Monday, September 30, 2013

နိုင်ငံတကာရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေများကို အွန်လိုင်းတွင် တနေရာတည်း၌ ဖတ်နိုင်တော့မည်

အင်တာနက် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် 
Google သည် ကမ္ဘာ့နိုင်ငံ များ၏ ပဋိပက္ခ
များနှင့် နိုင်ငံရေးပြဿနာ များကို လွယ်
ကူစွာ ဖြေရှင်းနိုင်ရန် ရည်စူးပြီး ဖွဲ့စည်းပုံ 
အခြေခံဥပဒေ များကို အွန်လိုင်းတွင် တစ်နေ
ရာတည်း၌ စုံလင်စွာ ရယူဖတ်ရှုနိုင် ရန်
 စီစဉ်ပေးထားကြောင်း AFP သတင်း တွင်
 ရေးသားထားသည်။ နိုင်ငံတကာ ဖွဲ့စည်းပုံ 
အခြေခံဥပဒေ ပေါင်းစုံကို Google သည် 
www.constituteproject.org ဆိုသည့် Website အသစ်တစ်ခု ဖွင့်လှစ်ကာ စီစဉ်ပေးထားခြင်း ဖြစ် သည်။အွန်လိုင်းတွင် ထိုသို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများကို စုစည်းပေး ထားရခြင်းသည် နိုင်ငံ တကာအစိုးရ များအနေနှင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် မည်သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ များကို ရေးဆွဲ ပေးထားကြောင်းကို တစ်နေရာတည်းတွင် လေ့လာနိုင်စေရန် ရည်ရွယ်ပြုလုပ် ထားခြင်း ဖြစ်ကြောင်း Google Ideas ဒါရိုက်တာ ဂျရတ်ခိုဟင်က ပြောကြားသည်။
ထို Website ကို CCP (Comparative Constitutions Project) အနေနှင့် ပညာရပ်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ က  တာဝန်ယူပြီး စီစဉ်ရေးဆွဲပေးထားခြင်း ဖြစ်သည်။ ကမ္ဘာတစ်လွှားရှိ နိုင်ငံတိုင်းတွင် တစ်နှစ် လျှင် ပျမ်းမျှဥပဒေမူကြမ်း ၅ ခုမှ ၇ ခုအတွင်း ချမှတ်ရေးဆွဲလေ့ ရှိကြောင်း ခိုဟန်က ထောက်ပြ ထားသည်။ ယခုထွက်ရှိလာသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအွန်လိုင်း Website နှင့်ပတ်သက်ပြီး တူနီးရှားနိုင်ငံ သမ္မတ မွန်ကာ့ဖ်မာဇိုကီက လည်း မိမိတို့လို ၂၀၁၁ ခုနှစ် တော်လှန်ရေးကာလ ပြီးကတည်းက ဖွဲ့စည်းပုံ ရေးဆွဲရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ပြင်ဆင်နေရ သည့် နိုင် ငံများအနေနှင့် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း၊ မိမိအနေနှင့် ယခုလို ဆောင်ရွက်ပေး ထားမှုကို အထူး စိတ်ဝင်စားကြောင်း၊ နိုင်ငံများအတွက် အလွန် အသုံးဝင်နိုင်သည့် Website ဖြစ် ပါကြောင်း ချီးကျူးပြောကြားခဲ့သည်။
ထို Website တွင် နိုင်ငံတကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများကို နိုင်ငံအလိုက်၊ ခုနှစ်အလိုက် ရှာနိုင်ပြီး အခြားသိမှတ်စရာ များအနေနှင့် နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံခြားရေး မူဝါဒ၊ တရားစီရင်ရေးနှင့် အာ ဏာ စသည့် အခန်းများကိုလည်း ထည့်သွင်းစီစဉ် ထားကြောင်း AFP သတင်းတွင် ဖော်ပြထား သည်။

No comments:

Post a Comment