Wednesday, September 18, 2013

တပ်မတော်ကို ထိပ်တိုက်တွေ့ လျှင် နောက်ကြောင်းပြန် လှည့်သွားနိုင်တယ်

 လူရယ်လို့ဖြစ်လာရင် လူတွေအကြောင်း
 ပေါင်းကြည့်မှ သိနိုင်ပါတယ်။ ဘယ်သူက
 လူဆိုး၊ ဘယ်သူက လူကောင်း၊ ဘယ်သူ
က မိတ်ဆွေ၊ ဘယ်သူက ရန်သူဆိုတာ 
သိလာတဲ့အခါကျတော့ ဘယ်လိုလူ
မျိုးကို ပေါင်းသင်းရမယ်ဆိုတာ အလို
လို နားလည်သိတတ်လာပါလိမ့်မယ်။
 အဲဒီလို သိတတ်ပြီဆိုရင် လူ့ပတ်ဝန်းကျင်ထဲမှာ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်လာပါလိမ့်မယ်။
ပတ်ဝန်းကျင်ကြောင့် ကဲ့ရဲ့မှုကို ကြုံတွေ့နိုင်သလို ချီးမွမ်းခြင်းလည်း ခံရနိုင်ပါတယ်။ ချီးမွမ်း (၇)ရက် ကဲ့ရဲ့(၇) ရက်ဆိုတဲ့ မြန်မာစကားပုံလည်း ရှိနေတာပဲ။ ဒီတော့ ကိုယ်က ကောင်းတာ လုပ် ရင် ကောင်းကျိုးခံစားရမှာဖြစ် သလို မကောင်းတာ ကျူးလွန်ရင်တော့ ဆိုးကျိုးပဲခံစားရမှာ ဖြစ်ပါ တယ်။ တစ်ခါတစ်လေကျပြန်တော့ ကိုယ်က ကောင်းတာလုပ်နေပေမယ့် မလိုမုန်းထား ၀ိုင်းဝန်း အပြစ်တင်ခံရတာမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်လုပ်တာ ကိုယ်သိပြီး လိပ်ပြာလုံဖို့ လိုပါတယ်။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတာ လောကဓံ တရားတွေမို့ ခံနိုင်ရည်တော့ ရှိရပါမယ်။
အဲဒီလို စိတ်ဓာတ်မျိုး လူတစ်ဦးချင်းစီမှာ မွေးမြူကျင့်ကြံနိုင်မယ်ဆိုရင် ယနေ့လူ့ပတ်ဝန်းကျင်ဟာ လည်း အမြဲထာဝရ ကျက်သရေမင်္ဂလာရှိနေမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းတာ လုပ် တာ ကို အကောင်းမမြင်နိုင်တဲ့လူတွေရှိ နေသေးတော့ လူ့ပတ်ဝန်းကျင်မှာလည်း ပြဿနာများစွာနဲ့ ရှုပ်ထွေးပွေလီလျက်ရှိပါတယ်။ယခုတလောကျွန်တော်တို့ မြန်မာနိုင်ငံသားတစ်ဦးချင်းစီနဲ့သက်ဆိုင် တဲ့ သတင်းတွေ ဟိုနားဒီနားမှာ ပွစိပွစိ ထွက်ပေါ်နေပါတယ်။ တပ်မတော်ကို ထိပ် တိုက်တွေ့ လျှင် နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်ဆိုတဲ့ခြောက်ခြား တုန်လှုပ်ဖွယ်ရာ သတင်းပဲ ဖြစ်ပါ တယ်။ ဒီစကားဟာ အပြုသဘောလား၊ အပျက်သဘောလား၊ စဉ်းစားချင့်ချိန်ဖို့ လိုပါတယ်။
ဒီမိုကရစီရတာမှ ၂ ရက်တစ်ပိုင်းပဲရှိသေးတယ်။ နောက်ကြောင်းပြန်လှည့်မယ်ဆိုတဲ့ စကားဟာ ဘယ်က ထွက်လာတာလဲ၊ ပြီးတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ မျှော်လင့်ထားတဲ့ အနာဂတ် ရည်မှန်းချက်တွေကို တစစီ ဖျက်ဆီးပစ်တာနဲ့ အတူတူပဲလို့ ပြောချင်ပါတယ်။ ရပ်ကွက်ထဲက ပညာတတ်လူတန်းစားတွေ၊ ပါတီအဖွဲ့အစည်း တွေ၊ လူမှုရေးအဖွဲ့အစည်း တွေကြားထဲမှာ အဲဒီ စကားအပေါ် ဝေဖန်မှု၊ ထင်မြင်ယူဆမှုတွေ အမျိုးမျိုး ထွက်ပေါ် နေတာကို ကြားနေရပါတယ်။

