Sunday, May 4, 2014

ချန်ပီယံ ၇ ကြိမ်တိတိဖြစ်ဖူးသည့် မြန်မာအသင်း အာရှ ယူ ၁၉ ပြိုင်ပွဲတွင် အနိမ့်ဆုံးအုပ်စုတက်ရန် မျှော်မှန်းထား၊ ဆီမီးတက်ပါက ကမ္ဘာ္ကဖလားဝင်ပြိုင်ရမည်

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် မျှော်မှန်းထားခြင်း
မရှိသော်လည်း အုပ်စုအဆင့်မှ ကျော်ဖြတ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မြန် မာအသင်းနည်းပြက ပြောသည်။
မြန်မာယူ-၁၉ အသင်းမှာ ထိုင်း၊ ယီမင်၊ အီရန်နိုင်ငံတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက် ရှိပြီး ထိုင်းအသင်းမှလွဲ၍ ကျန်နှစ် သင်း၏ ခြေစွမ်းကို မသိကြောင်း၊ ထို့ကြောင့် ပြိုင်ဘက်အသင်း

vများ ကို ခက်ခဲစွာ ယှဉ်ပြိုင်ရ မည်ဖြစ် သော်လည်း အုပ်စုအဆင့်မှ ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း အသင်းနည်းပြချုပ် မစ္စတာဂတ်က ပြောသည်။

‘‘ထိုင်းအသင်းကိုတော့ အ နိုင်ရဖူးတယ်။ ကျန်တဲ့နှစ်သင်းကို တော့ မသိဘူး။ အနည်းဆုံးတော့ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အတွက် ရည်မှန်းထားတယ်’’ ဟု ၎င်းက ပြောသည်။

အာရှဒေသတွင်း ဘောလုံး အင်အားကြီးနိုင်ငံများ ပါဝင်မည့် လူငယ်ဘောလုံးပြိုင်ပွဲ တစ်ရပ် ဖြစ်သော အဆိုပါပြိုင်ပွဲတွင် အ သင်း ၁၆ သင်း ပါဝင်မည်ဖြစ်ပြီး အုပ်စုပွဲစဉ်များ ကို နေပြည်တော်နှင့် ရန်ကုန်တို့မြို့တွင် ကျင်းပ သွားမည်ဖြစ်သည်။ ပြိုင်ပွဲ၏ အ ကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင် သောအသင်းလေးသင်းသည် လာ မည့်နှစ်တွင် နယူးဇီလန်နိုင်ငံ၌ ကျင်းပမည့် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ခြေစစ်ပွဲအောင်အသင်း များအဖြစ် ၀င်ရောက်ခွင့်ရ မည် ဖြစ်သည်။

‘‘အိမ်ရှင်အားသာချက် ရှိနေ ပေမယ့် အုပ်စုအဆင့် ဖြတ်ကျော် နိုင်ဖို့ ရုန်းကန်ရလိမ့်မယ်။ အုပ်စု အဆင့်က တက်ဖို့တော့ ရည်မှန်း ထားတယ်’’ ဟု ယူ-၁၉ လက် ထောက်နည်းပြ ဦးညီညီလတ်က ပြောသည်။

မြန်မာ ယူ-၁၉ အသင်းသည်အောက်တိုဘာ ၉ ရက်တွင် ယီမင် ယူ-၁၉ အသင်းနှင့် လည်းကောင်း၊အောက်တိုဘာ ၁၁ ရက်တွင် ထိုင်းယူ-၁၉ အသင်းနှင့်လည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်တွင် အီရန် ယူ-၁၉ အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ယူ-၁၉ အသင်းအနေဖြင့် ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေ ရန် အင်ဒိုနီးရှားနိုင်ငံသို့ ခြေစမ်း ပွဲများ သွားရောက်ကစားရန် စီ စဉ်နေပြီး ဂျာမနီနိုင်ငံသို့လည်း သွားရောက်လေ့ကျင့်ရန် စီစဉ် ထားကြောင်း ဦးညီညီလတ်က ပြောသည်။

No comments:

Post a Comment