Tuesday, September 17, 2013

မြန်မာယူ- ၁၉အမျိုးသမီးအသင်း နည်းပြချုပ် ရူဒီမင်ကော့ဗ်စကီးနှင့် တွေ့ဆုံခြင်း

မြန်မာအမျိုးသမီးတွေက ဘောလုံးပညာမနိမ့်ဘူး
၂၀၁၃ အာရှယူ-၁၉အမျိုးသမီး ဘောလုံးပြိုင်ပွဲခြေစစ်ပွဲ အောင်မြင်ထားပြီးနောက်ဆုံးအဆင့်ပြိုင်ပွဲ ကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရထားတဲ့ မြန်မာယူ- ၁၉ အမျိုးသမီးအသင်းအတွက် ဘူလ်ဂေးရီယား လူမျိုးနည်းပြ ရူဒီမင်ကော့ဗ်စကီးကို နည်းပြချုပ်အဖြစ် ဘောလုံးအဖွဲ့ချုပ်က ငှားရမ်းခဲ့ပါတယ်။ ရူဒီဟာမြန်မာ့ဘော လုံးလောကနဲ့ မစိမ်းတဲ့နည်းပြ တစ်ဦးဖြစ်ပြီး မြန်မာယူ၁၉အမျိုးသား ဘောလုံး အသင်း၊ မြန်မာနေရှင်နယ်လိဂ်ကလပ်တွေဖြစ်တဲ့ရက္ခပူရယူနိုက်တက်(ယခုရခိုင်ယူနိုက်တက်)၊   နေပြည်တော်အသင်းတို့ကို နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့ ဖူးပါတယ်။
ဒါကြောင့်အာရှယူ- ၁၉ချန်ပီယံရှစ်ကိုဝင်ပြိုင်ခွင့်ရတဲ့ တစ်သင်းထဲသော အာဆီယံအသင်းဖြစ် တဲ့မြန်မာ ယူ-၁၉ အသင်းရဲ့နည်းပြချုပ် အသစ်ရူဒီမင်ကော့ဗ်စကီးကို တွေ့ဆုံပြီး မြန်မာ ကစား သမားတွေအပေါ်ထား တဲ့သူ့ရဲ့ အမြင်နဲ့ ပြင်ဆင်မှုအခြေအနေတွေကိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့တာပါ။

မြန်မာနိုင်ငံက ပြန်လည်ကြိုဆိုပါတယ် ရူဒီရေ။ခင်ဗျားဒီနိုင်ငံကို ပြန်လာရတာ ဘယ်လိုခံစားရလဲ။

ကျွန်တော်ဒီနိုင်ငံမှာ အလုပ်လုပ်ရတာပျော်ပါတယ်။ ဒါကြောင့် အဖွဲ့ချုပ်က ကမ်းလှမ်းလာတော့ ချက်ချင်း လက်ခံ ခဲ့တာပါ။ မြန်မာနိုင်ငံကို ပြန်လာရတဲ့အတွက် ၀မ်းသာပျော်ရွှင်မိပါတယ်။
ခင်ဗျားကအမျိုးသားအသင်းတွေကိုပဲ ကိုင်တွယ်ဖူးတဲ့နည်းပြ တစ်ဦးဆိုတော့ အခုအမျိုးသမီး အသင်းကို တာဝန်ယူရတာအခက်အခဲများ ရှိနိုင်မလား။
ကျွန်တော့်အတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုပဲ။ ဒါပေမဲ့ ကျွန်တော်ကဖီဖာ အသိအမှတ်ပြု လိုင်စင် ရထားတဲ့ ပရော်ဖက်ရှင်နယ်နည်းပြတစ်ဦးပါ။ ဒီအလုပ်ကို အောင်မြင်အောင်လုပ်နိုင်လိမ့်မယ် လို့ ယုံကြည်ပါ တယ်။
မြန်မာအမျိုးသမီးအသင်းကိုစပြီး တာဝန်ယူကိုင်တွယ်နေပြီဆိုတော့ မြန်မာအမျိုးသမီး ကစား သမားတွေရဲ့ ခြေစွမ်းကိုရော ဘယ်လိုမြင်လဲ။

ကျွန်တော်အသင်းကို စကိုင်တာနှစ်ပတ်ကျော်လောက်ပဲရှိသေးတယ်။ကစားသမားတွေအခြေအနေ ကို လေ့လာနေတုန်းပဲ။ဒါပေမဲ့ကျွန်တော်သတိထားမိတာတစ်ခုကတော့ မြန်မာကစားသမားတွေရဲ့   ခြေ စွမ်းနဲ့ ဘောလုံးပညာကမျှော်လင့်ထားတာထက်အများကြီး ပိုကောင်းနေတယ်။ မြန်မာ အမျိုးသမီးတွေရဲ့ ဘောလုံးပညာ မနိမ့်ဘူးဆိုတာ အာမခံ နိုင်တယ်။

လာမယ့် အာရှချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်း အောင်မြင်နိုင်ပါ့မလား။

ကျွန်တော်တို့ ပြိုင်ရမှာ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်စတဲ့အင်အားကြီး နိုင်ငံတွေလေ။ သူတို့ကို မီဖို့ မလွယ်ပေမယ့် ဒါကအဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းတွေရနိုင်တယ်။ အနာ ဂတ်မှာ ဒီအသင်းတွေကို ယှဉ်ကစားနိုင်တဲ့ အဆင့်ရောက်လာမှာပါ။
မြန်မာနိုင်ငံမှာ အမျိုးသမီးပရော်ဖက်ရှင် နယ်လိဂ်ပြိုင်ပွဲ ရှိသင့်နေပြီလား။

အမှန်အတိုင်းပြောရရင် အမျိုးသမီး ပရော်ဖက်ရှင်နယ်လိဂ် လုပ်ဖို့ကမလွယ်ဘူး။ ဥရောပနိုင် ငံတွေ မှာတောင် နိုင်ငံ တိုင်းမှာ အမျိုးသမီးပရော်ဖက်ရှင်နယ်လိဂ် မရှိသေးဘူး။ ဒီမှာက မြန်မာနေ ရှင်နယ် လိဂ်တောင် ကြိုးစားရပ်တည်နေရတာ။ ဒါပေမဲ့ အမျိုးသမီးပြိုင်ပွဲတွေကိုတော့ လုပ် သင့်တယ်ထင်တယ်။ ဒါမှပြိုင်ပွဲမပြတ်ပဲ မျိုးဆက်သစ် ကစားသမားတွေလည်း ပေါ်လာနိုင်မှာပါ။

မြန်မာအမျိုးသမီးယူ- ၁၉အသင်းကို ခင်ဗျား ဘယ်လောက်အထိ အောင်မြင်အောင် စွမ်းဆောင်
ပေးနိုင်မလဲ။


ကျွန်တော်အသင်းကို ကိုင်တွယ်တာသိပ်မကြာသေးဘူး။ ကျွန်တော့်မှာ နှစ်ရှည်စီမံကိန်းတွေ ရှိ တယ်။  တစ်နှစ်အတွင်း တိုးတက်လာစေရမယ်လို့ အာမခံပါတယ်။

No comments:

Post a Comment