Wednesday, September 18, 2013

အပစ်အခတ်ရပ်စဲရေးပျက်ပြားပြီးနောက် မွတ်ဆလင်သူပုန်တွေကို ဖိလစ်ပိုင်အစိုးရက လေကြောင်းကနေ ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်

    ဖိလစ်ပိုင်နိုင်ငံမှာ ဂ ရက်ကြာ ပြင်းထန်
စွာ ပဋိပက္ခဖြစ်နေတဲ့ မွတ်ဆလင် လွတ်မြောက်ရေး သူပုန်တွေကို ဖိလစ်ပိုင်အစိုးရက မနေ့က ရဟတ် ယာဉ်တွေသုံးပြိးလေကြောင်းကနေဒုံး
ကျည်တွေ နဲ့ တိုက်ခိုက် လိုက်ပြီ   ဖြစ် ပါတယ်။စက်တင်ဘာ ၁၃ ရက်နေ့က စတင်ဖြစ်ပွါးခဲ့တဲ့ ဒီတိုက်ပွဲမှာဇမ်ဘိုအန်ဂါ မြို့ကို မွတ်ဆလင် သူပုန်တွေ က စီးနင်းထားတာဖြစ်ပါတယ် ။တိုက်ပွဲအတွင်း ပြည်သူ (၆၀) ၊ ရဲတပ်ဖွဲ့ဝင်(၄)ဦးးနဲ့ ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့(၆)ဦးတို့ သေဆုံးခဲ့ပါတယ် ။ဒေသခံများလည်း ထွက်ပြေးနေရပြီး ငါးသေတ္တာလုပ်ငန်း အဓိက လုပ်ကိုင်တဲ့ ဇမ်ဘိုအန်ဂါမြို့မှာ တနေ့ဝင်ငွေ (၁.၁ ဘီလျှံ) ဆုံးရှုံးနေပါတယ်။
  မွတ်ဆလင် သူပုန် အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက် ကတ်သလစ် ဘာသာဝင်တွေနေ ထိုင်ရာနယ်မြေတွေကို မွတ်ဆလင်သူပုန်တွေက နယ်မြေခွဲခြားရယူနိုင်ဖို့ အတွက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးခဲ့တာဖြစ်ပြီး အစိုးရဘက်မှ မွတ်ဆလင်သူပုန်တွေကို   ပြတ်ပြတ်သားသား   နှိမ်နှင်းခဲ့တာဖြစ်ပါတယ် ။ ဇမ်ဘိုအန်ဂါ ရဲ့ ကမ်းရိုးတန်း ရွှာနှစ်ရွှာမှာလည်း သူပုန်တွေနဲ့အစိုးရတပ်တွေမြေပြင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေတယ် လို့ အစိုးရစစ်တပ် က ပြောကြားပါတယ် ။ အစိုးရဘက်က စစ်သား ၃၀၀၀ ကျော်နဲ့ ဇမ်ဘိုအန်ဂါတ၀ိုက်ကို ပိတ်ဆို့ဝိုင်း ရံနေပြီး သူပုန်အင်အား ၁၀၀ ဟာ ပိတ်မိနေပြီး အရပ်သားတွေကို ဓါးစာခံအဖြစ်အသုံးပြုနေ ပါတယ်။၁၅ ရက်နေ့ကလည်း သူပုန်တွေဟာ လက်နက်ချ အညံခံပြီး အရပ်သားတွေပုံစံ ဟန်ဆောင်ပြီး ထွက်ပြေးဖို့လုပ်နေရာ အစိုးရစစ်တပ်က ဖမ်းမိခဲ့သလို သူပုန်တွေ ဆုတ်ခွါ မယ့်လမ်းကြောင်းတွေကိုလည်း ပိတ်ထားပြိးဖြစ်ပါတယ်။ဒီတိုက်ပွဲအတွင်း သူပုန် ၅၁ ယောက် သေဆုံးသွားပြီလို့ အစိုးရစစ်တပ်က ဗိုလ်မှူးကြီးတစ်ဦးကပြောဆိုပါတယ်။
မြန်မာပြည်သား

No comments:

Post a Comment