Saturday, September 14, 2013

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် KNU နှင့် RCSS သဘောတူ

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်
စဲရေး လက်မှတ်ရေးထိုးရန် ကရင်
အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး
 ကောင်စီ RCSS/SSA က လက် 
မှတ်ရေးထိုးရန် မူအားဖြင့် သဘောတူကြောင်း မြန်မာငြိမ်း
ချမ်းရေး စင်တာမှ
အကြီးတန်းအကြံပေးတစ်ဦးက ပြောကြားသည်။
စက်တင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်တို့တွင် ရန်ကုန်ရှိ မြန်မာငြိမ်းချမ်းရေး စင်တာ အဆောက်အအုံတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၏ ငြိမ်းချမ်းရေး နည်းပညာ အထောက်အကူပြုအဖွဲ့နှင့် KNU/RCSS အဖွဲ့တို့၏ ငြိမ်းချမ်းရေးနည်းပညာ အထောက်အ ကူပြုအဖွဲတို့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အတွက် အကြို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ၄င်းကဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် အချက်အလက်အချို့ကို သဘောတူညီခဲ့ကြောင်း ၄င်းက ဆက် လက် ပြောကြားသည်။
"နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ဘယ်လိုပုံစံ လုပ်မယ်ဆိုတာ ဆွေးနွေးတာပါ" ဟု ၄င်းက ဆက်လက် ပြောကြားသည်။
KNU နှင့် RCSS အဖွဲ့တို့သည် သြဂုတ်လ ၃၁ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နှင့် သွားရောက် တွေ့ဆုံထားသည်။
စက်တင်ဘာလ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် အစိုးရနှင့် ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့၏ ဆွေးနွေးပွဲ တွင် UNFC က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူ အချို့ကို သဘောမတူကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

No comments:

Post a Comment