Tuesday, September 17, 2013

တောင်ငူဘူတာ စက်ရုံဝင်းအတွင်း သိုလှောင်ထားသော ဒီဇယ်ဂါလန် ခုနှစ်သောင်းကျော် ပျောက်ဆုံးမှု ခုံရုံးဖွဲ့စစ်ဆေး


တောင်ငူမီးရထား စက်ရုံဝင်း ဂိတ်တံခါး
လတ်တလောဖြစ်ပေါ်နေသော ရထားပို့ဆောင်ရေးဝန်ကြီးဌာန
 မြန်မာ့မီးရထား တောင်ငူဘူတာ
စက်ရုံ ဝင်းအတွင်း သိုလှောင်
ထားရှိသော နိုင်ငံပိုင်ဒီဇယ်
ဆီဂါလန်ပေါင်းများစွာစာရင်း ကွာဟ လျော့နည်း ပျောက်
 ဆုံး နေမှုနှင့်ပတ်သက်ပြီး
 သက်ဆိုင်ရာဝန်ကြီးဌာနအကြီး
 အကဲများ ကိုယ်တိုင်ခုံရုံးဖွဲ့ကာ
 တောင်ငူ သို့ရောက် ရှိလာလျက်
 အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စတင်စုံစမ်းနေပြီဖြစ်ကြောင်း သိရသည်။
''ဒီကိစ္စထုတ်ဖော်သတင်းပေးပြောပြဖို့ဆိုတာအလွန်အန္တရာယ်များပါတယ်။ သတင်းပေး ပြောကြား သူ ဘယ်သူဆိုတာသိ သွားတဲ့တစ်နေ့ ကျွန်တော်အလုပ် ပြုတ်သွားမှာသေချာတယ်။ အရပ်ထဲမှာ ဒီသတင်းတွေကတော့ ပျံ့နှံ့နေပါပြီ။ ဒါပေမဲ့ မီးရထားဌာ နကတော့ ဒီသတင်းကိုအမှောင် ချထား တုန်းပဲ။ သတင်းကအမှန် ပါ။ ပျောက်ဆုံးစာရင်းကွာတာ က ဂါလန် ရဝဝဝဝကျော်လို့သိရ ပါ တယ်။ တကယ်တော့ ဆက်လက်ဖော် ထုတ်မယ်ဆိုရင် ဒီထက်ပိုများဖို့ ရှိပါတယ်။ ဒါတောင် အတော်များ နေပြီမို့ လူကြီးတွေက ဒီလောက် နဲ့ပဲဖြတ်လိုက်တာပါ။ အပြင် ပေါက်ဈေးတစ်ဂါ လန် ကျပ် ၄၀၀၀ နဲ့ဆိုရင် မြန်မာ့မီးရထား(နိုင်ငံ တော်)အတွက် ကျပ်ငွေသိန်း ပေါင်း ၃ဝဝလောက် ထိခိုက်ဆုံးရှုံးသွားပါပြီ။ မြန်မာ့မီးရထားအ နေနဲ့ နှစ်စဉ်အရှုံးပေါ်နေရတဲ့အ ကြောင်းတရားတွေထဲ မှာ ဒီလို စက်သုံးဆီတွေခြစားခံရမှုက ထိပ်ဆုံးကပါ ပါတယ်။ စုံစမ်းစစ် ဆေးမှုကိုတော့ စက်ရုံ ရဲ့အောက် ခြေဝန်ထမ်းလုံခြုံရေးမှစပြီး ဆင့် ထက်ကဲအုပ်ချုပ်သူ ဖိုမင် A.M.E ၊ D.M.E တွေ အပြင်စက်ရုံ ဝန် ထမ်း၊ ရုံးဝန်ထမ်း၊ ဌာနတွင်းစာ ရင်းစစ်စတဲ့သူတွေအားလုံးကို စစ်ဆေးမေးမြန်း တာပါ။ဘယ်သူ့မှချန်မထားပါဘူး။ ၂၀၀၅ခုနှစ်က စပြီး စာရင်းဇယားတွေ ပြန်လှန် စစ်ဆေး တာ ပါ။အဝေးကိုရွှေ့ ပြောင်းရောက်ရှိသွားတဲ့ဝန်ထမ်း တွေကိုပါ ပြန်ခေါ်ပြီးစစ်ဆေး နေတာပါ။ ဒီတစ် ခါ ကိစ္စကတော့တကယ်မလွယ်ဘူးပဲ။အဓိကကတော့ဆီစာရေးပေါ့။သူ့နာမည် က ကျော်လွင်လို့ လဲခေါ်တယ်။ ဘာဘားလို့လဲခေါ်တယ်။ ကပြားလူမျိုးပေါ့။ သူကတော့ထွက်ပြေးသွားပြီ။ ဩစတြေး လျဘက်မှာသူ့အမျိုးတွေရှိတယ်လေ။တချို့ကပြောကြတယ်။ဆီစာရေးကစက်ရုံထဲကိုဆီတွဲတွေရောက် လာ ရင်စာရင်း အတိအကျမရေးမှတ်ဘဲ ဆီတွဲတွေကို အလုံးလိုက် ဖျောက်ပစ်တယ်ပေါ့။ ဒီလို မျိုး ပြောကြတယ်ကြားတယ်။ တကယ် တော့ ဒီလိုမဟုတ်ပါဘူး။ ဆီတင် တွဲတစ်တွဲကိုမှ ဒီဇယ်ဆီ ဂါလန် ၆၈ဝဝ ပဲဆံ့တာပါ။ ခုပျောက်ဆုံး တာက ဆီတွဲ၁၁တွဲစာလောက်ရှိ ပါတယ်။ စက်ရုံမှာ လုံခြုံရေးဝန် ထမ်းနှစ်စားရှိပါတယ်။ အမြဲတမ်း ဝန်ထမ်းနဲ့ အရန်လုံခြုံရေးဆို တာရှိပါတယ်။ အရန် လုံခြုံရေး က တစ်ယောက်ပဲခန့်ထားပါတယ်။ သူ့ကိုပါဆယ်ရုံးခန်း၊ ရထားရဲတပ် စုရုံးတွေရှိတဲ့ ဘူတာဘက်မျက် နှာချင်းဆိုင်က ညောင်ပင်ဘေး ကတံခါးပေါက်မှာ တာဝန် ချထား ပေးပါတယ်။ မနက် ၃နာရီကျော် အချိန်နဲ့မနက် ၄နာရီအချိန်တွေ လောက်မှာ စက်ရုံထဲကဆီတွေကို ပီပါတွေနဲ့ ထည့်ပြီး ကားနဲ့သယ် ထုတ်ရောင်းချကြတာပါ။ အဲဒီ လုံခြုံရေးတံခါးပေါက်ဘက်မှထွက် တာပါ။ အခုလိုစက်ရုံနဲ့အဆက်အသွယ်လုပ်ပြီးလောင်စာဆီတွေခိုးထုတ်ဝယ်ယူတဲ့အပြင်ကဆီ မှောင်ခိုရောင်းဝယ်သူ ခင်လှိုင်၊ သန်းအောင်၊ အောင်အောင်၊ ကျော်စိုးဆိုတဲ့လူလေးယောက်ကို ရထားရဲက အမှုနဲ့ ဖမ်းဆီးထား ပါပြီ။ သူတို့ထဲမှ လူတစ်ယောက် ဆိုရင် သူ့ကားနဲ့ ဒီဇယ်ပီပါ ၁၂ လုံးအထိ သယ် ထုတ်နိုင်ပါတယ်။ စက်ရုံကဆီ သယ်ထုတ်ပြီးရင် ကားဘီးအရာတွေမကျန်အောင် တံ မြက်စည်းနဲ့ အဲဒီညတာဝန်ကျစက်ရုံကလူတွေဝိုင်းလှည်းကျင်းကြပြီးဘီးရာတွေပျောက်အောင် ဖျောက်ကြပါတယ်။ ပီပါ တွေလှိမ့် ထားတဲ့ ပီပါနှုတ်ခမ်းစောင်း အရာတွေ မြေကြီးမှာထင်မကျန် အောင် တံမြက် စည်းတွေနဲ့လှည်းကျင်းပြီးဖျက်ကြပါတယ်။ဒီလိုနည်းနဲ့ တစ်ခါနည်းနည်း၊ တစ်ခါနည်းနည်း ခိုးထုတ် လာတာကြောင့် ရက်တွေ၊ လတွေ၊ နှစ်တွေ ကြာ လာပြီးမှ ပေါင်းလိုက်တော့ အခုလိုအများ ကြီးဖြစ်သွားတော့တာပေါ့''ဟု အမည်မဖော်လိုသော တောင်ငူ ရထားပို့ဆောင်ရေးဌာန တာဝန် ရှိသူတစ်ဦးမှ သတင်းပေးပြော ကြားခဲ့သည်။

တောင်ငူ ရထားရဲ စခန်း၌ ခင်လှိုင်ပါလေးဦးအား ရ ထားရဲစခန်း (ပ)၁၂/၂၀၁၃ ပြစ် မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉ အရ အမှုဖွင့်အရေးယူထားကြောင်း ရထား ရဲစခန်းတာဝန်ကျရဲတပ် ဖွဲ့ဝင် တစ် ဦး မှ အတည်ပြုပြော ကြားခဲ့သည်။

ကိုဆွေ

No comments:

Post a Comment