Monday, September 16, 2013

မန်းမြန်မာ ဈေးချို ပလာဇာ တွင် စိတ်ကြွ ဆေးပြား ကျပ် သိန်း ၃၀၀ဝ ကျော်ဖိုး ဖမ်းမိ

မန္တ လေးမြို့ မန်းမြန်မာ ဈေးချို ပလာ 
ဇာ တွင် ကာလ တန်ဖိုးငွေ ကျပ် သိန်း ၃၀၀ဝ ကျော်ဖိုး စိတ်ကြွ ရူး သွပ်
 ဆေးပြား များ စက်တင်ဘာ ၉ ရက်
 ညနေ ၄ နာရီ က ဖမ်းဆီး ရမိ ကြောင်း 
သိရ သည်။
ချမ်းအေးသာဇံ မြို့နယ် ၂၇ - ၂၈ လမ်း ကြား၊ ၈၄ - ၈၅ လမ်း ကြားရှိ မန်းမြန်မာ ဈေးချိုပလာဇာမှာ မန္တလေး ဈေးချို တော်ကြီး ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သဖြင့် နေ့စဉ် ဈေးရောင်း ဈေးဝယ်သူ များဖြင့် စည်ကား သည့် ဈေး ကြီး ဖြစ်သည်။ ဈေး ချို ပလာဇာ ရှိ ဝမ် ဝမ် ( ၂ ) အထည်ဆိုင် သို့ ပြည်ကြီး တံခွန် မြို့နယ် မူးယစ် ဆက်စပ် သတင်း အရ မန္တလေး တောင်ပိုင်း မူးယစ် ( အထူး ) အဖွဲ့မှ ဒုရဲအုပ် ချန်ထွန်း ဦးဆောင်သော ပူးပေါင်း အဖွဲ့က ဝင်ရောက် ရှာဖွေရာ စိတ် ကြွ ဆေးပြား ၆၆၀၀၀ အလေး ချိန် ၆ဒသမ ၆ ကီလိုဂရမ် ခန့် တွေ့ ရှိ ဖမ်းဆီး ရမိကြောင်း သိရသည်။

အထည်ဆိုင် အတွင်းရှိ ပိုင် ရှင် စိုင်းသိန်းဟန် ( ခ ) အားဝမ်ပိုင် သစ်သား ဗီရိုအောက်ထပ်မှစတင် ရှာဖွေရာ U - LOVEEIT စာတန်း ပါ ဂျပ်စက္ကူပုံး အတွင်း မိုင်းကိုင် စက္ကူဖြင့် ထုပ် ထားသောတိပ် အကြည် ပတ် အထုပ်မှ တစ်တောင့် လျှင် ၈၈ နှင့် ၁ စာတန်း ပါ နီညို ရောင် စိတ်ကြွ ရူး သွ ပ်ေ ဆးပြား ၂၀ဝ စီပါ အပြာရောင် ပလတ်စ တစ်ကပ် ခွာအိတ် ၁ဝ အိတ်၊ စိတ် ကြွ ရူး သွပ်ေ ဆးပြား၂၀၀၀၊ အလေး ချိန် ၂၀ဝ ဂရမ် ခန့်စီ ပါ ၃၃ တောင့် ရှာဖွေ တွေ့ရှိ ကြောင်း သိရသည်။

