Thursday, September 19, 2013

မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန်သာ ရည်ရွယ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးပြောကြား

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား စွမ်းအင်ကို လက်နက်ထုတ်လုပ်ရန် အတွက် မဟုတ်ဘဲ ငြိမ်း ချမ်း စွာ အသုံးပြုရန်သာ ရည်ရွယ်ထားကြောင်း သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ နိုင်ငံတကာ အ ဏုမြူ စွမ်းအား အေဂျင်စီ (IAEA) ရုံးချုပ်တွင် ကျင်းပသည့် အစည်းအဝေး တွင် မြန် မာနိုင် ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်က ပြောကြားသည်။ အစည်းအဝေး တွင် နိုင် ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်း ပြောကြားရာ၌ အဆိုပါ အချက်ကို ထည့်သွင်း ပြောကြားခြင်းဖြစ်ပြီး ထိုကဲ့သို့ ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး အတွက် မြန်မာနိုင်ငံကို အကူအညီ ပေးကြမည် ဟု မျော် လင့်ကြောင်းလည်း ပြောကြား သည်။ ''မြန်မာနိုင်ငံ အနေနဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး နဲ့ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးကို ဦးတည်ချက် ထားပါတယ်။ အဲဒီအတွက် အခုလို အကူအညီတွေနဲ့ ပူးပေါင်းဆောင်ရွက် မှုတွေလည်း အနာ ဂတ်မှာ ဆက်လက်ရှိနေ လိမ့် မယ်လို့ ကျွန်တော် အသေအချာ မျှော်လင့်ပါတယ်'' ဟု ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်း၌ ထည့် သွင်းပြောကြားသည်။ထို့ပြင် နိုင်ငံခြားရေး ၀န်ကြီးက မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယား စွမ်း အင်ကို လက်နက်အဖြစ် အသုံးပြုခြင်းကို ဆန့်ကျင်ကြောင်းနှင့် နျူကလီးယား လက်နက် ဖျက်သိမ်းရေး၊ နျူကလီးယားလက်နက် မပြန့်ပွားရေး တို့တွင်လည်း မြန်မာနိုင်ငံ အနေဖြင့် တက်ကြွစွာ ပူးပေါင်းဆောင် ရွက်လျက် ရှိကြောင်း ဆက်လက် ပြောကြားသည်။''နျူကလီးယား လက်နက်တွေနဲ့ အဖျက်စွမ်းအား ကြီးမား တဲ့ လက်နက်တွေဟာ လူသားမျိုးနွယ် တည်ရှိနိုင်မှုအပေါ် အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့ အရာများ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အနေနဲ့ ယူဆပါတယ်။ အဲဒီအတွက် နျူကလီးယား လက်နက်ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေးတို့မှာ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်း ရေးဟာ မြန်မာနိုင်ငံ အတွက် အဓိက ဦးစားပေးပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း နျူကလီးယား လက်နက် ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေး အဖွဲ့များမှာ မြန်မာက တက်ကြွစွာ ပါဝင်လုပ်ဆောင်လျက် ရှိပါတယ်'' ဟု နျူကလီး ယားလက်နက်အသုံးပြုရန် ရည်ရွယ်ချက် မရှိကြောင်းနှင့် ပတ်သက်၍ ၎င်းက ထည့်သွင်း ပြောကြား သည်။နျူကလီးယားစွမ်းအင်ဆိုင်ရာလုံခြုံစိတ်ချရမှုလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍လည်း မြန် မာနိုင်ငံနှင့် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီတို့ သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ပြီး မြန်မာနိုင် ငံအနေဖြင့်လုံခြုံစိတ်ချရမှုလုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီအောင် ပြင်ဆင်ဆောင်ရွက်မည် ဖြစ်ကြောင်း လည်း ဦးဝဏ္ဏမောင်လွင်က ထည့်သွင်း ပြောကြားသည်။''ပြင်ဆင်ဆောင်ရွက်မှု တွေထဲမှာ ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက် ဥပဒေရေးဆွဲခြင်းနဲ့ နျူကလီးယား ထိန်းသိမ်းကိုင်တွယ်မယ့် အဖွဲ့အ စည်းကိုလည်း ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ အားလုံးပြင်ဆင်ပြီးပြီဆိုရင် IAEA အဖွဲ့ကို အကြောင်းကြားမှာပါ'' ဟု ပြင်ဆင်မှု များနှင့် ပတ်သက်၍ ပြောကြားသည်။စစ်အစိုးရ လက်ထက် တွင် နျူကလီးယား လက်နက်များ တည် ဆောက်ရန် ကြိုးပမ်းနေသည်ဟု ယူဆရသော သံသယ များကို ရှင်းလင်းနိုင်ရန်အတွက် မြန်မာနိုင်ငံ တွင် အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နိုင်မည့် သဘောတူညီချက်ကိုအင်္ဂါနေ့တွင်IAEAရုံးချုပ်၌IAEAအကြီးအကဲYukiyaAmano နှင့် မြန်မာနိုင် ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်တို့ လက်မှတ်ရေးထိုး ခဲ့ကြ သည်။ စစ်တပ်က နှစ်ပေါင်းများစွာ အုပ်ချုပ် ခဲ့သော မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရ လက်ထက်၌ မြောက် ကိုရီးယားနှင့် ပူးပေါင်း ၍ နျူက လီးယား လက်နက်များ တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်ဟူသော စွပ်စွဲချက် များ ထွက်ပေါ် ခဲ့ဖူးသည်။ယခုသဘောတူညီချက်အရ နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ(IAEA)မှစစ်ဆေးရေး အရာရှိများသည် မြန်မာနိုင်ငံရှိ နျူကလီးယား ထုတ်လုပ်ရန် ကြိုးစားနေသည်ဟု ယူဆရသော စက်ရုံများအပေါ် စစ်ဆေးကြည့်ရှုခွင့် ရမည်ဖြစ်သည်။

No comments:

Post a Comment