Monday, September 16, 2013

WSA (၀) တပ်ဖွဲ့မှ NDAA(မိုင်းလား)အဖွဲ့အား ပန်ဆန်းသို့ ဆင့်ခေါ်

From : ..စိုင်းမိန်း
.UWSA (၀)တပ်ဖွဲ့နှင့် NDAA
 (မိုင်းလား)အဖွဲ့တို့ အခုရက်ပိုင်း
အတွင်းမှာ အဖွဲ့နှစ်ဖွဲ့ကြား ဖြစ်ပွားနေ
 သောပြဿနာများ ကို ဖြေရှင်း    ရန် အတွက် နှစ်ဖက်ခေါင်းဆောင်များ 
 တွေ့ဆုံရန်ရှိသည်ဟု ဒေသခံတစ်ဦးဖြစ်
 သော ဦးအိုက်ရီမှ ပြောပြပါသည်။
“အခုလိုတွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ UWSA(၀)တပ်ဖွဲ့ ပိုင် ဒေါ်လာသန်းချီတန်တဲ့ မူးယစ်ဆေးဝါးတွေကို NDAA မိုင်းလားနယ်မြေကိုဖြတ်ပြီး ထိုင်းနိုင်ငံ ကို ပို့ဆောင် နေတုန်းမှာ NDAA မိုင်းလားအဖွဲ့က ကြားဖြတ်သိမ်းယူခဲ့တာကြောင့် ဖြစ်နိုင်ပါ တယ်။ NDAA အဖွဲ့အနေနဲ့ အခုလို (၀)တပ်ဖွဲ့ပိုင် မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးထား တာဟာ အစိုးရအပြောင်းအလဲကာလအတွင်း အစိုးရ စစ်တပ်က NDAA ကို တိုက်ခိုက်မှာစိုးလို့ (၀)တပ် ဖွဲ့ကို အကူအညီတောင်းပြီး NDAA နယ်မြေထဲမှာ တပ်စွဲထား ခိုင်းခဲ့ပြီး အခုလို အေးချမ်းတဲ့ အချိန်ရောက်တဲ့ အထိ (၀)တပ်ဖွဲ့တွေဟာ NDAA (မိုင်းလား)နယ်မြေက ထွက်သွားတာ မရှိဘဲ ဆက်ပြီးတပ်စွဲထားတာက တစ်ကြောင်း၊ UWSA (၀)တပ်ဖွဲ့တွေ အနေနဲ့ NDAA မိုင်းလား နယ်မြေကို ဖြတ်သွားရင် ဖြတ်သန်းခအခွန်တွေ အရင်ကပေးခဲ့ပေမဲ့ အခုကျတော့ မပေးတော့ တာက တစ်ကြောင်း၊ UWSA (၀)အဖွဲ့တွေအနေနဲ့ မိုင်းလားနယ်မြေထဲကို ၀င်ပြီး ပြန်ထွက်တာ နည်းလာတဲ့ အတွက် အခုလို ဖမ်းဆီးလိုက်တာဖြစ်တယ်” လို့ ပြောကြားခဲ့ ပါသည်။
ဦးအိုက်ရီက ဆက်လက်ပြောကြားရာမှာ “UWSA (၀)တပ်ဖွဲ့က NDAA (မိုင်းလား) တပ်ဖွဲ့ကို သူ့ရဲ့ လက်အောက်ခံတပ်သဖွယ် သဘောထား လာတာကြောင့် NDAA(မိုင်းလား)တပ် ဖွဲ့ဝင်တွေ အနေ နဲ့ (၀)တပ်ဖွဲ့ တွေ ကို ဆန့်ကျင်တိုက်ခိုက်လိုပေမယ့် NDAA (မိုင်းလား) အဖွဲ့ခေါင်းဆောင် ပိုင်းတွေအနေနဲ့ (၀)တပ်ဖွဲ့က သူတို့ကိုလာသတ် မှာကြောက် တာကြောင့် လက်အောက်ခံတပ်ဖွဲ့ဝင်တွေက (၀)တပ်ဖွဲ့တွေကို တိုက်ခိုက်တာ မျိုး မလုပ်အောင် မနည်း ထိန်းနေရတယ်” လို့ ပြောကြားခဲ့ပါသည်။