အဆိုပါ မူးယစ်မှု မှာ စက်တင် ဘာ ၉ ရက် နံနက် ၁၁ နာရီ ခန့် တွင် ပြည်ကြီးတံခွန် မြို့နယ် သင် ပန်း ကုန်း ( စ ) ရပ်ကွက် ၅၄ - ၅၅ လမ်း ကြား ကျန်စစ်သား လမ်းမ ပေါ် တွင် မန္တလေး တောင် ပိုင်း မူးယစ် ( အထူး ) အဖွဲ့မှ ဒုရဲအုပ် ချန်ထွန်း ဦးဆောင် ၍ သတင်း အရ စောင့် ဆိုင်း နေစဉ် ကျန်စစ်သား လမ်းမ အတိုင်း အနောက် မှ အရှေ့သို့ မ ဥမ္မာထွေး ( ခ ) အငယ်လေး မောင်း နှင် လာသည့် ၃၃ ယ / ---- Follow Me 125 ၁၂၅ စိမ်း ၊ နက် ရောင် ဆိုင်ကယ် ကို ရပ်တန့် စစ်ဆေး ရှာ ဖွေရာ လွယ်ထား သည့် AOTAN စာတန်း ပါ အနက် ရောင် ဘေး လွယ်အိတ် အတွင်း မှ အ နက်ရောင် ကြွပ်ကြွပ် အိတ် တိပ် အကြည် ပတ် ဖြင့် ပတ်ထားပြီး မိုင်းကိုင် စက္ကူ ဖြင့် ထုပ်ထားသည့် အိတ်ထဲမှ တစ် တောင့် လျှင် ၈၈ နှင့် ၁ စာတန်း ပါ နီညိုရောင် စိတ်ကြွ ရူးသွပ် ဆေး ပြား ၂၀ဝ စီပါ အပြာရောင် ပလတ် စတစ် ကပ်ခွာ အိတ် ၁ဝ အိတ်၊ စိတ် ကြွ ရူးသွပ် ဆေးပြား ၂၀၀၀၊ အ လေး ချိန် ၁ ဒသမ ၂ ကီလိုဂရမ် ခန့် နှင့် ဝ၉ - ၄၀ ---- ကတ်ပါ G - Five အမျိုးအစား အဖြူရောင် လက် ကိုင် ဖုန်း တစ်လုံး တို့ကို စစ်ဆေး တွေ့ ရှိ ကြောင်း သိရသည်။

မ ဥမ္မာထွေး ( ခ ) အငယ်လေး အား စစ်ဆေး မေးမြန်း ရာ ချမ်း အေးသာဇံ မြို့နယ် ပြည်ကြီးပျော် ဘွယ် အနောက်ရပ် လမ်း၃၀ - ၉၁ လမ်းထောင့် ရှိ စိုင်းသိန်းဟန် ( ခ ) အားဝမ် မှ ပို့ခိုင်း ခြင်း ဖြ စ်ကြောင်း သိရ သဖြင့် စိုင်းသိန်းဟန် ၏ နေ အိမ်ကို သွားရောက် ရှာဖွေရာ နေ အိမ် တွင် မူးယစ်ေ ဆးဝါး ဆက်စပ် ပစ္စည်း တစ်စုံ တစ်ရာ တွေ့ရှိခြင်း မရှိ သဖြင့် စိုင်းသိန်းဟန် ကို ဖမ်း ဆီး ခဲ့ကြောင်း သိရ သည်။

ဖမ်းဆီး ရရှိ သည့် မူးယစ် ဆေးဝါး မှာ တန်ဖိုးငွေ ကျပ် သိန်း ၃၀၀ဝ ဖိုး ရှိသဖြင့် မူးယစ် ဆေး ဝါး ရောင်းချ သူ စိုင်းသိန်းဟန် ( ခ ) အားဝမ် ၃ဝ နှစ် ( ဘ ) ဦး လုံးစု ကို ချမ်းအေးသာဇံ မြို့နယ် အမှတ် ( ၆ ) ရဲစခန်း မှ မယ ( ပ ) ၆ / ၂၀၁၃ ၊ မူး / စိတ်ပုဒ်မ ၁၅ / ၁၉ ( က ) / ၂၀ ( က ) / ၂၁ ဖြင့် အမှုဖွင့် အရေး ယူ ထားပြီး မူးယစ် ဆေးဝါး လက်ဝယ် တွေ့ရှိ သူ မဥမ္မာထွေး ( ခ ) အငယ် လေး ၁၈ နှစ် ( ဘ ) ဦးလေးမောင်ကို ပြည်ကြီး တံခွန် မြို့နယ် ရဲစခန်း မှ မယ ( ပ ) ၂၀ / ၂၀၁၃၊ မူး / စိတ် ပုဒ်မ ၁၅ / ၁၉ ( က ) / ၂၁ ဖြင့် အမှု ဖွင့် အရေးယူ ထားကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment