Sunday, May 4, 2014

ဆုပန်ထွာက စေ့စပ်ကြောင်းလမ်းခြင်း ကန့်ကွက်ခံရမှုကို တုံ့ပြန်ပြီ

သရုပ်ဆောင် ဆုပန်ထွာကတော့ သူ့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်း ကန့်ကွက်ခံထားရတာကို တုံ့ပြန်လိုက် ပါပြီ။ 
ပြီးခဲ့တဲ့ ရက်ပိုင်း က သရုပ်ဆောင် ဆုပန်ထွာနဲ
့ ကိုဥက္ကာကျော်တို့ရဲ့လူသိရှင်ကြား
 စေ့စပ်ကြောင်းလမ်းခြင်း အပေါ် ကိုဥက္ကာကျော်ရဲ့ ဇနီး အဖြစ် တရားဝင် ပြန်စဲတာမရှိသေးဘူးဆိုတဲ့ 
ဒေါ်မဉ္စူအောင်ရဲ့ ကန့်ကွက်စာ ကို နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ထည့်သွင်းဖော်ပြခဲ့တာ ဧရာဝတီပရိသတ်တွေ ကောင်းကောင်း သိကြ မှာပါ။  ဒီကိစ္စအပေါ် ဆုပန်ထွာက သူ့ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် အခုလို တုံ့ပြန်ထားပါတယ်။
ပန်ပန်ပရိတ်သတ်များအားလုံးပန်ပန်အတွက် စိတ်ပူပေး ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ 
နိုင်ငံပိုင်သတင်းစာတွေထဲမှာကိုဥက္ကာကျော်ဘက်မှလဲရှေ့နေ ကတဆင့်ပြန်လည် ရှင်းလင်းသွား မှာဖြစ်ပါတယ်။ 
ပန်ပန်ကိုယ်တိုင်လဲ တဦးချင်း မဖြေကြားနိုင်တဲ့အတွက် ပန်ပန့်ရဲ့ facebook နှင့် စာနယ်ဇင်းများကနေ တဆင့်ပြန်လည် ရှင်းလင်းအသိပေးသွားမှာဖြစ်ပါတယ်။ 
စိတ်ပူပေးကြတဲ့ သူများအားလုံး ကျေးဇူးအထူးတင်ပါတယ်ရှင်... 
ဆုပန်ထွာရဲ့ ဖေ့စ်ဘုတ်က ကူးယူဖော်ပြပေးလိုက်တာပါ။  သတင်းစာမှာ တဖက်က ကြေညာအပြီး ကိုဥက္ကာကျော်ကလည်း သူ့ဖေ့စ်ဘုတ်ကနေ ထပ်မံ ရှင်းလင်းပြီး အမှန်တရားဟာ ပေါ်ပေါက်လာမှာဖြစ်တယ်လို့ ဆိုထားပါသေးတယ်။ 
 
From:ဧရာဝတီ

No comments:

Post a Comment