Friday, September 6, 2013

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ပြည်ပထောက်ပံ့ငွေ အလွဲသုံးစားလုပ်ခဲ့မှုများ ဖွင့်ချ

နိုင်ငံရေးအကျဉ်းသားများ ကူ
ညီစောင့်ရှောက်ရေးအသင်း(AAPP)
 ကိုလက်ကျန်နိုင်ငံရေး အကျဉ်းသားစီစစ် 
  ရေးကော် မတီ မှထုတ်ပယ်ပေးရန် 
 နိုင်ငံတော် သမ္မတထံ တင်ပြတောင်း 
ဆိုမည်ဖြစ်ကြောင်း ယမန်နေ့ က ပြု
လုပ်သောနိုင်ငံရေးအကျဉ်း သားဟောင်းအင်အားစု(ယာယီ) စတင်
ဖွဲ့စည်းခြင်း အခမ်းအနားတွ င် ၎င်း
အဖွဲ့ဝင် ကိုရဲထွဋ်ခေါင်မှ ပြောသည်။ ထိုသို့တောင်းဆိုရခြင်းမှာ နိုင်ငံတကာအကူညီများကို AAPP (AssistanceAssociation for Political Prisoners) နေဖြင့် မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ရာတွင်ငွေစာရင်းကွာဟမှုများရှိနေကြောင်း ၎င်းကပြောဆိုပြီး ပွင့်လင်းမြင်သာမှုရှိအောင်  စာရင်းဇယား အတိအကျ ရှင်းလင်းပြရန်နှင့် စာရင်းကွာဟမှုများရှိနေပါကဥပဒေအရအရေးယူနိုင်ရန်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ၎င်းမှ ရှင်းပြသည်။ “၁၂နှစ်တာကာလ အတွင်းမှာ AAPP အနေနဲ့ ငွေကြေးအလွဲသုံးစားလုပ်ခဲ့တာ မြန်မာငွေနဲ့ ကိန်းဂ ဏန်းပေါင်းရင်တောင်ပေါင်းလို့တောင်ရတော့မှာမဟုတ်ဘူး”ဟုကိုရဲထွဋ်ခေါင်ကမှတ်ချက်ပြုသည်။ ဆက်လက်၍ ၂၀၀၇ စက်တင်ဘာ သံဃာအရေးအခင်းတွင် ထောင်ဒဏ်ကျခံ ခဲ့ရသောကိုကြည်ဖြူ ကလည်း  AAPP အနေဖြင့် ငွေကြေးထောက်ပံ့ရာတွင်နာမည်မကြီးသော သာမန် နိုင်ငံရေးအ ကျဉ်းသားများကို ချန်လှပ်ထားလေ့ရှိကြောင်းနှင့် သူတွေ့ကြုံဖူးသမျှနိုင်ငံရေး အကျဉ်းသား များထဲတွင်လည်း AAPP ၏မူအတိုင်း  ရရှိကြသူများမှာ နာမည်ကြီး နိုင်ငံရေးအကျဉ်း သာများ သာဖြစ်ကြောင်း ယခုလို ပြောသည်။  “AAPP ဆိုတာ နာမည်ကြီးနိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးပါဗျာ” ကိုရဲထွဋ်ခေါင်ကAAPPကိုတစ်ဖက်သတ်စွပ်စွဲပြောဆိုခြင်းမဟုတ်ကြောင်းနှင့်သူတို့ထံတွင်  နိုင်ငံရေး အကျဉ်းသားဟောင်း ၇၅၀ ခန့်၏ ထောက်ခံမှုကိုရရှိထားကြောင်း ပြောသည်။ AAPP ၏စာရင်းဇယားများတွင် စာရင်းအတုများသာရှိနေကြောင်းစွပ်စွဲလိုက်ပြီးတိုက်ဆိုင် စစ်ဆေး လျှင် အဖြေမှန်ထွက် လာရန်အတွက် ၎င်းတို့အဖွဲ့မှ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ် မံရှင်းပြခဲ့ သည်။ ယခုအခမ်းအနားသို့ AAPP တာဝန်ရှိသူ ဦးဘိုကြည်နှင့် ဦးတိတ်နိုင်တို့ကိုဖိတ်ကြားထားသော် လည်း လာရောက်ခြ င်းမရှိကြောင်း ကိုရဲထွဋ်ခေါင်ကပြောသည်။ ဦးဘိုကြည်နှင့်ဦးတိတ်နိုင်တို့အား မော်ကွန်းမဂ္ဂဇင်းက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန်ကြိုးစားသော် လည်းဖုန်းပိတ် ထားပါ သည်ဟုသာ အလိုအလျောက်ပြန်လည်ဖြေကြားခဲ့သည်။ ထိုင်းနိုင်ငံအခြေစိုက်AAPPအဖွဲ့သည် မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို၁၃နှစ်ကြာကူညီထောက် ပံ့ မှုများပြုလုပ်ပေးခဲ့ပြီး  ယခုနှစ် ဇန်န၀ါရီတွင် အစိုးရက ပြည်တွင်း သို့ဖိတ်ခေါ်ကာ လက်ကျန်နိုင် ငံရေး အကျဉ်း သားစီစစ်ရေးကော်မတီ တွင်ပါဝင်စေခဲ့သည်။       ။
  From: YPI 
MEG

No comments:

Post a Comment