(၀)တပ်ဖွဲ့ ဟာ သူ့ထက်ငယ်တဲ့ အဖွဲ့တွေကို အနိုင်ကျင့်ဗိုလ်ကျနေတာ အခုမှမဟုတ်ကြောင်း၊ အရင် ကလည်း အဲလိုပဲ ဗိုလ်ကျတဲ့ဖြစ်စဉ်တွေရှိခဲ့ ဖူးကြောင်း၊ SSPP၊ SSA(၀မ်ဟိုင်း) အဖွဲ့ဆိုရင် လည်း (၀)တပ်ဖွဲ့ ရဲ့ ခိုင်းတာ မှန်သမျှ လုပ်နေရကြောင်း၊ အခုအခါ SSA(၀မ်ဟိုင်း)အဖွဲ့ထဲ မှာ (၀)လူမျိုးတွေကို ရာထူးကြီးကြီး ပေးနေ ရကြောင်း၊ (၀)တပ်ဖွဲ့ရဲ့ရည် မှန်းချက် သည် သီးခြား လွတ်လပ်သော(၀)ပြည်နယ် အဖြစ် ရောက် ရှိအောင် လုပ် ဆောင်ဖို့ဖြစ်ကြောင်း၊ အခု(၀) အဖွဲ့က မြို့အဖြစ် တည်ဆောက် ထားတဲ့ ပန်းယန်းမြို့ဟာ အရင်က မိုင်းလင်း စော်ဘွား အုပ်ချုပ်ခဲ့တဲ့နယ်မြေဖြစ်ပြီး မိုင်းလင်းစော်ဘွားနယ်မြေအားလုံးကို (၀)ပြည်နယ် အတွင်းပါအောင် လုပ် ဆောင်နေသည့်အပြင် တစ်ဖက်က လည်း မိုင်းလင်းစော်ဘွား တံဆိပ်တုံးကို လိုက်လံရှာဖွေ လျက်ရှိကြောင်းနဲ့ တံဆိပ်တုံးရရှိရင် ဒေါ်လာ ၁ သန်းပေးမယ်လို့ (၀)အဖွဲ့နဲ့ နီးစပ်သူ အချို့ က ပြောဆိုလျက်ရှိကြောင်း၊ မိုင်းလင်း တံဆိပ်တုံးရရှိပါက အဲဒီ တံဆိပ်တုံးကို အထောက် အထားပြု လုပ်ပြီး မိုင်းလင်းနယ်မြေအတွင်း ပါရှိတဲ့မြို့တွေကို (၀)သီးခြားလွတ် လပ်သောပြည် နယ် အဖြစ်ထူထောင် ဖို့တောင်းဆို သွားမှာဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မိုင်းလင်းစော်ဘွားတံဆိပ်တုံးနဲ့ပတ်သက်လို့ မိုင်းလင်းစော် ဘွား ရဲ့ မွေးစား သား ဖြစ် တဲ့ SSA(၀မ်ဟိုင်း) အဖွဲ့ခေါင်းဆောင် ဦးပန်ဖက (၀)အဖွဲ့ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး အကြီးအကျယ် ဒေါသ ထွက် လျက်ရှိပေမဲ့(၀)တပ်ဖွဲ့ကို လွန်ဆန်နိုင်ခြင်းမရှိ တာကြောင့် တစ်ခြားနည်း လမ်း နဲ့ တုန့်ပြန်ဖို့အတွက် စဉ်းစား လျက်ရှိကြောင်း၊အခွင့်သာ ရင်တုန့်ပြန်မယ် လို့ပြောဆိုနေကြောင်း ဦးပန်ဖနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်း ၏ ပြောပြချက် အရ ကြားသိရကြောင်း ဦးအိုက်ရီမှ ပြောဆိုသွားပါသည်။
 

No comments:

Post a Comment