Wednesday, September 18, 2013

ကရင်ပြည်နယ်တွင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး ရောင်းသူများကို ဖမ်းမိ

ကရင်ပြည်နယ်ရှိ မြို့နယ်နှစ်ခုတွင် လက်နက် ကိုင်ဆောင်၍ မူးယစ်ဆေးဝါး ရောင်းချသူများ ကို စက်တင်ဘာ ၁၄ ရက်တွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း အဖွဲ့များကဖမ်းဆီးရမိခဲ့ကြောင်းရန်ကုန်
တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းသို့ ရောင်းချသူများကို ကရင်ပြည်နယ်ရှိ ကျုံဒုံးမြို့နှင့် ဘားအံမြို့နယ်တို့တွင် ဖမ်းဆီးရ
မိခြင်း  ဖြစ် သည်။
ကျူံဒိုးမြို့နယ်၊ အမှတ် (၂)ရပ်ကွက်နေ လေးလူ (ခ)ဥာဏ်ထွန်းကို ယင်းနေ့ ၁၀ နာရီခွဲ၌ ၎င်း၏နေ အိမ်တွင် အိတ်ဆောင်ပစ္စတိုတစ်လက်၊ အနက်ရောင် ချိုင်းစလွယ် သေနတ်အိတ် တစ်ခု၊ သေ နတ်ကျည်ဘောက်တစ်ခု၊ ၂.၅ Auto ကျည်ငါးတောင့်၊ WY စာတမ်းပါ အုတ်ခဲရောင် စိတ်ကြွဆေးပြား ၁၇၆ ပြား၊ WY စာတမ်းပါ အစိမ်းရောင်တစ်ပြား အလေးချိန် (၁၇.၇) ဂရမ်၊ နိုကီရာ ဖုန်းတစ်လုံး၊ စကားပြောစက် တစ်လုံး၊ ချီကာဂို တံဆိပ်ပါ လက်ထိပ်တစ်စုံနှင့် အားသွင်းခုံတစ်ခုတို့ ဖမ်းဆီးရမိကြောင်း သိရပြီး ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြား တန်ဖိုးငွေ စုစုပေါင်းမှာ ကျပ်ခုနစ်သိန်းရှစ်ထောင်ရှိကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျုံဒုံးနယ်မြေ ရဲစခန်းမှ မယ(ပ) ၃/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၂(ခ)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

အလားတူ ယင်းနေ့နံနက်ပိုင်း၌ ဘားအံမြို့နယ်၊ အိန္ဒူကျေးရွာတွင် မနန်းဖော်ထွန့် (၃၀)နှစ် နေအိမ်အား ကရင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့က ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၂၆ ပြား၊ အလေးချိန် (၂၆.၆) ဂရမ်၊ မူးယစ်ဆေးဝါး ရောင်းရငွေ ကျပ်နှစ်သိန်း တစ်သောင်းနှင့်အတူ လာရောက်ဝယ်ယူသူ နှစ်ဦးတို့ကို ဖမ်းဆီးရမိကြောင်း သိရပြီး ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြား တန်ဖိုးငွေ စုစုပေါင်းမှာ ကျပ်ကိုးသိန်းသုံးသောင်းတစ်ထောင်ရှိကြောင်း သိရသည်။ ယင်းသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မနန်းဖော်ထွန့်ပါ သုံးဦးကို အိန္ဒူရဲစခန်းက မယ (ပ)၁၅/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

ယင်းသို့ အိမ်ကိုထပ်မံ ရှာဖွေနေစဉ် တစ်ရွာတည်းနေ ဦးမုနိန် (၄၂) နှစ်သည် ဆိုင်ကယ်တစ်စီးဖြင့် မူးယစ်ဆေးဝါး လာဝယ်၍ ရဲတပ်ဖွဲ့က ၎င်းအားရှာဖွေခဲ့ရာ ၉ မမ ကျည်ခြောက်ထောင့် ထည့်ထားသည့် တရုတ်နိုင်ငံလုပ် ပစ္စတိုတစ်လက်နှင့် ပွိုင့် ၂၂ ကျည်လေးတောင့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး ၎င်းကိုနယ်မြေခံ ရဲစခန်းမှ (ပ) ၄၂/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

(သက်ဆိုင်ရာက ဖမ်းဆီးရမိသည့် လက်နက်များနှင့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ ရဲတပ်ဖွဲ့))

No comments:

Post a Comment