှိသွား လေ့ရှိသည်ဆိုရပါမည်။ စွမ်းဆောင်ရည် ရှိမှုနှင့် တရားမျှတမှုတို့ကြားမှာပဋိပက္ခ များဖြစ်ပေါ်လာလေ့ရှိသည်။ နိုင်ငံရေး သမားတို့ကတရားမျှတမှု
ကိုတန်ဖိုးထားစဉ် မှာ စီးပွားရေးသမားများကစွမ်းဆောင်ရည် ရှိမှုကိုလေးစားတတ်ကြသည်။ သာမန် ပြည်သူများက ဆွဲဆောင်မှုမက်လုံးများကို အလေးထားတတ်ကြပါသည့်သဘောသာ ဖြစ်ပါသည်။
လူတိုင်းလူတိုင်းကသက်သက်သာသာ ဖြင့်သာဘ၀ကိုလျှောက်လှမ်းလိုကြ၏။ ထို့ ကြောင့်သက်သက်
သာသာနှင့်မက်လုံးများ နောက်သို့ပါလိုက်ခဲ့ကြသည်။ ယခုမူတိုး တက်သောတိုင်းပြည်၏အခြေအနေ တစ်ရပ်မှာ Extractive Industries Transparency Initiative EITI အီးအိုင် တီအိုင်ဆိုသောသယံဇာတထုတ်လုပ်ရေး လုပ်ငန်းများတွင်ပွင့်လင်းမြင်သာမှုရှိစေ ရေး ကြိုးပမ်းမှုအတွက်
လုံးပမ်းလာခဲ့ကြ သည်။ သယံဇာတများကြောင့်ဖြစ်ပွားရ သော ပဋိပက္ခများဖြေရှင်းနိုင်ရန်နည်းလမ်း
ကောင်းများဖြစ်ပေလိမ့်မည်။ ထိုမှသာ ပြည်တွင်းပြည်ပမှရင်းနှီးမြှုပ်နှံလိုသူများ စိတ်သက်သာရာ
ရစေနိုင်မည်ဖြစ်သည်ဟု ယုံကြည်မိပါသည်။
ကျွန်မထင်ပါသည်။ ပြည်သူများမှာ ပညာရည်မြင့်မားလာပါမှ အမှားအမှန်ကို ရွေးချယ်သတ်မှတ်နိုင်စွမ်း
ရှိကြပေလိမ့် မည်။ လူများကနည်းလမ်းပျက်များကို သာအသုံးပြုနေသမျှမှားယွင်းသည့်ဆုံးဖြတ် ချက်များရှေ့ရှုနေကြပြီး နောင်ပေါ်ထွန်း လာမည့်အနာဂတ်အရေးကရင်လေးဖွယ် ရသာကြုံတွေ့ရနိုင်သည်။အစိုးရများနှင့် ပြည်သူများကြားအကြီးမားဆုံးပဋိပက္ခမှာ မြေများကိုသိမ်းပိုက်ခြင်း
နှင့်သက်ဆိုင်လျက် ရှိသည်ဟုထင်သည်။
တက်ကြွလှုပ်ရှားသူများကိုဖမ်းဆီးခံ နေရဆဲဖြစ်ရာ၊ တိကျသောအောင်မြင်မှု ကိုမရရှိသေးသည်မှာ
သေချာလှသည်။ မြေသည်သဘာဝသယံဇာတဖြစ်ပါ၏။ ကျွန်မမှာ ၂၀၁၃ ခုနှစ်တွင်းမိုးမိတ်နှင့်မ ဘိန်းမြို့နယ်များသို့လည်းရောက်ရှိခဲ့ရ၏ သစ်လုံးကြီးများကိုကားကြီးကားငယ်အသွယ်သွယ်ဖြင့်ရောင်းဝယ်
ဖောက်ကားနေခြင်းကို မြင်ခွင့်ရခဲ့သည်။ ထိုသောအခါမှာ ထို စီးပွားရေးလုပ်ငန်းရှင်များကိုပညာ။တတ် သူများဟုလည်းမဆိုလိုပါ။တိုင်းပြည်အပေါ် စေတနာနည်းပါးသူများဟုလည်းမပြော ရက်ပါ။ ၎င်းသစ်ပင်များရှင်သန်စေခြင်း မှရရှိလာမည့်အကျိုးကျေးဇူးကိုသတိမပြု သူများဟူ၍တော့လက်ခံလိုက်ပါ
