Saturday, September 28, 2013

ဒီမိုကရေစီက အရေးအကြီးဆုံးဟု ဒေါ်စု ပြောနေသော်လည်း ငါးပိက ဒီမိုကရေစီထက် အခြေခံကျကြောင်း မိုးသီးဇွန် တုန့်ပြန်

မြန်မာ့လူ့အဖွဲ့အစည်းအတွက် ငါးပိဟာ ဒီမိုကရေစီထက်အခြေခံကျသောကြောင့် ငါးပိထဲတွင် ဓာတ်မြေသြဇာများပါဝင်နေမှုကို ရပ်တန့်နိုင်ရန် အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း ဦးမိုးသီးဇွန် ကပြောသည်။


“ငါးပိလောက်အခြေခံကျတဲ့အရာမရှိဘူး။ ဒီမိုကရေစီထက်တောင် ငါးပိက အခြေခံကျတယ်၊ ဗမာ့ လူ့အဖွဲ့အစည်းအတွက်။ အဲဒီတော့ ငါးပိကိစ္စကို ဖြေရှင်းဖို့လိုတာပေါ့” ဟု ၎င်းက ယခုလ ၂၁ ရက်က ရန်ကုန်မြို့၌ မော်ကွန်းမဂ္ဂဇင်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာများထည့်သွင်းအသုံးပြုနေကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်းက သြဂုတ်လအတွင်းကထုတ်ပြန်ခဲသည်။ ဈေးကွက်သို့ အမြန်တင်ပို့နိုင်ရန် ငါးများ အလျင်အမြန်အရိုးဆွေးပြီး နူးလာစေရန် ငါးပိသိပ်ရာတွင် ယူရီးယားထည့် သွင်းခြင်းဖြစ်ေ ကြာင်း ၎င်း အသင်းကဆိုသည်။
၈၈ မျိုးဆက်များနှင့် နိုင်ငံတော်သမ္မတတို့ ပြီးခဲ့သည့် ရက်သတ္တပတ်က တွေ့ဆုံခဲ့ပြီး တူညီသည်များ တွဲလုပ်မည်ဟု ဆိုသောကြောင့်“ သမ္မတလည်း ငါးပိစားတာပဲ၊ ၈၈ တွေလည်း ငါးပိစားတာပဲ။ ငါးပိ ထဲမှာ ဓါတ်မြေသြဇာတွေပါနေတော့ မပါအောင်လုပ်ဖို့က ၈၈ ရော သမ္မတရော တူမနေဘူးလား။ ဒါအရေးအကြီးအလုပ်ပဲ” ဟု ယခင်လူ့ဘောင်သစ်ပါတီတည်ထောင်ခဲ့သူ  ဦးမိုးသီးဇွန်က မှတ်ချက်ြ ပု သည်။           ။

.. www.MyanmarExpress.net

No comments:

Post a Comment