Monday, September 23, 2013

သြစီ အစိုးရသစ် ဝန်ထမ်း ၁၂၀၀၀ လျော့ချဖို့ရှိ

သြစတြေးလျ ဝန်ကြီးချုပ်သစ် Tony Abbott က သြစတြေးလျ နိုင်ငံ တဝှမ်းက အစိုးရ အလုပ် အကိုင် တွေကို ဖြတ်တောက်ဖို့ရှိတဲ့အတွက်၊
 ထောက်ပံ့ကြေးအေဂျင်စီဖြစ်တဲ့AusAID အနေနဲ့လဲဝန်ထမ်း လျှော့ချ မယ်ဖြစ် ပါတယ်။
ဝန်ကြီးချုပ်သစ်က ကျမ်းကြိန်အပြီး ဒုတိယနေ့ မှာ ထောက်ပံ့ကြေး အေဂျင်စီကို နိုင် ငံခြားရေး ဝန်ကြီးဌါန လက်အောက် ပေါင်းစည်း လိုက်ပါတယ်။ ဒီလို လုပ်ရတာဟာ နိုင်
ငံခြားရေးရာ မူဝါဒတွေ နဲ့ ထေက်ပံ့ကြေး ပေးမှု တွေ တထပ်ထဲ ဖြစ်ရအောင် လို့ ဆောင် ရွက်တာ လို့ဆိုပါတယ်။
သြစတြေးလျ နိုင်ငံတဝှမ်းလုံး သုံးငွေ ဘတ်ဂျက်ကို လျော့ချ တဲ့ အနေနဲ့ Tony Abbott က ဝန်ထမ်းရေ အတွက် အားလုံး ၁၂၀၀၀ လျော့ချ ဖို့ အစီအစဉ် ရှိ တယ်လို့ ကြေညာထားပါတယ်။
ထိပ်တန်း ဝန်ဆောင်မှုပေး နေ တဲ့ လုံခြုံရေး၊ ရဲတပ်ဖွဲ့တွေ စစ်တပ်အင်အားတွေ က လွဲ ရင် ဌါန တိုင်း အလုပ်လျော့တာ ကို ခံ ရ ဖို့ ရှိ ပြီး၊ နောင် ၃ နှစ် အတွင်း ထောက်ပံ့ကြေး အေဂျင်စီဖြစ်တဲ့
AusAID အနေ နဲ့လဲ ဝန်ထမ်း အခု လက် ရှိ အရေ အတွက် ထက် ကိုသိ သိ သာသာလျော့သွားဖို့ ရှိ တယ်လို့ Mr Abbottကပြောလိုက်ပါတယ်။ မြန်မာ နိုင်ငံအပါအဝင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည် တည် ထောင်ရေးေ တွ ကမ္ဘာ အနှံ့ ကူညီထောက်ပံ့မှု ပြု နေ တဲ့ World Vision Australia က အကြီး အကဲ Tim Costello က နိုင်ငံခြားရေး မူ ဝါဒ၊ ကုန်သွယ်ရေး၊ သံတမန်ရေးရာ တွေ နဲ့ ကူညီထောက် ပံ့ရေးကိစ္စတွေ ရောထွေးခဲ့ ရင် တလွဲစီ ဖြစ်ကုန်မယ်လို့ ဆို ပါတယ်။တဆက်ထဲမှာ ဘဲ ခိုလှုံ ခွင့်တောင်းဆိုလိုသူတွေ တင်ဆောင်လာ တဲ့ လှေတွေကို ရပ်တန့် မယ်လို့ ကတိပေး ထား တဲ့ ဝန်ကြီးချုပ်သစ်က Nauru ကျွန်း သမ္မတ Baron Waqa နဲ့ ဆက်သွယ်ဆွေးနွှေးမှုတွေ ပြုလုပ်ခဲ့ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပူးပေါင်းကူညီဆောင် ရွက်သွားမှာဖြစ်တဲ့ အကြောင်း၊ ခေါင်းဆောင် ၂ဦးလုံး က လဲ ဒေသတွင်း အတူတကွ ပံ့ပိုးကူညီ ဆောင် ရွက်မှု နဲ့ အတူ ကြီးမားတဲ့ အဟန့်အတား ပြုနိုင်တဲ့ဆောင် ရွက်ချက် ရှိမှသာ အောင် မြင် နိုင်မယ်လို့သဘောတူကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံကတော့ သြစတြေးလျ နိုင်ငံ အနေနဲ့ လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးမူဝါဒကို အတော်ကို မကျေမနပ်ဖြစ်နေပါတယ်။
အင်ဒိုနီးရှား ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုထိပါးတဲ့ မူဝါဒ ဖြစ်တဲ့ အပြင် နှီးနှော တိုင်ပင်မှု လုံးဝ မ ရှိ ဘဲ မူဝါဒ ချမှတ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဝန်ကြီး ချုပ် Tony Abbott က ဒီ ကိစ္စနဲ့ ပတ်သက်ပြီး စက်တင်ဘာ လ ၃၀ ရက်နေ့မှာ အင်ဒိုနီး ရှား သမ္မတ ဆူဆီလို ဘမ်ဘန်ယူဒိုရိုနို နဲ့သွားရောက်တွေ့ဆုံဖို့ ရှိ ပြီး၊ လူကုန်ကူးမှု ကိစ္စနဲ့ ပတ်သက်ပြီး ဆွေး နွှေးဖို့ အတွက် လူဝင်မှု ကြိး ကြပ်ရေး ဝန်ကြီး Scott Morrison နဲ့ နိုင်ငံခြားရေး ဝန်ကြီး Julie Bishop တို့ လဲ လိုက်ပါသွားဖို့ ရှိ တယ်လို့ သိ ရ ပါတယ်။
ABC Radio Australia

No comments:

Post a Comment