Saturday, September 28, 2013

"ဆန္ဒမစောပါနဲ့"

မကြာမှီရန်ကုန်လေဆိပ်ကို လေယာဉ်
ဆင်းတော့မယ်အင်တာကွန်း ကနေ ပြီး လေယာဉ်မှူးက နုတ်ဆက်
 စကားပြောတယ်...
"ခရီးသည်အားလုံး မင်္ဂလာပါ၊ ကျနော် ကပ္ပတိန်ဇော်နူပါ၊ မကြာမှီ မင်္ဂလာဒုံ
ကွင်းကို ဆင်းသက်တော့မှာ ဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ပုဇဉ်းရင်ကွဲ လေကြောင်း
လိုင်းကိုအားပေးစီးနင်းတဲ့အတွက်
 ကျေးဇူးတင်ပါတယ်"
ပြသနာက နုတ်ဆက်စကားပြောပြီးပေမယ့် မိုက်ကရိုဖုန်းခလုပ်ကို ပြန်မပိတ်မိဘူးဒီတော့ လေယာဉ်မောင်းခန်းက ပြောသမျှ ခရီးသည်အားလုံး ကြားနေရတယ်လေယာဉ်မှူးက တွဲဖက်လေယာဉ်မှူးကို မေးနေတာ... ...
"ဟကောင်ကြီး ရန်ကုန်မှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲကွ"
"လောလောဆယ် ဗိုက်အရမ်းနာနေတော့ ဟိုတယ်ကိုပြေးပြီး အိမ်သာတက်မယ် ဆရာ၊ ပြီးမှ ရေမိုးချိုးမယ်"
"ပြီးတော့ရော"
"ပြီးတော့... ခု ပါလာတဲ့ ဟို လုံးကြီးပေါက်လှလေယာဉ်မယ်ကို အခန်းလာဖို့ ချိန်းထားတယ် ဆရာ၊ အဲဒါ သူရောက်လာတာနဲ့ တညလုံးဘေမယ် ဆရာရေ့"
"ကောင်းကွာ..."
ခရီးသည်တွေက ပြုံးစိစိနဲ့ လေယာဉ်မယ်ကို ဝိုင်းကြည့်ကြတယ်ဒါနဲ့ လေယာဉ်မယ် လည်း မဖြစ်ချေ ဘူး မိုက်ပိတ်ဖို့ သွားပြောမှ ဆိုပြီး ခေါင်းခန်းဆီပြေးသွားတယ်...
ဖြစ်ချင်တော့ လျှောက်လမ်းမှာ မှောက်လျှက်လဲပါလေရောဘေးခုံမှာ ထိုင်နေတဲ့ အဖွားကြီးတစ်ယောက်က ဆွဲထူပေးရင်း ပြောတယ်... ...
"ဖြေးဖြေးသွား သမီး၊ အချိန်ရပါသေးတယ်၊ သူအိမ်သာတက်ပြီး ရေချိုးအုံးမှာပါ"...
ဟာသဗိမာန်-ဆရာသန်

No comments:

Post a Comment