Tuesday, September 17, 2013

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်မှရရှိသော အလှူငွေကျပ်သိန်း၂၀၀ကျော်အား ဗလီပျက်များပြန်လည်ပြုပြင်ရေးတွင် ကူညီလှူဒါန်းမည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏(၆၈) နှစ်ပြည့် 
 မွေးနေ့တွင်အထိမ်းအမှတ်အလှူငွေကျပ်သိန်း
 နှစ်ရာ ကျော်ရရှိခဲ့ကြောင်း နှင့်အဆိုပါအ
လှူငွေ များအား ပျက်စီးသွားသော ဗလီ ၀တ်ကျောင်းများ ပြည်လည် တည်ဆောက်ရေး တွင် များတွင် ပြန်လည်သုံးစွဲ သွား မည် ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိ သူတစ်ဦး ဖြစ်သည့် ဒေါ်အေးအေးမာက
 ပြောကြား သည်။
အဆိုပါ ငွေကျပ် သိန်းနှစ်ရာသည် မွန်းလွဲ၁ နာရီခန့်က ကောက်ခံ အတည်ပြု ထားခြင်းဖြစ်ပြီး ထပ်မံ လှူဒါန်းသူများရှိကြောင်း၊ စုစုပေါင်း ရရှိသည့် အလှူငွေ စာရင်းကို ဆက်လက် ထုတ်ပြန်ပေး မည်ဖြစ်ကြောင်း ဒေါ်အေးအေးမာက ထပ်မံ ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် လှူဒါန်းငွေများ ရရှိခဲ့ရာဗလီပြန်လည် တည်ဆောက်ရေးအတွက် ကျပ် ၇၅ သိန်း၊ NLD ကျန်းမာရေး ကွန်ရက်သို့ ကျပ် ၆၈ သိန်း၊ မွတ်စလင် ပညာရေးကွန်ရက်သို့ ကျပ် ၄၅ သိန်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးခြား အလှူငွေကျပ် ၁၂ သိန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် မွေးနေ့ပွဲ အခမ်းအနားတွင် ထုတ်ပြန် ကြေညာသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ်စတန် သမ္မတနိုင်ငံ သံအမတ်ကြီး ဟူစိန်မာမွတ် အပါအဝင် နိုင်ငံရေး အဖွဲ့အစည်း အချို့မှ ခေါင်းဆောင်များ၊ အနုပညာရှင်များ တက်ရောက်ကာ မွေးနေ့ လက်ဆောင် များ ပေးပို့ခဲ့သည်
ပညာရေးကွန်ရက် ရန်ပုံငွေအတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ် ခဲ့သည့် ပြည်သူ့ရင်ပြင် ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရက်လုပ်သည့် ဆွယ်တာ နှစ်ထည် ကို လေ လံ တင် ရောင်းချခဲ့ရာ ငွေကျပ် ၁၀၄၅ သိန်း ရရှိခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်မြောက် မွေးနေ့ တွင် လက်ခံရရှိသည့် မွေးနေ့လက်ဆောင် ငွေကြေး ပစ္စည်းအားလုံးကို ဒေါ်ခင်ကြည် ဖောင်ဒေး ရှင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မွတ်စလင် ကျန်းမာရေး ကွန်ရက်နှင့် ပညာရေး ကွန်ရက် များသို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း NLDဗဟိုအလုပ်အမှုဆောင် အဖွဲ့က ကြို တင် ကြေညာထားသည်။
ရွှေသတင်းသစ်

Credit : http://www.oppositeyes.info/2013/08/blog-post_5793.html

No comments:

Post a Comment