Monday, September 23, 2013

ဝန်ကြီးဌာနများတွင် မိုက္ကရိုဆော့ဖ်၏ ဆော့ဖ့်ဝဲလ်များအား လိုင်စင်ဖြင့် သုံးနိုင်ရန်စီစဉ်


မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနအသီးသီးတွင် မိုက္ကရိုဆော့ဖ် ၏ဆော့ဖ်ဝဲလ်များကို လိုင်စင်ဖြင့်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အစိုးရဌာနများအတွက်သင့်တော်သော နှုန်းထားတစ်ခုဖြင့် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရသည်။ “အဓိကကတော့ဝန်ကြီးဌာနတွေမှာသုံးမယ့်ဆော့ဖ်ဝဲလ်တွေ အတွက်ကို

သင့်တော်တဲ့ ဈေးနှုန်း တစ် ခုဖြစ်အောင် ဆောင် ရွက်မှာဖြစ်ပါတယ်။ အခုလက်ရှိဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်း ပညာဝန်ကြီးဌာနနဲ့ ပြောနေပါတယ်” ဟု MIT မှ CEOဦးထွန်းသူရသက် က ပြောသည်။ ကနဦး ကာလတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အ လက် နည်းပညာဝန်ကြီးဌာနနှင့် စတင်သွားမည်ဖြစ်ပြီး တဖြည်းဖြည်း ချင်း အခြားဝန်ကြီးဌာနများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည။် “MICT (ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန) နဲ့က ညှိနှိုင်းနေဆဲကာလဖြစ်ပါတယ်။ အသေးစိတ် အချက် အလက်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်” ဟု Knowledge Centricity (Myanmar) Pte Ltd မှ ဒါရိုက် တာ ဒေါ်လွင်လွင်ငြိမ်းချမ်းက ပြောသည်။
ဝန်ကြီးဌာနအားလုံး ပြင်ပဈေးနှုန်းနှင့် တူညီမည်မဟုတ်ကြောင်း၊ အထူးဈေးနှုန်းနှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ “ဒါ့အပြင် မိုက္ကရိုဆော့ဖ်က တခြားအခွင့်အရေးတွေ ပေးဖို့လည်း ရှိပါတယ်” ဟု ဦးထွန်းသူရသက်က ပြောသည်။ပညာရေးကဏ္ဍအနေဖြင့်လည်း ကျောင်းသားအများစု အား ဆော့ဖ်ဝဲလ်ကို အခမဲ့သို့မဟုတ်တတ်နိုင်သော ဈေးနှုန်းတစ်ရပ်ဖြင့် ဆောင်ရွက်ပေးရန်ရှိကြောင်း သိရသည်။ အများပြည်သူပိုင် ကဏ္ဍ အတွက် ဆောင်ရွက်ရာတွင် မိုက္ကရိုဆော့ဖ်ကဲ့သို့ နည်းပညာ ကုမ္ပဏီအပြင် အခြားအထင်ကရ အဖွဲ့အစည်းများလည်း ရှိကြောင်းသိရသည်။
“ပူးပေါင်းပေးပြီးတော့ ကူညီပေးချင်တဲ့ ကမ္ဘာ့ဘဏ်တို့၊ ADB တို့ရှိတယ်” ဟု ဦးထွန်းသူရသက်က ပြော သည်။ နည်းပညာကုမ္ပဏီအနေဖြင့် မိုက္ကရိုဆော့ဖ် တင်မကဘဲ အခြားနည်းပညာကုမ္ပဏီများဖြစ်သည့် HP, Dell စသည်တို့ လည်း အများပြည်သူကဏ္ဍ ဖြွံ့ဖိုးတိုးတက်ရေးအတွက်ပူးပေါင်းရန်ရှိကြောင်း သိရသည်။ မိုက္ကရိုဆော့ဖ်မှChiefSecurityOfficer မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာအင်ဖိုတက်ခ်၌  ဟောပြောဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ကာ အဆိုပါအခမ်းအနား၌ အထက်ပါအချက်များကို သိရှိရခြင်းဖြစ်သည်။

ထွန်းထွန်း

No comments:

Post a Comment