Tuesday, September 17, 2013

ရွှေတိဂုံသို့ ရှစ်လအတွင်း နိုင်ငံခြားသား နှစ်သိန်းခြောက်သောင်းကျော် လာရောက်

ကုလသမဂ္ဂ ပညာရေး၊ 
သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့
(UNESCO) က တစ်
ကမ္ဘာလုံးရှိ လည်ပတ်ရန်
 အကောင်းဆုံး နေရာ
များတွင် တစ်ခုအဖြစ် 
သတ်မှတ်ခြင်း ခံထား ရသော ရွှေတိဂုံ
 စေ တီတော်မြတ်ကြီးသို့ 
ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လတာ ကာလအတွင်း နိုင်ငံခြားသား
ခရီးသွား ၂၆၉,၈၅၁ ဦး ဝင်ရောက်ခဲ့ကြောင်း စေတီတော် ဂေါပကအဖွဲ့ ထုတ်ပြန်ချက်မှ သိရသည်။နိုင်ငံ၏ တိုး တက်ပြောင်း လဲလာသော ခေတ်စနစ်များကြောင့် ပြည်ပခရီးသွား ဝင်ရောက်မှု ပိုမိုများပြား လာခြင်း ဖြစ်ပြီးပြီးခဲ့သည့်နှစ်အလားတူကာလထက်၂၉ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း  စေတီ ဝက်ဘ်ဆိုက်မှ တစ်ဆင့် The Voice ၏ မေးမြန်းချက်ကို ဖြေကြားသည်။
နိုင်ငံခြားသား ဧည့်သည် လာရောက် လည်ပတ်မှုသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအ ထိ ၁၉၂,၅၃၁ ဦး လာရောက် လည်ပတ်ခဲ့ပြီး ယခုနှစ် အလားတူ ကာလအတွင်း ခရီးသွားဦးရေ ၂၆၉,၈၅၁ ဦး လာရောက် လည်ပတ်ခဲ့ကြောင်း စေတီဂေါပကအဖွဲ့ ထုတ်ပြန်ချက်မှ သိရသည်။
နိုင်ငံခြားသားဦးရေ တိုးတက်လာခြင်းကြောင့် ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ ခရီးသွားပြည်သူ များ အဆင်ပြေ ချောမွေ့စေရန် တောင်ဘက်မုခ်တွင် ဓာတ်လှေကားသစ်နှစ်စီးတည်ဆောက်ပေး လျက်ရှိပြီး နိုင်ငံခြားသား ခရီးသည်များအတွက် စေတီသမိုင်း လက်ကမ်းစာစောင်များနှင့် လမ်း ညွှန်မြေပုံများကို အခမဲ့ပေးသွားမည် ဖြစ်ကြောင်း ယင်းစေတီဂေါပကအဖွဲ့က ထုတ်ပြန်ထား သည်။နိုင်ငံခြားသား ခရီးသွားဦးရေ လည်ပတ်မှုသည် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ဦးရေ အများဆုံးအဖြစ် ထိုင်းနိုင်ငံသား ၄၅,၂၈၂ ဦး လာရောက် လည်ပတ်ခဲ့ပြီး အနည်းဆုံး မှာ နိုက်ဂျီးရီးယား နိုင်ငံသားများ ဖြစ်ကြောင်း စေတီတော် ဝက်ဘ်ဆိုက် ထုတ်ပြန်ချက်မှ သိရ သည်။
ရွှေတိဂုံ စေတီတော်တွင် အောက်တိုဘာလ ၁ ရက်နေ့ စတင်ကာ နိုင်ငံခြားသားတစ်ဦး ဝင်ကြေး ကို အမေရိကန် ၅ ဒေါ်လာ မှ ၈ ဒေါ်လာသို့ တိုးမြှင့်ကောက်ခံတော့မည် ဖြစ်သည်။
 

 .. www.MyanmarExpress.net

No comments:

Post a Comment