Friday, September 27, 2013

စစ်တပ်က ပြည်သူကို ကူညီချိန် မီဒီယာသမားက ပြည်သူကို ဒုက္ခပေး

အရင်သတင်းတွေမှာ တွေ့ တာတော့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်လှေစီးတယ် ဟုဆို ကာ ဓါတ်ပုံတွေထွက်လာခဲ့ပါတယ်။ဒီတစ်ခေါက်ကတော့ လှေစီးတဲ့ မီဒီယာသမားတွေ အလှည့်ပါ။
တပ်မတော်သားများကတော့ ရေလည်ပင်းနီးပါး အနစ်ခံကာကယ်ဆယ်ရေးတွေ လုပ်နေကြပေ မယ့် စတုတ္ထမဏ္ဍိုင်ခေါ် မီဒီယာသမားများကတော့ လှေပေါ်မှ ဇိမ်ကျကာ ရိုက်ထားတဲ့ ပုံတွေ ကို အမှန်အကန် ကြည့်နေလေရဲ့ ။
သို့ ပေမယ့် သူ့ ရှေ့ မှာဒုက္ခခံကူညီနေကြတဲ့ တပ်မတော်သားတွေရဲ့ ပုံများကတော့ ပေါ်ထွက် လာခြင်းမရှိခဲ့ပေ။သို့ ပေမယ့် စိတ်ပျက်ငြီးငြူခြင်းအလျင်းမရှိဘဲ ပြည်သူ့ အတွက် စိတ်ရင်းစေ တနာ အမှန်နဲ့ ကူညီနေကြတဲ့ တပ်မတော်သားတွေကိုတော့ အင်မတန်လေးစားမိပါဘိ။
အော...ကျနော်တို့ မြန်မာနိုင်ငံက အစိုးရဘာလုပ်လုပ် အမှားလိုက်ရှာတတ်ကြတဲ့ စတုတ္ထမဏ္ဍိုင် မီဒီယာသမားဆိုသူတွေကဒါမျိုးလေလား။
 

No comments:

Post a Comment