သည်။ ကမ္ဘာပေါ်ရှိသစ်ပင်များသည် (၁ဘီလျံ တန်) မျှမကသော ကာဘွန်ကိုသိုလှောင် ပေးနိုင်ကြ၏။
လေထုထဲတွင်ရှိသော ကာဘွန်၏ ၂ဆကိုကမ္ဘာ့သစ်ပင်များက စုပ်ယူစုဆောင်းပေးထားကြောင်း ၎င်းတို့ မသိကြပါ။
ကမ္ဘာပေါ်ရှိလူ သန်း ၇၀၀၀မှထုတ် လုပ်သည့် ကာဘွန်၏အဆ ၂၀၀၀ မျှရှိ ပေသည် လူတစ်ဦးလျှင်ကာဘွန်ပမာဏ ၇၀ ကီလိုဂရမ်ထုတ်လွှတ်ပေးရာ သစ်ပင် များကစုပ်ယူမပေးတော့ပါလျှင် ကမ္ဘာ မြေပြင်ပေါ်ရှိသြကာသလောကကြီးမှာ ကာဘွန်များဖုံးအုပ်သွားလေရော့မည်သာ ဖြစ်တော့သည်။
ကမ္ဘာပေါ်ရှိ သစ်တောပြူန်းတီးမှု ကြောင့်တစ်နှစ်တစ်နှစ်လျှင် ကာဘွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ ၁၂-၁၇ရာခိုင်နှုန်း ပေါ်ထွက်လျက်ရှိ၏။ ၎င်းကာဘွန်ဒိုင် အောက်ဆိုဒ်ကိုစုပ်ယူပေးမည့်သစ်ပင်များ မရှိတော့လျှင် ရာသီဥတုဖောက်ပြန်မှုများ ကကြိုဆိုကြပေရော့မည်။ ရာသီဥတု ဖောက်ပြန်မှု
ကြောင့်ဆိုးကျိုးများစွာကြုံ တွေ့ကြရပေတော့မည်။ ကျိန်စာသင့်နေ သော မြေကမ္ဘာမှာစားနပ်ရိက်္ခာရှားပါး သထက်ရှားပါးလာပါမည်။ သစ်တောကို အခြေပြုနေထိုင်ရသောဒေသခံပြည်သူများ လူမှုဘ၀နွမ်း
ပါးကြပေဦးတော့မည်ဖြစ်ရာ ““အဘယ်နိုင်ငံရေးသမားကူညီပါမည်နည်း””
““အဘယ် စီးပွားရေးသမားပံ့ပိုးပေး ပါမည်နည်း””
ကမ္ဘာလူသားထု၏ (သန်းတစ်ထောင် .၆)သည် သစ်တောများတွင်မှီခိုနေကြဆဲ ဖြစ်ပါ၏။ သူတို့၏ဘ၀ရှေ့ရေးမည်ကဲ့သို့ တွေးပေးကြပါမည်နည်း။ ဘယ်သူကူလို့ လှပါတော့မည်နည်း။
ကမ္ဘာရာသီဥတု ပြောင်းလဲမှုတို့ ကြောင့်ဆိုးဆိုးဝါးဝါးဖြစ်ထွန်းလာမည့် ကံကြမ်္မာများကို လက်ခံကြရဦးမည်ဖြစ် ရာ သို့ပေသိစကားလုံးများစွာဖြင့်နစ်မွန်း စေနိုင်သော မက်လုံးများကြားမှာသာယာ
နေကြမည့် ပြည်သူများဘ၀ရင်လေးစရာ ပင်ဖြစ်ရချေသည်။ ပုဂ်္ဂိုလ်တစ်ဦးဦး၏စိတ် စေတသိတ်အတက်
အကျသည် ထိုပုဂ်္ဂိုလ် ကအကြောင်းခြင်းရာများစွာကိုသိရုံမက မည်မျှသိသည်ကိုတည်မှီလျက်ရှိရာ အကြောင်းကောင်းကောင်းမသိလေ ကမ္ဘာ ကြီးပျက်စီးရန်နီးလေလေပင်ဖြစ်ရသည် မဟုတ်ပါလား။
ကျွန်မတို့ကမ္ဘာကြီးတွင် အဖြစ်အပျက် များဖြစ်ပျက်အောင်လုပ်နေသူများလည်း ရှိ၏။ ဖြစ်ရပ်များကိုစောင့်ကြည်နေသူများ လည်းရှိသည်။ ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိသူများလဲရှိနေပါသေးသည်ဟုသာ ဆိုချင်ပါတော့သည်။
ဒေါက်တာစိန်စိန်သိန်း
No comments:
Post a Comment