Monday, May 5, 2014

၅၉(စ) မပြင်ရေး လူထောင်ချီ ဆန္ဒပြ

From : .. eleven
အမျိုးဘာသာသာသနာစောင့်ရှောက်ရေး 
အပါအ၀င် အချက်သုံးချက် တောင်း ဆို ကာ လေးမျက်နှာမြို့နယ် ပြည်ခိုင် ဖြိုး ပါတီမှ
 ဦးဆောင်ကာ မေ ၃ ရက်က ဆန္ဒထုတ်ဖော် ခဲ့သည်။အဆိုပါ ဆန္ဒထုတ်ဖော်မှုကို နံနက် ၉ နာရီအချိန်တွင် လေးမျက်နှာမြို့နယ်
 ပြည်ခိုင်ဖြိုးပါတီရုံးရှေ့မှစတင်ကာ အခြေခံဥပဒေပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး၊ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး၊ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြာ်သံများဖြင့် မြို့တစ်ပတ် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခဲ့ကြကာ နေ့လယ် ၁၁ နာရီအချိန်တွင် ဆန္ဒထုတ်ဖော်မှုကို ပြည်ခိုင်ဖြိုးပါတီရုံး၌ အဆုံးသတ်ခဲ့သည်။

“ပါတီအနေနဲ့ ပြည်သူတွေတင်ပြတဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့အတွက် တောင်းဆိုချက် သုံးချက်ကို အဓိကတောင်းဆိုခြင်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကုန်လုံးမပြင်ဆင် သင့် ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ပုဒ်မ ၅၉(စ) ကိုပဲ ပြောချင်တာပါ။ ပုဒ်မ ၅၉(စ)က ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဥပဒေပါ ပုဒ်မ ၇၄ ကိုအခြေခံထား တဲ့အတွက် ပြင် ဆင်ဖို့ မလိုအပ်ပါဘူး။ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဆို တဲ့ တောင်း ဆိုချက်က မဘသ တော့ မပါပါဘူး။ ပုဒ်မ ၅၉(စ)ရဲ့အခြေခံဖြစ်တဲ့အတွက် ထည့်သွင်းတောင်းဆို တာပါ။ တည်ငြိမ်အေးချမ်းရေးဆိုတာကတော့ ပြည်သူအားလုံးရဲ့လိုလား ချက်ဖြစ်ပြီး ၂၆ မြို့ နယ်အနက် ကမ္ဘာ့ဘဏ်က ထောက်ပံ့မှုရရှိ မယ့် လေးမျက်နှာမြို့နယ်အတွက် လိုအပ်တဲ့ အချက် ပါ။ ဒီတောင်းဆိုချက်တွေဟာ လိုအပ်ပြီး လုပ်သင့်လုပ်ထိုက်တဲ့အတွက် တောင်းဆိုခြင်းဖြစ် ပါတယ်။ လေးမျက်နှာတစ်မြို့နယ်လုံးက အုပ်စုတိုင်းလာရောက်ပါတယ်။ ခွင့်ပြုတဲ့လူဦးရေကိုချိန်ပြီး ဆောင်ရွက်ပေမယ့် အယောက်သတ် မှတ်ချက်နဲ့ လာရောက်စေတာမျိုး မရှိပါဘူး။ ဒီနေ့ဆန္ဒပြ တဲ့သူတွေထဲ မှာ ပြည်ခိုင်ဖြိုးက နည်းပါတယ်။ ပြည်သူတွေက များတာပါ။ ထမင်း ထုပ် နဲ့ ရေသန့် ပေးမယ်ဆိုတာ သူတို့ဒီရောက်မှ သိကြတာပါ။ လူအင်အား ၁၀၀၀ ခွင့်ပြုပေ မယ့် လိုက်ပါအားပေးသူနဲ့ဆိုရင် ၁၇၀၀ လောက် ရှိပါတယ်”ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်သူ များက ဆိုသည်။
ယခုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီ၏ ဆန္ဒထုတ်ဖော်မှုသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး မေ ၂ ရက် က လေးမျက်နှာမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကာ ဆန္ဒပြသူ နှင့် လိုက်ပါ အားပေး သူအင်အား ၁၂၀၀ ခန့်ကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆန္ဒပြခဲ့ပြီးနောက် ဆောင် ရွက်ခဲ့ခြင်းလည်း ဖြစ်သည်


 .. www.MyanmarExpress.net
 

No comments:

Post a Comment