Friday, September 20, 2013

ဒေသခံ ပြည်သူ ၂ ဦးKIAအဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိ ပေါက်ကွဲပြီး ဒဏ်ရာရရှိ

၂၀၁၃ ခုနှစ် စက်တင်ဘာ လ ၁၇ ရက်နေ့ 
ညနေ ၅ နာရီ အချိန်ခန့် တွင် ဖားကန့်မြို့နယ်၊
 တံ ဆီး ကျေးရွာမှ ဒေါ်လုတောင် ( ၆၀ )နှစ် နှင့်
 ဒေါ်အင်ဂျာ ကော့တောင် ( ၅၅ ) နှစ်တို့ နှစ်ဦး 
သည် မျှစ်ချိုး ရန် ဥရုချောင်း အရှေ့ဘက် ကမ်း
 ပွိုင့် - ၅၀၁ တောင်ကုန်း အနီး သို့ ရောက်ရှိ စဉ်
 ကေ အိုင်အေ ( ကချင် ) အဖွဲ့မှ ထောင်ထား သည့်
 ဒေသန္တရ နင်းမိုင်း ဟောင်း တစ်လုံး နင်း မိ ပေါက် ကွဲ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရ သည်။
မိုင်း ပေါက်ကွဲ မှု ကြောင့် ဒေါ်လုတောင် ၏ ဘယ် ခြေသလုံး အရိုးကျိုး၊ ဘယ် / ညာ ခြေသလုံး ကြွက်သား မိုင်းစ ထိမှန်
ဒဏ်ရာ နှင့် ဒေါ်အင်ဂျာ ကော့တောင် ၏ ညာခြေ သလုံး အရိုးကျိုး၊ ဘယ် / ညာ ခြေသလုံး ကြွက်သား မိုင်းစ ထိမှန် ဒဏ်ရာ တို့ ရရှိခဲ့ သဖြင့် နယ်မြေခံ တပ်နယ် မှ ဆေး တပ်ဖွဲ့ဖြင့် လိုအပ်သော ဆေးဝါး ကုသမှု ပြုလုပ် ၍ တံဆီး ကျေးရွာ ရှိ မော်တော်ယာဉ် ၂ စီးဖြင့် လုံးခင်း တိုက်နယ် ဆေးရုံ သို့ ပို့ဆောင် ပေးခဲ့ပြီး ဆေးရုံမှ လိုအပ်သော ဆေးဝါး ကုသမှု ပြု လုပ်ေ ပး ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ တွင် မြစ်ကြီးနား အထွေထွေ ရောဂါကု ဆေးရုံကြီး သို့ ဆက်လ က် လွှဲပြောင်း ကုသမှု ခံယူ စေ ခဲ့ကြောင်း သိရပါသည်။ မိုင်းစ ထိမှန် ဒဏ်ရာရ ရရှိခဲ့သူ လူနာ ၂ ဦးအား နယ်မြေခံ တပ်နယ် မှ လူနာ တစ်ဦး လျှင် ၅၀၀၀၀ိ ကျပ်စီ ကူညီ ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရပါသည်။



No comments:

Post a Comment