Friday, September 20, 2013

စက်တင်ဘာ လဆန်းအထိ အပြည်ပြည်ဆိုင်ရာ ရန်ကုန် လေဆိပ်မှ ထိုင်းခရီးသွား ဧည့်သည် ခြောက်သောင်းခွဲကျော် ဝင်ရောက်မှုရှိပြီး ပထမနေရာ၌ ရပ်တည်နေ

ရန်ကုန် စက်တင်ဘာ ၁၈
မြန်မာနိုင်ငံ အတွင်းသို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းခရီးသွား ဧည့်သည်များ ဝင်ရောက် မှုမှာ စက်တင်ဘာ လဆန်းအထိ ခြောက်သောင်းခွဲ ကျော်ရှိပြီး ခရီးသည် ဝင်ရောက်မှု အများဆုံး ပထမ နေရာ၌ ရပ်တည်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထိုင်းခရီးသွား ဧည့်သည်များ ဝင်ရောက်မှုသည် ယခင်နှစ်က အလားတူကာလ အတွင်း၌ ပထမဆုံး နေရာတွင် ရှိနေခဲ့ပြီး ထို့အတူ နှစ်စဉ် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော အာရှခရီး သွားများအနက် အများဆုံးဖြစ်ကြောင်း သိရသည်။ ဒုတိယ နေရာတွင် ဂျပန်နိုင်ငံ ရှိ နေပြီး တတိယနေရာတွင် တောင်ကိုရီးယား နိုင်ငံက ရပ်တည်လျက် ရှိကြောင်း သိရသည်။
၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ အတွင်းသို့ ခရီးသွား ဝင်ရောက်မှု နှုန်းမြင့်တက် လာခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ခရီးသွား ဝင်ရောက်မှု နှုန်းမှာ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ လဆန်းအထိ ဦးရေ ၂၁၁၁၉၅ ရှိခဲ့ပြီး ယခုနှစ်တွင် ဦးရေ ၈၇၂ဝ၃ အထိ တိုးတက် လာခဲ့ကြောင်း သိရသည်။ လက်ရှိအာရှ ခရီးသွား ဧည့်သည် ဝင်ရောက်မှုတွင် စုစုပေါင်း ဦးရေ ၂၉၈၃၉၈ ရှိပြီး ထိုင်းလူမျိုး ၆၇ဝ၃၁ ဦး၊ ဂျပန်လူမျိုး ၄၃ဝ၂၇ ဦး၊ တောင်ကိုရီးယား လူမျိုး ၃၄၂၅၉ ဦး၊ တရုတ်လူမျိုး ၃၁၆၇ဝ ဦးရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ အများဆုံး ဝင်ရောက်သော အာရှ ၁ဝ နိုင်ငံမှာ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဖြစ် သည်။ ယင်းအတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ခရီးသွား ဝင်ရောက်မှု တိုးပွား လာသည်နှင့် အမျှ ဟိုတယ်အခန်း လိုအပ်ချက်များ ပြည့်မီနိုင်အောင် စီမံချက်များ လုပ်ဆောင် မှုပြီး စီးနိုင်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment