Tuesday, September 24, 2013

ခဏချစ်ရရင်ပြီးရော ဖြစ်ခဲ့ဖူးတဲ့ စန္ဒီမြင့်လွင်

လူရယ်လို့ ဖြစ်လာရင် အချစ်ဆိုတာကို မခံစားတတ်သူ 
မရှိသလောက် ရှားမယ် ထင်ပါတယ်။ တချို့က 
 တော့လည်း ပိုင်ဆိုင်ရမှအချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ်
အနစ်နာခံ တာကိုလည်း အချစ်လို့ဆိုပြန်ပါတယ်။ 
အချစ်ဒဿန ဆရာတွေက အချစ်ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆို ကြသလိုချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြားမှာ ဘယ်လိုဆက်နွယ်မှု တွေရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့အခါ...
Q : နောက်ပိုင်းမှ သံယောဇဉ် ရှိသိသွာားတာမျိုးပဲဖြစ်မှာပါ။
A : မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ ခံစားမှုမျိုး ခံစားဖူးလားဆိုတော့ အဲဒီလိုတော့ မပြောတတ်ဘူး။ နောက်ပိုင်းမှ သံယောဇဉ်
ရှိသွားတာမျိုးပဲ ဖြစ်ရင်ဖြစ်မှာပေါ့။ မြင်မြင်ချင်းကတော့ သူ့ကိုကိုယ်က ခင်လို့ ရတယ်။ နည်းနည်းကြာသွားတော့မှ သူနဲ့သံယောဇဉ် ဖြစ်သွားတာမျိုးပဲဖြစ်မှာပါ။ ဒီးဒီ ဆယ်ကျော်သက် တုန်းကဘာမှ နားမလည်ခဲ့ဘူး။ ချစ်ရရင်ပြီးရောပဲ။ အခုကျတော့ ကိုယ်တကယ်အရမ်း ချစ်လို့ရမလား။ ဆယ်ကျော်သက် တုန်းက ခဏချစ်ရရင်ပြီးရော အခု ကျတော့ တစ်ဘဝလုံးလက်တွဲနိုင်မှ ဆိုပြီးတွေးတတ် သွားပြီ။
Q : အိမ်ထောင်တစ်ခုတည် ဆောက်ဖ်ဖို့ အချစ်က ၈၀ ရာခိုင်နှုန်း အရေးကြီးတယ်။
A : အချစ်က အိမ်ထောင်တစ်ခု တည်ဆောက်ဖို့အတွက် ၈၀ ရာ ခိုင်နှုန်းလောက်လိုမယ်ထင်တယ်။ (၂၀)ရာခိုင်နှုန်းလောက်က ဘဝအ တွက်ပေါ့။ အားလုံးကောင်းဖို့ အကုန်လုံးပြည့်စုံမှလို့ထင်တာပဲ။ အများ ကြီးတော့ သိပ်မသိပါဘူး။ အချစ်ဆိုတာကို ဒီးဒီလက်ခံတယ်။ အချစ်ဆိုတာ ထူးဆန်းတယ်။ အချစ်ဆိုတာ ကောင်းပါတယ်။ အချစ်ကို ပူလောင်တယ်တို့၊ အေးမြတယ်တို့ အဓိပ္ပာယ် ဖွင့်ချင် တာ မျိုး မရှိပါဘူး။
Q : အချစ်သီချင်းတွေ အများကြီး သီဆိုရတဲ့ အဆိုတော် တစ်ယောက်အနေနဲ့ အချစ်ကို လက်ခံ ယုံကြည် ထားတာက။
A : ကိုယ့်သီချင်းထဲကလိုအချစ်မျိုး ရှိလား၊ မရှိဘူးလားတော့မသိဘူး။ ဒီးဒီက အချစ်သီချင်းတွေ ဆိုရင် သီချင်းရေးဆရာ ရေးပေးတာကို စိတ်ထဲ မှာထည့်ပြီး ခံစားလိုက်တာပဲ။ ကိုယ်ဆိုတဲ့သီချင်း နဲ့တော့ တိုက်ဆိုင်မှု တွေမရှိပါဘူး။
Q : လူတစ်ယောက်က ချစ်နေရင် စိတ်ချမ်းသာလို့ ချစ်တာ။
A : အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ခံစားမှုတစ်ခုပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်နေရင် စိတ်ချမ်းသာလို့ချစ် တယ်။ တချို့ကျတော့လည်း သူ့ကို ချစ်နေရ ရင်၊ ပေးဆပ်နေရရင် စိတ်ချမ်းသာလို့ ချစ်တာလည်း ရှိပါတယ်။ အချစ်ဆိုတာ ဒီလိုပဲတစ်ယောက် တစ်မျိုးစီပါပဲ။ အချစ်ကိုဒဿနမဖွင့်တတ်ပါဘူး။ဒီးဒီတွေ့ဖူးခဲ့တဲ့အချစ်ကတော့ထူးထူးခြားခြားကြီး  မရှိပါဘူး။ ပုံမှန်ပါပဲ။
By 8 Days

No comments:

Post a Comment