Tuesday, September 24, 2013

Satellite အင်တာနက်စနစ် အသုံးပြုရန်အတွက် ပြည်ပဆက်သွယ်ရေး ဌာနတွင် လျှောက်ထားနိုင်

ပြည်တွင်းအင်တာနက် ဝန်ဆောင်မှုများ၌
 Satellite ဝန်ဆောင်မှုကို အသုံးပြု
လိုပါက ပြည်ပဆက်သွယ်ရေး ဌာနတွင်
 လျှောက်ထားနိုင်ကြောင်း မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်း၊ အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ပြောသည်။ နိုင်ငံပိုင် သတင်းစာနှင့် တွေ့ဆုံမေးမြန်းရာတွင် အထက်ပါအချက်ကို ထည့်သွင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ Satellite အင်တာနက်စနစ်အတွက် အင်ဂျင်နီယာချုပ်၊ ပြည်ပဆက်သွယ်ရေးဌာနတွင် လျှောက်ထားနိုင်ကြောင်း၊ အခြားစနစ်များဖြစ်သည့် E1, Fiber, ADSL စနစ်များကို အင်ဂျင်နီယာချုပ်၊ သတင်းအချက်အလက် နည်းပညာဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်မန်နေဂျာများထံသို့ လိပ်မူပြီး လျှောက်ထားနိုင်သည်ဟု ဆိုသည်။ မိုဘိုင်းအင်တာနက် စနစ်အတွက် အင်ဂျင်နီယာချုပ်၊ မိုဘိုင်းဆက်သွယ်ရေး ဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် မန်နေဂျာရုံးများတွင် လျှောက်ထား နိုင်ကြောင်း သိရသည်။ ပြည်တွင်း၌ E1, Fiber, ADSL, Wireless Broadband Satellite နှင့် မိုဘိုင်း အင်တာနက် စနစ်များကို အသုံးပြုလျက်ရှိသည်။ Satellite အသုံးပြုရန်အတွက် အမြန်နှုန်း 128 Kbps မှ 1 Mbps အထိ ရရှိမည်ဟု ဆိုသည်။ လက်ရှိ အသုံးပြုမှု၌ မိုဘိုင်းအင်တာနက်စနစ်ကို အသုံးပြုမှု အများဆုံး ဖြစ်ကြောင်း CDMA 450 MHz မိုဘိုင်းဖုန်းမှလွဲ၍ ကျန်မိုဘိုင်းဖုန်းများတွင် အင်တာနက်စနစ် အသုံးပြု နိုင်ကြောင်း သိရသည်။ လက်ရှိ GSM နှင့် WCDMA မိုဘိုင်းအင်တာနက်အတွက် Short Message Service (SMS) မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ အင်တာနက်စနစ် ဝန်ဆောင်မှု စတင်ပေးစဉ် ကာလတွင် တယ်လီဖုန်းလိုင်းပေါ်မှ ချိတ်ဆက် အသုံးပြုရသည့် Dial Up စနစ်ကို အသုံးပြုခဲ့ကြောင်း၊ တယ်လီဖုန်းလိုင်းအပေါ်တွင် Dial Up စနစ်ကို အမြင့်ဆုံး အသုံးပြုနိုင်သည့် 64 Kbps အမြန်နှုန်းကိုသာ အသုံးပြုနိုင်ခဲ့သည်

No comments:

Post a Comment