Friday, September 6, 2013

မဲအရေအတွက် သုံးထောင်နီးပါးနှင့် Miss Internet ဆုအတွက် ခင်ဝင့်ဝါဦးဆောင်နေ

ဘီလာရုစ်နိုင်ငံတွင် ကျင်းပနေသော Miss Su- pranational 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ၀င်ရောက် ယှဉ်ပြိုင်နေသော ခင်ဝင့်ဝါက စက်တင်ဘာ ၅ ရက်၊ ညနေပိုင်းအထိ Miss Internet ဆုအတွက် အွန်လိုင်းမှမဲပေးသည့် မဲအရေအတွက် သုံးထောင်နီးပါးဖြင့် အများဆုံးရရှိပြီး ပထမနေရာ၌ ရပ်တည်နေသည်ဟု Miss Supranational Voting Page အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ခင်ဝင့်ဝါ၏နောက် ဒုတိယနေရာတွင်
ထိုင်းအလှမယ်က မဲအရေအတွက် ၇၃၀ ဖြင့်ရပ်တည်နေပြီး အပြတ်အသတ် ကွာဟလွန်းနေသည့် အနေအထားလည်းဖြစ်သည်။

Miss Supranational 2013 ပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်မှ စတင်၍ မဲပေးရန်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲစတင် သည့်နေ့တွင် ခင်ဝင့်ဝါက မဲ ၉၀၊ ထိုင်းအလှမယ်က မဲ ၂၄၀ ရရှိထားရာမှ လေးရက်မြောက်နေ့တွင် ခင်ဝင့်ဝါက အပြတ်အသတ် အသာစီးရရှိသွားခဲ့သည့် အနေအထားဖြစ်သည်။

Miss Supranational 2013 ပြိုင်ပွဲတွင် Miss Internet ဆုအတွက် ပရိသတ်များမဲပေးလိုပါက မဲ ၁၀ မဲ လျှင် ငါးဒေါ်လာဖြင့် ငွေချေရမည်ဖြစ်ပြီး အွန်လိုင်းငွေချေ စနစ်မတွင်ကျယ်သေးသည့် မြန်မာနိုင်ငံ၏ အနေအထားကြောင့် သူမအနေဖြင့် ယခုကဲ့သို့မဲများစွာရရှိရန် မျှော်လင့်မထားကြောင်း ခင်ဝင့်ဝါကသူမ၏ အင်တာနက် စာမျက်နှာတွင်
ရေးသားခဲ့သည်။

ယင်းကဲ့သို့ အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် မဲပေးရာတွင် အွန်လိုင်းငွေပေး ချေမှုမရှိသောကြောင့် မြန်မာနိုင်ငံမှ မဲပေးနိုင်ခြင်းမရှိဘဲ လက်ရှိရရှိနေသော မဲအရေအတွက်များမှာ ပြည်ပရှိမြန်မာများကပေးခြင်းဖြစ် သည်ဟု Miss Supranational Myanmar Organization မှသိရသည်။

ထို့အပြင် ခင်ဝင့်ဝါကသူမအနေဖြင့် Miss Internet ဆုရရှိခဲ့ပါကရရှိခဲ့သည့် ဆုကြေးငွေများအား ပရဟိတလုပ်ငန်းများ တွင် လှူဒါန်းသွားမည်ဟု ထုတ်ဖော်ရေးသားခဲ့သေးသည်။

No comments:

Post a Comment