Monday, September 16, 2013

ဆီးဂိမ်းတွင် သတင်းရယူလိုသည့် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များ သတင်းရယူခွင့် လျှောက်ထားနိုင်

(၂၇)ကြိမ်မြောက် အရှေ့တောင်
အာရှ အားကစားပြိုင်ပွဲ 
(27th SEA Games) အား ၂ဝ၁၃ 
ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ယင်းအားကစားပြိုင်ပွဲတွင် သတင်းရယူလိုသည့် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များသည် 27th SEA Games Accreditation နှင့် ပတ်သက်သော အချက်အလက်များ အား Website လိပ်စာ www.27seagames2013.com တွင် ဝင်ရောက် ကြည့်ရှုနို င်ကြောင်းနှင့် Accreditation Form များအား ယင်း Website တွင်လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး  ဌာန Website ဖြစ်သည့် www.moi.gov.mm မှ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း Web Portal တွင်လည်းကောင်း Download ဆွဲ၍ ရယူနိုင်ကြောင်း သိရသည်။ အဆိုပါ Accreditation Form များအား ဖြည့်စွက်ပြီးပါက ယင်းဖြည့်စွက်ပြီး Form နှင့်အတူ သက်ဆိုင်ရာ မိခင်သတင်းဌာနများ ၏ ထောက်ခံချက်ကို ပူးတွဲ၍ အီးမေးလ်လိပ်စာ Myanmarmpc@gmail.com သို့ စက်တင်ဘာလ (၂၅) ရက် နောက်ဆုံးထား၍ ပေးပို့ကြရမည် ဖြစ်ကြောင်းနှင့် မရှင်းလင်းသည်များ၊ သိလိုသည်များရှိပါက ယင်းအီးမေးလ်သို့ပင် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။
From: ခေတ်လူငယ်

No comments:

Post a Comment