ရပ်ကွက်ထဲက မွေးနေ့ပွဲတစ်ခုမှာ ကျွန်တော်ထိုင်တဲ့ စားပွဲဝိုင်းမှာ ဆရာဝန်ကြီးတွေ၊ တရား သူကြီးတွေ၊ လွှတ်တော်အမတ် ဆိုသူတွေ၊ ဘာပါတီဝင် ညာပါတီဝင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဆုံကြတော့ စကား အချေအတင် ပြောဆိုမှုတွေ ဖြစ်ခဲ့ကြတယ်။

“ လွှတ်တော်နဲ့ အစိုးရကြားမှာ ပွတ်တိုက်မှုရှိတယ်ဆိုတာ သမ္မတကြီး သုံးတဲ့စကားလို့ အသံထွက်နေ တာပဲ။ သာမန်ထက် ကျော်လာရင်တော့ ဂိုဏ်းဂဏတွေ ကွဲသွားမှာပဲ။ ဒါဆိုရင် တိုင်းပြည် အခြေ အနေက ဆိုးရွားသွားပြီး အခုပြောနေကြတဲ့ အာဏာသိမ်းတာတွေ ပြန်ဖြစ်သွားနိုင်တာပေါ့ ” ဆိုပြီး တရားသူကြီးတစ်ဦး ပြောလိုက်တဲ့ စကားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။
“ ဟိုတစ်နေ့က ဦးကျော်ဝင်း အင်တာဗျူး ဖတ်လိုက်ရတယ်၊ အခုလွှတ်တော်နဲ့ အစိုးရကြားက ပွတ်တိုက်မှုဟာ အာဏာသိမ်းတဲ့အထိတော့ မဖြစ်နိုင်ဘူးလို့ ပြောတာပဲ၊ ဒါပေမယ့် အခြေခံဥ ပဒေပြင်ဆင်ရေးနဲ့ ဖက်ဒရယ်ကိစ္စ တွေမှာ အတိုက်အခံဘက်က အလွန်အကျွံတောင်းခံလာရင် တပ်နဲ့ ထိပ်တိုက်တွေ့နိုင်တယ်၊ မြန်မာ့နိုင်ငံရေးမှာ တပ်ရဲ့ သဘောတူညီမှု မရှိဘဲနဲ့ ဘာမှ လုပ်လို့ မရဘူးဆိုပြီး ပြောသွားတာပဲ၊ တပ်ကလည်း ဒို့တာဝန်အရေး သုံးပါးနဲ့ အခြေခံဥပဒေ ကာ ကွယ်စောင့်ရှောက်ရေးဆိုပြီး ပြောနေတော့ ထိန်းမနိုင် သိမ်းမနိုင် ပြဿနာတွေ ဖြစ်လာရင်တော့ အာဏာပြန်သိမ်း နိုင်တာပေါ့” လို့ ဆရာဝန်ကြီးကလည်း ပြောပြန်ပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ဒီမိုကရေစီလုံးဝမဆန်လို့ ဖျက်သိမ်းပြီး အသစ်ပြန်ဆွဲမယ်ဆိုရင် လူကြိုက်များ နိုင်တယ်။ ဒါပေမယ့် တပ်နဲ့ ထိပ်တိုက်တွေ့နိုင်တော့ အန္တရာယ်ရှိတယ်။ အဲဒီအတွက် တိုင်းပြည်အနာဂတ်လည်းကောင်းမှာမဟုတ်ဘူးလို့လွှတ်တော်အမတ်တစ်ဦးက၀င်ရောက်  ဆွေးနွေး ပါတယ်။
ဟိုတစ်နေ့က အွန်လိုင်းပေါ်မှာ ကျွန်တော်ဖတ်လိုက်ရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သဘောထား(၁၂)ချက်မှာတပ်မတော်နဲ့ပတ်သက်တဲ့ ထောက်ပြမှုတွေများနေ တာကို ပြောချင်ပေမယ့် ပြောချိန်မရ လိုက်ပါဘူး။ မွေးနေ့ပွဲကနေ အလျှိုလျှို ပြန်သွားကြပြီ ဖြစ် ပါတယ်။အိမ်အပြန်လမ်းမှာသူတို့စကားတွေကိုနားထောင်ရင်းကျွန်တော့်အတွေးထဲမှာ နောက်ကြောင်း    ပြန်လှည့်သွားနိုင်တယ်ဆိုတဲ့ စကားက အကြိမ်ကြိမ်ပဲ့တင် ထပ်နေပါတယ်။
ကျွန်တော် ဥာဏ်မီသလောက် တွေးမိတာရှိပါတယ်။ တပ်မတော်မရှိရင် တိုင်းပြည်ကို ဘယ်သူတွေ ကာကွယ် ပေးမှာလဲဆိုတဲ့ အတွေးပဲ ဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာ ဆိုရင် ပြည်တွင်း စစ်တြွေ ဖစ်နေကြတယ်။ အချို့ နိုင်ငံတွေ ကျပြန်တော့ အင်အားကြီးနိုင်ငံတွေရဲ့ ဗိုလ်ကျအနိုင် ကျင့် တိုက် ခိုက်မှုကို ခံနေရတယ်။ အခု ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံမှာရော တစ်နိုင်ငံ လုံးငြိမ်း ချမ်းရေးရသေးတာမှမဟုတ်တာ၊ ဟိုတစ်လောက ကချင် ပြည်နယ် မချမ်းဘော ဘက်မှာရော ကွတ်ခိုင်ဘက်မှာပါ တိုက်ပွဲတွေ ဖြစ်နေကြတုန်းပဲမို့လား၊ အဲဒီလို လက်နက်ကိုင်ပဋိပက္ခတွေ မဖြေရှင်းနိုင်သရွေ့ တပ်မတော်ကို ဘေးဖယ်ထားလို့ မရသေးဘူးလို့ပဲ မြင်မိပါတယ်။ ကိုယ့် တိုင်းပြည်ကောင်းစားဖို့ဆိုရင်တပ်မတော်ကလည်းလက်ရှိအရပ်သားအစိုးရကိုကူညီစောင့်ရှောက်   ပေး မှာပဲလေ။ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတာက ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲတွေနဲ့ တပ်မတော်အပေါ် မကောင်းမြင်နေကြတဲ့ အဖွဲ့အစည်းတွေရှိနေတာပါပဲ။ သူတို့က တပ်မတော်ကို အစိုးရအဖွဲ့ထဲကနေ လုံးဝ ထုတ်ပစ်ချင်တဲ့သဘော ဖြစ်နေပါတယ်။ လတ်တလော အခြေ အနေတွေအရ တပ်မတော်မပါဘဲနဲ့ ဒီမိုကရေစီ ခရီးလမ်းဟာ အဆင်ပြေဖြောင့်ဖြူးပါမလားဆိုတဲ့ အတွေးဟာ အသိဥာဏ်ရှိသူတိုင်း စိုးရိမ်ပူပန်နေရတဲ့ အရေးကိစ္စ ဖြစ်နေပါတယ်။ ပြီးတော့ ဘယ်သူက ရန်သူ၊ ဘယ်သူက မိတ်ဆွေ ဆိုတာ ခွဲခြားတတ်ဖို့လိုပြီး မိတ်ဆွေချင်း တူနေရင်တော့ အချင်းချင်းစည်းလုံးစေချင်ပါတယ်။

လက်ရှိ ဒီမိုကရေစီစနစ်ကို မြန်မာနိုင်ငံသားအားလုံးက လက်ခံပြီး ပိုမိုပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို လိုလား နေကြပါတယ်။အဲဒီလိုအချိန်မျိုးမှာအမျိုးမျိုးသော ပြဿာ နာတွေကြောင့် နောက်ကြောင်ြး ပန် လှည့်သွားမယ့် အဖြစ်မျိုးကို လုံးဝ မလိုလားကြပါဘူး။ ဒီတော့ ရိုးသားပွင့်လင်းစွာပြောရရင် ဦးကျော်ဝင်း ပြောခဲ့သလို တပ်မတော်ကို ထိပ်တိုက်မတွေ့ကြဖို့ ပါတီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို သန်း ၆၀ ကျော် မြန်မာနိုင်ငံ သူ နိုင်ငံသား များရဲ့ကိုယ်စား မေတ္တာရပ်ခံချင်ပါတယ်။

မောင်ခိုင်မြဲ
From:OPE

No comments:

Post a Comment